Android 3.0 tablet နှစ်မျိုးကို Sony မိတ်ဆက်


Sony ကုမ္ပဏီမှ Android 3.0 “Honeycomb” ဆော့ဖ်ဝဲအသုံးပြုထားပြီး PlayStation content ကိုပါအသုံးပြုနိုင်မည့် tablet ဒီဇိုင်းသစ်နှစ်မျိုးကို တိုကျိုမြို့၌ တရားဝင်

ပွဲထုတ်မိတ်ဆက်ပေးခဲ့သည်။ ဂျပန်ကုမ္ပဏီဖြစ်သော Sony ၏အဆိုအရ အထက်ပါ tablet နှစ်မျိုးကို S1 နှင့် S2 ဟူ၍အမည်ပေးထားပြီး S1 ကို မီဒီယာဖျော်ဖြေရေးအတွက် ရည်ရွယ်ထားကာ S2 ကိုမူ မိုဘိုင်းဆက်သွယ်ရေးနှင့် ဖျော်ဖြေရေးအတွက်ရည်ရွယ်ထားကြောင်း သိရသည်။ ၎င်း tabletများကို လက်ရှိတွင် ဖွံ့ဖြိုးရန်အတွက်လုပ်ဆောင်နေပြီး ယခုနှစ်ကုန်ပိုင်းတွင် ကမ္ဘာတစ်ဝန်းသို့ တင်ပို့ရောင်းချမည်ဖြစ်သည်။ S1 တွင် ၉.၄ လက်မအရွယ် display တပ်ဆင်ပေးထားပြီး S2 တွင် ခေါက်သိမ်း၍ရသော ၅.၅ လက်မအရွယ် display နှစ်ခုတပ်ဆင်ပေးထားသည်။ ထို့အပြင် S2 ရှိ display နှစ်ခုအား သီးခြားအသုံးပြုနိုင်သလို ၀က်ဘ်ဆိုက်များကို ကြည့်ရှုသည့်အခါတွင်လည်း အရွယ်အစားကြီးမားသည့် screen တစ်ခုအဖြစ် အသုံးပြုနိုင်ကြောင်းသိရသည်။ အထက်ပါ Sony tablet နှစ်မျိုးစလုံးတွင် Android 3.0 operating system ကိုအသုံးပြုထားပြီး Wi-Fiနှင့် WAN (3G/4G) တို့ဖြင့်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် Qriocity သီချင်းနှင့် ရုပ်ရှင်ဝန်ဆောင်မှုနှင့် Play-Station Suite မှတစ်ဆင့် content များကိုdownload ပြုလုပ်ခြင်း၊ Play Station content များကိုဝယ်ယူခြင်းတို့ကို Android tablet များပေါ်တွင် အသုံးပြုနိုင်မည်ဖြစ်သလို e-book content များကိုလည်း Sony Reader Store မှအသုံးပြုနိုင်ကြောင်း သိရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: