အကြမ်းဖက် အချက်အချာအဖြစ် ပါကစ္စတန်ကို အိန္ဒိယ စွပ်စွဲ


ပါကစ္စတန်နိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက် လုပ်ငန်းတွေရဲ့ ဗဟိုအချက်အချာဖြစ်ပြီး စစ်သွေးကြွအဖွဲ့တွေကို အစိုးရရဲ့ မူဝါဒသဖွယ် အသုံးပြုနေတဲ့နိုင်ငံ ဖြစ်တယ်လို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းတွေ ပူးပေါင်း ဆောင်ရွက်ကြဖို့ အမေရိကန် အမိမြေ လုံခြုံရေးဆိုင်ရာ ၀န်ကြီး ဂျဲနက် နပိုလီတန်နို (Janet Napolitano) နဲ့ နယူးဒေလီမြို့မှာ သောကြာနေ့က တွေ့ဆုံ ဆွေးနွေးစဉ် အိန္ဒိယ ပြည်ထဲရေးဝန်ကြီး ပီ. ချီဒမ်ဘာရမ် (P. Chidambaram) က အဲဒီလို သတိပေး ပြောကြားလိုက်တာပါ။

အကြမ်းဖက်မှု ပပျောက်ရေး လက်တွဲ တိုက်ပွဲဝင်သွားဖို့ အိန္ဒိယနဲ့ အမေရိကန် ပြည်ထောင်စုတို့က သဘောတူ ဆုံးဖြတ်လိုက်ကြပြီး အကြမ်းဖက်သမားတွေ ခိုလှုံနေတဲ့ နေရာတွေနဲ့ အဲဒီ အဖွဲ့အစည်းတွေ ဖြိုခွင်းနိုင်ရေးတို့အတွက် တိုင်းပြည်အားလုံးကလည်း ရှေ့တိုး လုပ်ဆောင်ကြဖို့ သောကြာနေ့ တွေ့ဆုံ ဆွေးနွေးပွဲအပြီး ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ၀န်ကြီး ချီဒမ်ဘာရမ်နဲ့ နပိုလီတန်နိုတို့က တောင်းဆိုလိုက်ကြတာပါ။

နှစ်နိုင်ငံ ထောက်လှမ်းရေး သတင်းတွေ ဖလှယ်ရေး၊ ဆိုင်ဘာ လုံခြုံရေးနဲ့ မှုခင်း ဆေးပညာဆိုင်ရာ သတင်းအချက်အလက်တွေ ဖလှယ်ရေး ကိစ္စတွေ အပါအ၀င် အကြောင်းအရာ အတော်များများမှာ ပူးပေါင်း လုပ်ဆောင်ကြဖို့လည်း သဘောတူခဲ့ကြပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံက ဘဏ္ဍာရေး အချက်အချာမြို့ဖြစ်တဲ့ မွမ်ဘိုင်းမြို့ကို ၂၀၀၈ ခုနှစ်မှာ အကြမ်းဖက်သမားတွေ ၀င်ရောက် တိုက်ခိုက်ခဲ့တဲ့ အမှု စုံစမ်းစစ်ဆေးနေတဲ့ ကိစ္စမှာလည်း ပူးပေါင်း ဆောင်ရွက်ကြဖို့ နှစ်ဘက် သဘောတူခဲ့ကြပါတယ်။

ပါကစ္စတန် အခြေစိုက် လက်ရှ်ကာ အီး တိုင်ဘာ (Lashkar-e-Taiba) စစ်သွေးကြွအဖွဲ့က လုပ်ဆောင်ခဲ့တာလို့ အပြစ်တင် ပြောဆိုနေတဲ့ မွမ်ဘိုင်းမြို့က ဟိုတယ်တခုကို အကြမ်းဖက်သမားတွေ ၀င်ရောက် တိုက်ခိုက်ခဲ့တုန်းက အမေရိကန် နိုင်ငံသား ၆ ယောက် အပါအ၀င် လူပေါင်း ၁၆၆ ယောက် သေဆုံးခဲ့တာပါ။

Source: VOA News 2011/05/11

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: