How To Make Burmese Mote Hin Gar


မုန့်ဟင်းခါးချက်နည်း

 

မုန့်ဟင်းခါး (မုန့်အချိန် ၁၀ )

ငါးခူ ၊ ငါးကျည်း          ၂ ပိဿာ

စပါးလင်         ၁၀ ပင်

ဆီ      ၁ ပိဿာ

ငံပြာရည်အချို  ၁ ပိဿာ

ချင်း    ၁ ပိဿာ

ရှောက်သီး၊ နံနံပင်၊ နနွင်း၊ အချိုမှုန့်     ၁ ပိဿာ

ငရုတ်သီးအကျက်မှုန့်

ဘဲဥ    ၂၀ လုံး

အုန်းသီး         ၂ လုံး

မြေပဲဆန် အစိမ်း (ကြိုက်လျှင်ထည့်ပါ) ၃၀သား

ရွှေချီမှုန့်         ၂၀ သား

ဆန်လှော်မှုန့်   ၂၀ သား

ကြက်သွန်နီ     ၂ ပိဿာ

ကြက်သွန်ဖြူ   ၂၀ သား

ငှက်ပျောအူတိုင် (ရခိုင်ငှက်ပျော)       တစ်ပင်

အကြမ်းဖတ်များ ခွာထားပါ။

ငရုတ်သီးအခြောက်     ၁၀ သား

ငါးကျည်း၊ ငါးခူကို မီးဖိုမှ ပြာထည့် ရေနွေး အနည်းငယ်ထည့်၍ ယောက်မဖြင့် နာနာမွှေပေးပါ။ ရေစိမ်းဆေး၊ အူအသည်းနုတ် ရေထပ်ဆေးပါ။

စပါးလင်အဖျားပိုင်းများကို အောက်မှာခံ၍  အပေါ်မှ ငါးများထည့်၊ ငံပြာရည် တစ်ဝက်ထည့်ပြုတ်၊ နူးလျှင် အသားထွင်၊ အရိုးနှင့် စပါးလင်များ ကို  ရေစစ်ယူ၊ ငါးရိုးထပ်ထောင်း အရေစစ်ယူထားပါ။

အုန်းသီးကို အရည်စစ်၊ ဆီပြန်လုနီးပါးဖြစ်အောင် ချက်ထားပါ။ ဘဲဥပြုတ်ပြီးသား၊ ကြက်သွန်နီငါးဆယ်သား ပါးပါးလှီးထား၊ ကျန်ကြက်သွန် များ အလုံးကြီးလျှင်

ထက်ခြမ်းခြမ်းထား၊ ငှက်ပျောအူပါးပါးလှီး၊ ရေစိမ်ထား၊ ရေနှစ်ခါသုံးခါလဲပေး၊ ဆား၊ နနွင်းထည့်၊ ငှက်ပျောအူတိုင်ကို ရေပွက်ပွက် ဆူသည်အထိ ပြုတ်ပြီး ရေစစ်ထား ၊ ဘဲဥကို အပ်ချည်ကြိုးနှင့် ကြိုက်နှစ်သက်ရာ အရွယ်လုပ်ထား၊ ဓားနှင့်လှီးကလည်း ရပါသည်။ ဆန်နှစ်နှင့် ရွှေချည်ကိုလည်း အနံ့သင်းအောင် ပြန်လှော်ထားပါ။

ဟင်းချက်မည့်အိုးတွင်  ဆီအကုန်ထည့်၊ ကြက်သွန်နီ ပါးပါးလှီးထား သည်ကို ကြော်၊ နီရောင်သန်းလျှင် နနွင်းထည့်၍ဆယ်ထား၊ အေးလျှင် လေလုံသည့်ဘူးထဲ ထည့်ထားပါ။

ကြက်သွန်ကြော်၍ ကျန်သောဆီတွင် ထောင်းထားသော ချင်း၊ စပါးလင်၊ ကြက်သွန်ဖြည့်၍ ဆီသတ်၊ အနံ့မွှေးလာလျှင် ငရုတ်သီးထည့်၊ ဆီချက်၊ ငရုတ်စိမ်းနံ့ပျောက်လျှင် အရိုးထွင်ထားသော ငါးထည့်မွှေ၊ အုန်းနို့ထည့်မွှေ၊ မွှေးလာသည်အထိ မွှေပေးပါ။

မခဲစေရန် အရည်ဖျော်ထားသော ဆန်မှုန့်၊ ရွှေချည်မှုန့်၊ ရေ၊ ငါးပြုတ်ရည်များထည့်ပါ။

ရေလေးဂါလံ တစ်ပုံးခွဲခန့်ထည့်၍ နာနာမွှေပေးပါ။

ဟင်းအိုးမဆူမီ အမွှေမရပ်ပါနှင့်။

ဆူလာလျှင် ကြက်သွန်ဥများ ထည့်ပါ။ အချို အပေါ့အငန် သင့်သလိုပြင်ပါ။

ကျွေးကာနီးမှ စိတ်ထားသောဘဲဥများကို ဟင်းအိုးထဲထည့်ပါ။ အုန်းနို့အနံ့ပေါ်စေရန် ငရုတ်ကောင်းမှုန့် မထည့်ပါနှင့်။

———————————————————————————————————————

တောင်ငူ မုန့်ဟင်းခါး

တောင်ငူ မုန့်ဟင်းခါး ချက်ဖို့ ပါဝင်တဲ့ပစ္စည်းတွေကတော့ ဆန်လှော်မှုန့်၊ ပဲသီး၊ နံနံပင်၊ ခရမ်းချဉ်သီး၊ ငါးခူ၊ စပါးလင်၊ ဂျင်း၊ ကြက်သွန်ဖြူနီ၊ မုန့်ဟင်းခါးဖတ်၊ ပြီးတော့ မုန့်ဟင်းခါးနဲ့တွဲစားဖို့ အကြော်ပါရင် ပိုစားကောင်းပါတယ်။ မုန့်ဟင်းခါး ဟင်းရည်ချက်ဖို့အတွက် ပထမဆုံး ငါးခူကို ငံပြာရည် နည်းနည်းထည့်ပြီး ပြုတ်ပါတယ်။ ငါးခူမရလည်း ငါးကျီးပေါ့။ ငါးက လတ်ဆတ်ရင် ဟင်းရည် ပိုချိုပါတယ်။ ငါးပြုတ်ထားတုန်း ကြက်သွန်ဖြူကို ဆီချက် ချက်ထားပါတယ်။ ငါးနူးပြီဆို အသားနွှင်ထားပါတယ်။ တလက်စတည်း ငါးအရိုးတွေကိုပါ ထောင်း၊ ထွက်လာတဲ့အရည်ကို ငါးပြုတ်ရည်ထဲကို အရိုးမပါအောင် ဇကာနဲ့စစ်ပြီး ရောထည့်လိုက်တယ်။ ပြီးမှ အနံ့မွှေးအောင် စပါးလင်အရိုးထောင်းထားတာ ထည့်ပြီး ဆူအောင် တည်ထားလိုက်ပါတယ်။ ငါးဆီသတ်ဖို့အတွက်ကတော့ ဆီဆူရင် ဆနွင်းနည်းနည်းထည့်ပြီးမှ ကြက်သွန်အဖြူ၊ဂျင်း၊ စပါးလင်ထောင်းထားတာနဲ့ ရိုးရိုးမုန့်ဟင်းခါး ချက်သလိုပဲ ဆီသတ်ပါတယ်။ ငရုတ်သီး အရောင်တင်မှုန့် မသုံးပါဘူး။ ဟင်းရည်ဆူပြီဆို ငါးဆီသတ်ထားတာရယ် ကြက်သွန်နီ များများကို ပါးပါးလှီးထည့်ပြီး မီးအေးအေးနဲ့ ဆူအောင် တည်ထားလိုက်တာပေါ့။ ငှက်ပျောအူရှိရင်လည်း ထည့်လို့ရပါတယ်။ ဟင်းရည်ဆူပြီး အပေါ့အငန်လိုသလောက်မြည်းပြီးရင် မုန့်ဟင်းခါး ဟင်းရည်ကျဲ ရပါပြီ။
ဟင်းရည်ပြီးတာနဲ့ ခရမ်းချဉ်သီး၊ ပဲသီး၊ နံနံပင်၊ သံပုရာသီးကို လှီးပြီး ပြင်ထားပါတယ်။ ဆန်လှော်မှုန့်၊ ပဲကြော်၊ ငံပြာရည် စတာတွေကိုလည်း အရံသင့်ပြင် ထားပါတယ်။ အသုပ် ကြိုက်တတ်တဲ့ သူအတွက် မုန့်ဖတ်ရယ်၊ ဆီချက်ချက်ထားတာရယ်၊ ဆန်လှော်မှုန့်ရယ်၊ ငရုတ်သီးအကျက်မှုန့်၊ နံနံပင်၊ ပဲသီး၊ ခရမ်းချဉ်သီး နဲ့ နောက်ဆုံး နယ်လို့ ကောင်းယုံ မုန့်ဟင်းရည် ထည့်ပြီး နယ်ပေးပါတယ်။ အချဉ်ကြိုက်ရင် သံပုရာရည်ညစ်ထည့်ပေါ့။ အပေါ့အငန် စိတ်ကြိုက်ဖြစ်ပြီ ဆိုရင် ပဲကြော်ထည့်ပြီး စားလို့ရပါပြီ။ အသုပ်မကြိုက်တဲ့ သူတွေကတော့ မုန့်ဟင်းခါးဖတ်၊ ဟင်းရည်ကျဲ များများဆမ်းပြီး ဆန်လှော်မှုန့်၊ နံနံပင်၊ ပဲသီး၊ ခရမ်းချဉ်သီးနဲ့ အချဉ်ညစ်ပြီး စားလို့ရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: