“အနာဂတ် ဒီမိုကရေစီနိုင်ငံတော်အတွက် အစွန်းမရောက်ပဲ ကာကွယ်ကြပါစို့”

ပထမဦးဆုံး ရခိုင်တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး နည်းနည်း ပြောကြည့်ချင်တယ်ဗျာ။ ကျနော်မှာ ရခိုင်သူငယ်ချင်းတွေများပါတယ်။ အဲဒီတော့ ရခိုင်တိုင်းရင်းသားတွေ အကြောင်းသိခွင့်ရထားပါတယ်။ သူတို့တွေဟာ အလုပ်ကြိုးစားတာရော မိဘတို့ အိမ်ထောင်ဘက် အပေါ်ကောင်းတာတွေ အပေါင်းအသင်းပေါ်ကောင်းတာတွေ၊ အမျိုးကိုစောင့်ရှောက်တာတွေဟာ ဗမာလူမျိုးတွေထက်သာပါတယ်။ ဒီနေရာမှာ ပြောချင်တာက
Read the rest of this entry »

Happy Birthday Mr. President~! We all love you forever~!

ဂျပန်-မြန်မာ ဆက်ဆံရေးသစ် အရေးကြီးသည်

ယခုလတ်တလော ဂျပန်ရောက် မြန်မာလူမျိုးများကြားတွင် လ၀ကမှ ပြန်လွှတ်မည်ဆိုပြီး

ယခုလတ်တလော ဂျပန်ရောက် မြန်မာလူမျိုးများကြားတွင် လ၀ကမှ ပြန်လွှတ်မည်ဆိုပြီး

တဆင့်စကားတဆင့်နားဖြင့် ပြောဆိုနေကြပါသည်။ သို့ရာတွင် နိုင်ငံတကာ Refugee Act
နှင့် တခြား laws တွေကို သိရှိထားသင့်ပါသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီရတော့ မည် ၊ မရသေးသည် ထက် မိမိ၏ လုပ်ဆောင်ချက်သာလျှင်
အရေးကြီးပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ အပြောင်းအလဲနှင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးတိုင်း
မိမိသည်ပြန်ရမည် ဆိုသည် မှာ ဖြစ်နိုင်ခြေ ရှိသည် ၊ မရှိသည်ကို ဆုံးဖြတ်ပါ။

ပြန်သည်မပြန်သည်ဆိုသည်မှာ မိမိနှင့် သာသက်ဆိုင်ပါသည်။ မြန်မာနိုင်ငံတွင် မည်သူ အုပ်ချုပ်သည်နှင့်
မသက်ဆိုင်ပါ။

ဒီမိုကရေစီပဲဖြစ်ဖြစ်၊ ဆိုရှယ်လစ်ပဲဖြစ်ဖြစ်၊ မည်သည်နှိင်ငံမဆို နိုင်ငံရေးသမား၊ တိုင်းပြည်ကို မကြိုက်
သောကြောင့် စွင့်ခွာသူများရှိပါသည်။ ယိုဒယားနိုင်ငံမှာ သက်ဆင်သည်လည်း England တွင် Political Asylum ခံခဲ့သူ
ဖြစ်ပါသည်။

သို့ဖြစ်ရာ မိမိပြန်ရမည်ကို ကြောက်သောကြောင့် ဒီမိုကရေစီစနစ်ကို ရရှိမည်၊ မရရှိသည်ကို တွေးပြီး
မကြောက်သင့်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံပြီး၊ ဒီမိုကရေစီရရှိသွားသည်တိုင်၊
မပြန်နိုင်သော အကြောင်းရှိလျှင် ပြန်စရာမလိုပါ။ သွေးတိုးစမ်းစကားများကို မယုံသင့်ပါ။

မိမိပြန်ရမည်ကို ကြောက်သောကြောင့် လက်ရှိပြောင်းလဲမှူများကိုလည်း၊ ကန့်ကွက်ရန်မလိုပါ။

ပြန်ခိုင်းလျှင်လည်း၊ ဒီတိုင်းပြန်ခိုင်းမည်ဆိုသည်မှာဖြစ်နိုင်ချေမရှိပါ။ အားလုံးကို စီစဉ်ပေးပြီးမှ
ပြန်ခိုင်းမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ အားလုံးစိတ်မပူပင်ကြပဲ၊ လက်ရှိ မြန်မာနိုင်ငံအနေအထားကို
ကြိုဆိုကြပြီး၊ စိတ်ချမ်းသာစွာဖြင့် နေထိုင်နိုင်ပါစေရန် ဆုတောင်းလျှက်။

အားလုံးကိုလေးစားစွာဖြင့် ။

ဝိုင်းဝန်းဆွေးနွေးကြပါစို့။

New Burma Media

Comment: ကျနော်လဲ ဒီသဘောမျိုးပါပဲ။ တိုင်းပြည်ကောင်းတဲ့ဖက် ပြောင်းနေတယ်ဆိုရင် အပေါ်ယံပဲဖြစ်ဖြစ် အတွင်းကျကျပဲဖြစ်ဖြစ် အားပေးသင့်တယ်။ တကယ်လို့ အခုပြောင်းလဲမှုဟာ အပေါ်ယံဆိုရင်လဲ ထဲထဲဝင်ဝင်ပြောင်းအောင် အားပေးရမယ်၊ တွန်းရမယ်။ ကဇျက်ယဖျက်ပြောတာကတော့ သဲထဲရေသွန်သလိုပါပဲ ဘာမှလဲ အရာထင်တာ မဟုတ်လို့ ဘာမှမပြောပဲ ငြိမ်ငြိမ်နေတာက ပိုကောင်းပါတယ်။ Nyunt Shwe  nyuntshwe@hotmail.com

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ ခေါင်းဆောင်ဆိုတာ ကျနော် အမြဲတမ်း ယုံကြည်ပါတယ်။

ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် အနာဂါတ်အတွက် မြန်မာနိုင်ငံတော်

မြန်မာနိုင်ငံတွင် ပြီးခဲ့တဲ့နှစ် (၇ရက်၊ ၁၁လ၊ ၂၀၁၀) မှာ ရွေးကောက်ပွဲကျင်းပပြီး (၃၀ရက်၊ ၃လ၊ ၂၀၁၁)မှာ စစ်အစိုးရရဲ့ တစ်ဦးတည်းပိုင် အာဏာရှင်စနစ်ကို အရပ်သားအစိုးရ အားလွဲအပ်ခဲ့ပါသည်။ ဒီလို အာဏာ ရှင်စနစ်မှ သမ္မတစနစ်သို့ ကူးပြောင်းခဲ့သော် လည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အားလုံးသိပြီးတဲ့ အတိုင်း မဲမသမာမှုက ၇၀% လောက်​ ရှိနေခဲ့ပါတယ်။
ရွေးကောက်ပွဲ အနိုင်ရသူများမှာ နအဖ တပ်ချုပ်ကြီးရဲ့ တပည့်တပန်းများသာ ဖြစ်ကြပြီး၊  သမ္မတနေရာမှ မြို့နယ်မှုးထိ အားလုံးလိုလို စစ်ဘက်မှအသွင်ပြောင်း ထားသူများသာဖြစ်ပါတယ်။ ဒါတွေကို သိရှိပြီးဖြစ်သော မြန်မာလူထုနှင့် ကျွန်တော်အပါအ၀င် လက်ရှိ သမ္မတ အစိုးရ မည်သို့စခန်းသွားကြဦးမည်ကို စောင့်ကြည့်ရုံ ပဲရှိပါတယ် လက်တလော အခြေအနေမှာ ကျွန်တော် တို့နိုင်ငံဟာ လက်ရှိအခြေအနေရ လုံခြုံမှုမရနိုင်သေးလို့ဖြစ်ပါတယ်။

မြန်မာပြည်သူတွေ လုံခြုံမှုကို လိုလားကြပါတယ်။ လွတ်လပ်မှု (လွတ်လပ်စွာ ပြောဆို၊ ရေးသား၊ ဖော်ပြ၊ ဝေဖန်၊ ထောက်ပြမှု စသည့်ဖြင့် မိမိတို့၏ ကံကြမ္မာ မိမိတို့ ဘာသာ သရုပ်ဖော်ချင်တယ် မိမိတို့ကို အုပ်ချုပ်မည့်သူကို (ခေါင်းဆောင်)ကို မိမိဘာသာ လွတ်လပ်စွာ ရွေးကောက်တင်မြှောက်ချင်တယ်။

ယခုအချိန်ထိ မြန်မာပြည်မှာ ပြည်တွင်းစစ်ဆင်နွဲနေ တုန်းပဲဖြစ်တာဟာ အရမ်းဝမ်းနည်းဖို့ ကောင်းပါ တယ်။ တိုင်းပြည်တိုးတက်ဖို့ ကြိုးစားနေတဲ့ နိုင်ငံ အတော်များများရဲ့ ခေါင်းဆောင်တွေ ဘာတွေလုပ် နေကြသလဲ ဆိုတာကို လက်ရှိ မြန်မာနိုင်ငံအစိုးရကို သိစေချင်ပါတယ်။ လက်ရှိအစိုးရ အနေဖြင့် တိုင်းရင်း သားပြည်သူလူထု၏ဆန္ဒအတိုင်း အမျိုးသား ရင်ကြား စေ့ရေးကို လက်တွေ့အကောင်အထည်ဖေါ်ပြီး၊ ဖွဲ့စည်း ပုံအခြေခံ ဥပဒေကို ပြန်လည်ပြင်ဆင်သင့် ပါတယ်။

တချိန်မှာ မြန်မာပြည်ဟာ အာရှမှာ ထိပ်တန်း နိုင်ငံ တစ်ခုပြန်ဖြစ်လာမှာ မြေကြီးလက်ခက် မလွဲနိုင်ဘူးလို့ ကျွန်တော်ပြောချင် ပါတယ်။ ကျွန်တော်တို့လို နိုင်ငံခြား ရောက် မြန်မာတွေဟာ သူများနိုင်ငံမှာ အလုပ်လုပ်ဖို့ ထက် ကိုယ်နိုင်ငံမှာပဲ အလုပ်လုပ်ချင်ကြပါတယ်။  ဒါပေမယ့် ဒါတွေဟာ  မြန်မာပြည်စနစ်ဆိုးရဲ့ အကျိုး ဆက်တွေကြောင့်ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာပြည်ကို အရမ်း တိုးတက်ချမ်းသာ စေချင်ပါတယ်။ ဒါဟာ အားငယ်မိခြင်း မဟုတ်ပဲ ဘယ်ကနေ ဘယ်လိုလုပ်ကြရမလဲ ဆိုတာကို စမ်းစစ်ကြည့်ကြစေခြင်ပါတယ်။ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အဆင်ပြေချောမွေ့ဖို့ဆိုရင်

၁) နိုင်ငံရဲ့ စီးပွားရေး၊ ဖွံ့ဖြိုးမှု၊ ဓနတောင့်တင်းမှု
၂) ပြည်ထောင်စုတိုင်းရင်းသားများ ညီညွတ်မှု
၃) ဒီမိုကရေစီနိုင်ငံရေးနှင့် အကျွမ်းတ၀င်ရှိမှု
၎) နိုင်ငံသား ပညာတတ်မှု၊ လူလတ်တန်းစားတည်ရှိမှု
၅) နိုင်ငံတကာနှင့် အဆက်အဆံရှိမှု အစရှိသည်တို့ ရှိမှသာလျှင် ဖြစ်ပါသည်။

ထိုကြောင့် ဒီမိုကရေစီ အပြောင်းအလဲဆိုသည်မှာ နေချင်းညချင်း စစ်အာဏာရှင်မှသည် ကြိုးကိုင် သမ္မတစနစ်သို့ ပြောင်းလဲပေးခဲ့ ရုံမျှဖြင့် မဖြစ်သေးပါ။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပြသခွင့်၊ နိုင်ငံရေးစုရုံး ဖွဲ့စည်းခွင့် တရားမျှတတဲ့ ဥပဒေသစ် နှင့် နိုင်ငံရေး နှင့် ပတ်သက်သော အကျဉ်းသား အားလုံးလွတ်ပေးမှု၊ ဒါတွေမလုပ်ရင် အသွင် ကူးပြောင်းရေး မဖြစ်နိုင်ပါဘူး။   မြန်မာပြည်ကိုချစ်တဲ့ မြန်မာပြည်သူတွေဘက်ကလည်း  ကိုယ်တက်နိုင်တဲ့နည်းလမ်းဖြင့်  ပြည်သူ့အကျိုးပြုမဲ့ လုပ်ဆောင်မှုတွေကို ကြိုးစားဖော်ဆောင်သွားနိုင်ပါစေ လို့ တိုက်တွန်းချင် ပါတယ်။

နေ၀န်းသစ် (New Burma)

စစ်မှန်သောဒီမိုကရေစီနိုင်ငံဆိုသည်မှာ…

 ဒီမိုကရေစီနိုင်ငံတစ်ခုကို လူအများ၏ အလိုဆန္ဒ အတိုင်း အုပ်ချုပ်သည် ဆိုရာ၌ မှန်ကန်သော ဥပဒေအတိုင်း အုပ်ချုပ်ခြင်းပင် ဖြစ်ပေသည်။ သို့သော် ဤဥပဒေသည် လူတစ်ဦး တစ်ယောက်တည်း၏ သဘောအတိုင်း ထင်သလို ပြုလုပ်ထားသော ဥပဒေလည်း မဟုတ်။ လူတစ်စု၏ စိတ်ကူးအတိုင်း တစ်ဘက်သတ် ပြုလုပ်ထားသော ဥပဒေလည်း မဟုတ်၊ တရားသဖြင့် နည်းလမ်းတကျ ဖွဲ့စည်းထား သော ဥပဒေပြု အဖွဲ့က တရားသဖြင့် နည်းလမ်းတကျ ပြုလုပ်သော ဥပဒေ ဖြစ်သင့်ပါသည်။ သို့ဖြစ်ရာ တရားသဖြင့် နည်းလမ်းတကျ ဖွဲ့စည်း ထားသော ဥပဒေပြုအဖွဲ့ဟု ဆိုရာ၌ နိုင်ငံသူနိုင်ငံသား လူအများက မိမိတို့ အလို အလျောက် လွတ်လွတ် လပ်လပ် ကြည်ကြည်ဖြူဖြူ မဲဆန္ဒများပေး၍ ရွေး ကောက်တင် မြှောက်လိုက်သော နိုင်ငံ၏ ကိုယ်စား လှယ်များသာ ပါဝင်သည့် ဥပဒေပြု အဖွဲ့ကို ဆိုလို ပါသည်။ ၁၉၉၀ရွေးကောက်ပွဲ၏ ရလာဒ်သည် ပြည်သူ များ၏ အမှန်တကယ် ဆန္ဒဖြစ်ခဲ့သော်လည်း၊ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်သုဆန္ဒအရ မဟုတ်ပဲနှင့် စစ်အာဏာရှင်တို့၏ အလိုကျ ဖန်တီးခဲ့သည်မှာ ပြည်သူအားလုံးမှ သိရှိပြီးဖြစ်ပါသည်။ သို့ရာတွင် ထိုနည်းလမ်းကို လက်မခံရင် ဘာမှမဖြစ်နိုင် သကဲ့သို့ ဖြစ်ပြီး၊ သို့မှသာ ဒီမိုကရေစီရမည်လားဟု မေးစရာပါ။

လက်ရှိ ဒီမိုကရေစီ ထွန်းကားသော နိုင်ငံတစ်ခုကို ကြည့်လျှင် အများနှင့် သက်ဆိုင်သည့် ကိစ္စဟူသမျှ တို့တွင် နိုင်ငံသူ နိုင်ငံသား လူအများ၏ အလိုဆန္ဒ အတိုင်း ဖြစ်အောင် စီမံဆောင်ရွက်ရပါသည်။  ဥပဒေပြု အဖွဲ့ကြီး ဖွဲ့စည်းရာ၌ သာလျှင် မဟုတ်၊ အခြားကိစ္စ အမြောက်အမြား၌လည်း လူအများကို မဲဆန္ဒများ ပေးစေ၍ လူအများ နှစ်သက်ရာ ကိုယ်စားလှယ် များကို မလိမ်ညာပဲ ရွေးကောက် တင်မြှောက် ခြင်းပြုရပါမည်။  မြန်မာစစ်ခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲ ကျင်းပပြီးတော့ ဒီမိုကရေစီနိုင်ငံ ထူထောင်ပေး မယ်လို့ ကတိပြုခဲ့ပါတယ်။ ဒီလိုမျိုး ဒီမိုကရေစီ အသွင်ကူးပြောင်းနိုင်ဖို့အတွက် တိုင်းပြည်ထဲ မှာ တရားမျှတမှုနဲ့ တာဝန်ခံမှုတို့ကို တည်ဆောက် နိုင်ဖို့လည်း အရေးကြီးပါသည်။ ထို့ကြောင့် နိုင်ငံတော်သမ္မတသစ် ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့သည် တရားမျှတမှုနှင့် စစ်မှန်သော ဒီမိုကရေစီစနစ်ကို ဖော်ဆောင် မည်လားဆိုသည်မှာ  အားလုံးက စောင့်ကြည့်နေ သောအချိန်ဖြစ်ပါသည်။

    ထို့ကြောင့် လက်ရှိမြန်မာနိုင်ငံ အစိုးရသစ်အနေဖြစ်  ပြည်တွင်းမှာရှိသော နိုင်ငံရေး အကျဉ်းသားများကို ခြွင်းချက်မရှိ အားလုံးကို လွှတ်ပေးပြီး တခြား လူ့အခွင့်အရေး ချိုးဖောက်မှု များကို မပြုလုပ်ခြင်း အားဖြင့် ပထမအဆင့် ပြည်သူလူထု၏ ယုံကြည်မှု ရရှိအောင် လုပ်ဆောင်သင့်ပါသည်။ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ဆွေးနွေးပွဲများ အထမြောက်အောင်မြင်စေရန်မှာ ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား ရဟန်းသံဃာ၊ ကျောင်းသား ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ ကိုလွှတ်ပေးရန်နှင့် တိုင်းရင်းသား လူမျိုးစုများ မပါဝင်ဘဲ ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်မည်မှာ မဖြစ်နိုင်ပါ။ ထိုအတူ ပြည်သူဆန္ဒနှင့်အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်များကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်သင့်သည်များကို အများဆန္ဒနှင့်အညီ ပြုပြင် ပြောင်းလဲသင့်ပါသည်။ ထို့မှသာလျှင် ပြည်သူမှလက်ခံသော အစိုးရဖြစ်လာမည်ဖြစ်ပါသည်။ ဒီမိုကရေစီရေးကို တကယ်ကူးပြောင်းတဲ့ နေရာမှာ ပညာရေးဟာလည်း အရေးကြီးပါသည်။ ဒါကြောင့် နိုင်ငံတော် အစိုးရသစ်ဟာ ပညာရေးနဲ့ ပတ်သက်တဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို ဖြေရှင်းပြီး သုတေသန လုပ်ငန်းတွေ လုပ်ကိုင်သွားရဖြစ်ပါသည်။
 
 အလားတူ မီဒီယာကဏ္ဍတွင်လည်း နိုင်ငံတော် အစိုးရသစ်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များနဲ့အညီ ဂျာနယ် မဂ္ဂဇင်းတွေမှာ လွတ်လပ်စွာ ဖော်ပြ ရေးသားခွင့်ကို အမှန်တကယ် ပေးထားရန် လိုအပ်ပြီး  နိုင်ငံတော် မီဒီယာ အနေနဲ့လည်း ယခင်နဲ့ မတူ သတင်း ရေးသားတင်ဆက်မှုတွေမှာ ပြည်သူဖက်မှ မှန်ကန် မြန်ဆန်စွာ ထုတ်ပြန်ပေးရမည် ဖြစ်ပါသည်။ မီဒီယာတွေဖက်မှလည်း ပြည်သူတွေ အပေါ် အသိပေးတဲ့နေရာမှာ မိမိထုတ်ပြန်တဲ့ သတင်းအဖြစ်အပျက်ဟာ သတင်းဦး၊ သတင်းထူး ဆိုပြီး သတင်းလက်ဦးမှု ရယူပြီး မမှန်မကန်သတင်း များကို ထုတ်ပြန်ခြင်းများကို မပြုလုပ်မိရန် သတိထား သင့်ပါသည်။ ထိုကြောင့် ဆန့်ကျင်ဘက်ပုဂ္ဂိုလ် အဖွဲ့အစည်းများက မည်သို့ပင် ဝေဖန်စေကာမူ မီဒီယာသမားများ အနေနဲ့ စာနယ်ဇင်းဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာပြီး နိုင်ငံနဲ့ ပြည်သူကို အကျိုးပြုစေမယ့် သတင်းများကိုသာ ရေးသားပြီး၊ မီဒီယာမဏ္ဍိုင်ကို မတိမ်းစောင်းရလေအောင် ထိန်းသိမ်းကြဖို့ လိုအပ် ပါသည်။ မြန်မာနိုင်ငံကို ကမ္ဘာအဆင့်မှီနိုင်ငံဖြစ်ရေး မှာ မီဒီယာ၏ကဏ္ဍမှာ အလွန်အရေးကြီး သည်ဖြစ်၍ မီဒီယာလွတ်လပ်ခွင့်သည်လည်း အမှန်တကယ်ရရှိပြီး မီဒီယာသမားများကို လွတ်လပ်စွာ သွားလားခွင့်ပြု ရမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ စစ်စစ်ဖြစ်ရေးမှာ အဖက်ဖက်မှ ပြည်စုံရန်လိုအပ်ပါသည်။ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ သွားနေသည်ဟု ဆိုယုံဖြစ် စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံတော်တစ် ဖြစ်မလာ နိုင်ပါ၊ နိုင်ငံတော် ခေါင်းဆောင်များ အနေဖြင့် မိမိတိုင်းပြည် လူမျိုးကို အမှန်တကယ် ချစ်မြတ် နိုးသင့်ပြီး တိုင်းပြည်နှင့်လူမျိုးအတွက် ဖေါ်ဆောင် လုပ်ဆောင်မှသာ ဖြစ်လာနိုင်ပါသည်။ အားလုံး ကောင်းစားရေးမူဝါဒ အတွက် ဖြစ်သင့်ပြီး၊ လူတစ်စု ကြီးပွားရေး ၀ါဒကိုစွန့်လွှတ်သင့်ပါသည်။ ကျနော်တို့မြန်မာနိုင်ငံသည် သယံဇာတပေါ ကြွယ်ဝပြီး သဘာဝအရင်းအမြစ်များဖြင့် ပြည့်စုံသော နိုင်ငံဖြစ်သည်မှာ အားလုံးသိရှိထားပြီးဖြစ်ပါသည်။ တချိန်က အာရှတွင် အောင်မြင်ခဲ့သော နိုင်ငံတစ်ခု လည်းဖြစ်ခဲ့ပါသည်။ ယနေ့အောင်မြင် နေသော စင်ကာပူနိုင်ငံမှပင် စံပြထားခဲ့ရပါသည်။ မဆလ  အစိုးရလက်ထက် အချိန်မှစက ဆက်လက် မအောင် မြင်ခဲ့ခြင်းမှာ အုပ်ချုပ်မှုအစိုးရ၏ တိုင်းပြည်အပေါ် လုပ်ဆောင်ပေးမှုများ မရှိခဲ့ခြင်း မိမိကောင်းစားရေးနှင့် မိမိနှင့်ပတ်သက်သည့် အသိုင်းအ၀ိုင်းများ ကောင်းစား ရေးကိုသာ ဦးတည်ခဲ့ခြင်း တို့ကြောင့် ဖြစ်ခဲ့ပါသည်။ ထိုကဲ့သို့ စိတ်ဓါတ်များ ဆက်လက်ရှိနေမည် ဆိုလျှင် မည်သို့မျှ တိုးတက်လာမည်မဟုတ်ပါ။

 အချုပ်အားဖြင့်ဆိုရလျှင် မြန်မာနိုင်ငံကို စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော် အဖြစ်သို့ရောက်ရှိပြီး ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်အဖြစ် ပြောင်းလဲရေးမှာ လက်ရှိ အစိုးရသစ် အနေအဖြင့် တာဝန်ရှိပြီး အမှန်တကယ်လုပ်ဆောင် သွားသင့်ပါကြောင်းနှင့် ယခင် မဆလ အစိုးရ၊ နအဖ အစိုးရ လမ်းစဉ်များကို နောက်မလိုက်သင့်တော့ပဲ၊ စိတ်သစ်ပြောင်း၍ တိုင်းပြည်နှင့် လူမျိုးအတွက် စစ်မှန်သော ဒီမိုကရေစီ စနစ်ကို အမှန်တကယ်လုပ်ဆောင်သင့်ပါကြောင့် တိုက်တွန်းရင် နိဂုံးချုပ်အပ်ပါသည်။

ကိုကာပန် (New Burma)

ခေတ်သစ်မြန်မာနိုင်ငံတော်သစ်ဆီသို့

  လက်ရှိမြန်မာနိုင်ငံ၏ အနေအထားသည် ကြိုးတန်း ပေါ်မှာ လမ်းလျှောက် နေသကဲ့သို့ ဖြစ်နေပြီး၊ ၁၉၉၀ ရွှေးကောက်ပွဲ နောက်ပိုင်း အပြောင်းအလဲ ဖြစ်ရန် ဒုတိယအကြိမ် မျှော်လင့်နေသော် ကာလလည်း ဖြစ် နေပါသည်။  စစ်အာဏာရှင် အဖွဲ့အစည်းရဲ့ သြဇာ အာဏာတည်မြဲ ရေးနှင့် မိမိတို့ မိသားစုသာလျှင် ကောင်းစားရေး လုပ်ဆောင်ချက်များမှာ အဆုံးစွန်းစုံသို့ ရောက်ရှိ နေသကဲ့သို့၊ သမိုင်းတလျှောက် ပြည်ထောင်စု မြန်မာ နိုင်ငံသားများသည်လည်း ကမ္ဘာအလည်တွင် မျက်နှာ အငယ်ဆုံး အချိန်လည်း ဖြစ်ပါသည်။

 ကျွန်တော်တို့ ပြည်တွင်း ပြည်ပရှိ ပြည်ထောင်စု မြန်မာနိုငံသားများ၏ စည်းလုံး ညီညွတ်မှုဖြင့် စစ်အာဏာရှင် စံနစ် ပပျောက်ရေးနှင့် ထိုကဲ့သို့စံနစ်မျိုး ထပ်မံမဖြစ်ပေါ်ရေးမှာ လက်ရှိအနေအထားအရ အရေး ကြီးသော အချက်ဖြစ်ပါသည်။

 တစ်ဦးတစ်ယောက်ချင်းစီ၏ ကဏ္ဍမှာ အရေးပါ သဖြင့်၊ မှားယွင်းနေသော အဖွဲ့အစည်း တစ်ခုအား ညီညွတ်စွာဖြင့် ပြင်ဆင်ရန်မှာ တစ်ဦးတစ်ယောက်ချင်း စီ၏ အရည်အသွေးများဖြင့် ပူပေါင်းဆောင်ရွက်မှသာ မှန်ကန်သော အဖွဲ့အစည်းတစ်ခု ဖြစ်လာမည်မှာ ဧကန်မုချပင် ဖြစ်ပါသည်။

 ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဦးတည်ရေးမှာ အဖွဲ့အစည်း၊ အသင်းတစ်ခုတည်း၏ တာဝန် မဟုတ်သကဲ့သို့ တစ်ဦးတစ်ယောက် တည်းကိုလည်း အားမကိုးသင့်ပါ၊

ဥပမာအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း မရှိသည့် နောက်ပိုင်း လွတ်လပ်ရေး ရခဲ့သော်လည်း ခေါင်းဆောင်ကောင်း မရှိသည့် နောက်တွင် မြန်မာ့ဆိုရှယ်လစ်ပါတီနှင့် ဦးနေ၀င်း၏အောက်တွင် ကမ္ဘာအလယ်၌ နောက်ကြ ကျန်ခဲ့ရသည်။

             ကျွန်တော်တို့ အနေဖြင့်  ကိုယ်လျှောက်ရမည့် လမ်းကို ကြိုက်မှာသာလျှင် လျှောက်လှမ်း ချင်ကြပါသည်၊ သို့ရာတွင့် လက်ရှိမြန်မာနိုင်ငံ၏ အနေအထားမှာ ရွေးချယ်ပိုင်ခွင့် မရှိ သကဲ့သို့ စစ်အစိုးရ၏ အနည်းငယ်မျှ ပြောင်းလဲပေးသော လမ်းကြောင်းပေါ်မှ သာလျှင် ဒီမိုကရေစီ ပန်းတိုင်ကို  သွားရမည် အခြေအနေ ဖြစ်နေပါသည်။

  စစ်အာဏာရှင်စနစ်ကို UN နှင့် American တို့ကဲ့သို့ အင်းအာကြီးအဖွဲ့များ၏ အကူအညီဖြင့်သာ တိုက်ဖျက်နိုင်မည်ဖြစ်ပြီး ပြည်သူ၏အင်းအားဖြင့် မလွယ်ကူနိုင်ကြောင်း ၈၈၈၈၊ ရွှေဝါရောင် တော်လှန်ရေး တို့မှတဆင့် သိသာစေခဲ့ပါသည်။

 တပ်ချုပ်ကြီး ဦးသန်းရွှေနှင့် ဒုတပ်ချုပ်ကြီး ဦးမောင်အေးတို့ အနေဖြင့် ၎င်းတို့၏ အနာဂါတ်ကို ကာကွယ်ပေးမည်ဟု ယုံကြည်ရမှသာလျှင် အာဏာလွှဲပေးမည်မှာ သေချာလှပါသည်။ USDP (ကြံ့/ဖွံ့) ပါတီ အာဏာရခြင်းသည် ကျွန်တော်တို့ လိုချင်သောပုံစံ မဟုတ်ပါ၊ သို့ရာတွင့် သာဓက အားဖြင့်၊ ကြွေးယူထားသောသူမနေ၍ နည်းနည်းခြင်း ပြန်ပေးဆပ်မှုကို လက်ခံရမည် ဖြစ်ပြီး၊ အားလုံးပေးမှ ယူမည်ဆိုလျှင် မည်မျှ ကြာမည်ကို မသိသကဲ့သို့ ဖြစ်မည်မှာ သေချာပါသည်။

 ထိုကြောင့် ကျွန်တော်တို့ လိုလားသော NLDပါတီသည် ပြည်သူအာဏာကို မရယူနိုင်ခဲ့ သည်ရှိသော၊ USDP (ကြံ့/ဖွံ့) ပါတီ ဖြင့်သာလျှင် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရှိ နိုင်မည်လားဟူသော  မျှော်လင့်ချက်တစ်ခု ဖြစ်နေ ပါသည်။

သို့ဖြစ်ရာ ဤနေရာတွင် တိုင်းပြည်မှာ စစ်အာဏာရှင် စံနစ် အပြီးသပ် ပပျောက်ပြီး စစ်တပ်မှ နောက်တစ်ကြိမ်  အာဏာ မသိမ်း နိုင်အောင်လည်း ကြိုးစားရမည်မှာ အဓိက ကျသော အချိန် ဖြစ်ပါသည်။

 တချိန်က ဦးအောင်ကြီး ပြောကြားခဲ့သော စစ်သားတိုင်းမှာ အပြစ် မရှိသလို၊  ယခု ဒေါ်အောင်ဆန်းစုကြည်မှ စစ်တပ်ကို မမုန်း ကြောင်း ပြောကြား သကဲ့သို့ ကျွန်တော်တို့ အနေဖြင့် အားလုံးကို မေတ္တာ ရှေ့ထားသင့် ပါသည်။

 လူတို့သည် အ၀တ်အစားနှင့် လိုက်၍ စိတ်ပြောင်း တတ်သောကြောင့် တပ်ချုပ်ကြီး ဦးသန်းရွှေ၊့ ဒုတပ်ချုပ်ကြီး ဦးမောင်အေး တို့မှနေ၍ စစ်တပ်မှတဆင့် အရပ်ဝတ်သို့ ပြောင်းခိုင်းလာသော စစ်ခေါင်းဆောင်ပိုင်းများ အနေဖြင့် ပြည်သူဘက်မှ ရပ်တည် လာလိမ့်မည့် လားဟု အိမ်မက်ပမာ  မျှော်လင့် မိပါသည်။

 ထို့ကြောင့် မိမိအာဏာ ရရေးထက်၊ တိုင်းပြည်အတွက်  အမှန်တရားဘက်မှ ရပ်တည်၍ ဒေါ်အောင်ဆန်းစုကြည်၊ NLDနှင့်တကွ ပြည်သူ အားလုံး နှင့် ပူပေါင်း ဆောင်ရွက်ခြင်းဖြင့် ခေတ်သစ် မြန်မာနိုင်ငံတော်သစ် ဆီသို့ မည်သည့် နည်းနှင့် မဆို မလွဲမသွေ အမြန်ဆုံး ရောက်ရှိနိုင်ပါစေရန် New Burma Journal မှနေ၍ နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက် ပါကြောင်း။

ကိုကာပန် (New Burma)

We Don’t Support 2010 Election, But…

We Need to Unite Together

What is Democracy