လူ့အခွင့်အရေး အဆိုးတကာ့ အဆိုးဆုံး ချိုးဖောက်တဲ့ နိုင်ငံတွေထဲ မြန်မာပါဝင်


2011-06-01

အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီ အခြေစိုက် Freedom House အဖွဲ့ကြီးက လူ့အခွင့်ရေး အဆိုးတကာ့ အဆိုးဝါးဆုံး ချိုးဖောက်တဲ့ နိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံကို ၁၀ နှစ်မြောက် အဖြစ် မနေ့က ထည့်သွင်း ဖော်ပြလိုက်ပါတယ်။

(Photo: AFP) အစိုးရ အမှုထမ်း ရုံးသူရုံးသားများကို ရန်ကုန်မြို့လယ်တွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

၂၀၁၁ ခုနှစ်အတွက် ထုတ်ပြန်တဲ့ ကမ္ဘာပေါ်က လူ့အခွင့်ရေး အဆိုးဝါးဆုံး ချိုးဖောက်တဲ့ နိုင်ငံများ အစီရင်ခံစာမှာ အခုလို ထည့်သွင်းဖော်ပြလိုက်တာ ဖြစ်ပြီး နိုင်ငံရေး၊ နိုင်ငံသား အခွင့်ရေးတွေမှာ အနိမ့်ဆုံး တွေ့ရတဲ့အတွက် အခုလို ထည့်သွင်းရတာ ဖြစ်တယ်လို့ Freedom House အဖွဲ့ကြီးရဲ့ နယူးယောက်မြို့ရုံးခွဲ လေ့လာရေးဌာန ညွန်ကြားရေးမှူး Chris Walker က ပြောပါတယ်။

မြန်မာနိုင်ငံနည်းတူ အဆိုးတကာ့အဆိုးဝါးဆုံး လူ့အခွင့်အရေး ချိုးဖောက်တဲ့ နိုင်ငံတွေ စာရင်းမှာ လစ်ဗျား၊ ဆီးရီးယား၊ ဆိုမားလီယား၊ ဆူဒန်၊ မြောက်ကိုရီးယား စတဲ့နိုင်ငံတွေ ပါဝင်ပါတယ်။

မြန်မာနိုင်ငံဟာ ဒီစာရင်းမှာ ၂၀၀၁ ခုနှစ်ကတည်းက ထည့်သွင်းဖော်ပြခံခဲ့ရတာ ဖြစ်ပါတယ်။

 
Source: RFA News

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: