ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် အနာဂါတ်အတွက် မြန်မာနိုင်ငံတော်


မြန်မာနိုင်ငံတွင် ပြီးခဲ့တဲ့နှစ် (၇ရက်၊ ၁၁လ၊ ၂၀၁၀) မှာ ရွေးကောက်ပွဲကျင်းပပြီး (၃၀ရက်၊ ၃လ၊ ၂၀၁၁)မှာ စစ်အစိုးရရဲ့ တစ်ဦးတည်းပိုင် အာဏာရှင်စနစ်ကို အရပ်သားအစိုးရ အားလွဲအပ်ခဲ့ပါသည်။ ဒီလို အာဏာ ရှင်စနစ်မှ သမ္မတစနစ်သို့ ကူးပြောင်းခဲ့သော် လည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အားလုံးသိပြီးတဲ့ အတိုင်း မဲမသမာမှုက ၇၀% လောက်​ ရှိနေခဲ့ပါတယ်။
ရွေးကောက်ပွဲ အနိုင်ရသူများမှာ နအဖ တပ်ချုပ်ကြီးရဲ့ တပည့်တပန်းများသာ ဖြစ်ကြပြီး၊  သမ္မတနေရာမှ မြို့နယ်မှုးထိ အားလုံးလိုလို စစ်ဘက်မှအသွင်ပြောင်း ထားသူများသာဖြစ်ပါတယ်။ ဒါတွေကို သိရှိပြီးဖြစ်သော မြန်မာလူထုနှင့် ကျွန်တော်အပါအ၀င် လက်ရှိ သမ္မတ အစိုးရ မည်သို့စခန်းသွားကြဦးမည်ကို စောင့်ကြည့်ရုံ ပဲရှိပါတယ် လက်တလော အခြေအနေမှာ ကျွန်တော် တို့နိုင်ငံဟာ လက်ရှိအခြေအနေရ လုံခြုံမှုမရနိုင်သေးလို့ဖြစ်ပါတယ်။

မြန်မာပြည်သူတွေ လုံခြုံမှုကို လိုလားကြပါတယ်။ လွတ်လပ်မှု (လွတ်လပ်စွာ ပြောဆို၊ ရေးသား၊ ဖော်ပြ၊ ဝေဖန်၊ ထောက်ပြမှု စသည့်ဖြင့် မိမိတို့၏ ကံကြမ္မာ မိမိတို့ ဘာသာ သရုပ်ဖော်ချင်တယ် မိမိတို့ကို အုပ်ချုပ်မည့်သူကို (ခေါင်းဆောင်)ကို မိမိဘာသာ လွတ်လပ်စွာ ရွေးကောက်တင်မြှောက်ချင်တယ်။

ယခုအချိန်ထိ မြန်မာပြည်မှာ ပြည်တွင်းစစ်ဆင်နွဲနေ တုန်းပဲဖြစ်တာဟာ အရမ်းဝမ်းနည်းဖို့ ကောင်းပါ တယ်။ တိုင်းပြည်တိုးတက်ဖို့ ကြိုးစားနေတဲ့ နိုင်ငံ အတော်များများရဲ့ ခေါင်းဆောင်တွေ ဘာတွေလုပ် နေကြသလဲ ဆိုတာကို လက်ရှိ မြန်မာနိုင်ငံအစိုးရကို သိစေချင်ပါတယ်။ လက်ရှိအစိုးရ အနေဖြင့် တိုင်းရင်း သားပြည်သူလူထု၏ဆန္ဒအတိုင်း အမျိုးသား ရင်ကြား စေ့ရေးကို လက်တွေ့အကောင်အထည်ဖေါ်ပြီး၊ ဖွဲ့စည်း ပုံအခြေခံ ဥပဒေကို ပြန်လည်ပြင်ဆင်သင့် ပါတယ်။

တချိန်မှာ မြန်မာပြည်ဟာ အာရှမှာ ထိပ်တန်း နိုင်ငံ တစ်ခုပြန်ဖြစ်လာမှာ မြေကြီးလက်ခက် မလွဲနိုင်ဘူးလို့ ကျွန်တော်ပြောချင် ပါတယ်။ ကျွန်တော်တို့လို နိုင်ငံခြား ရောက် မြန်မာတွေဟာ သူများနိုင်ငံမှာ အလုပ်လုပ်ဖို့ ထက် ကိုယ်နိုင်ငံမှာပဲ အလုပ်လုပ်ချင်ကြပါတယ်။  ဒါပေမယ့် ဒါတွေဟာ  မြန်မာပြည်စနစ်ဆိုးရဲ့ အကျိုး ဆက်တွေကြောင့်ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာပြည်ကို အရမ်း တိုးတက်ချမ်းသာ စေချင်ပါတယ်။ ဒါဟာ အားငယ်မိခြင်း မဟုတ်ပဲ ဘယ်ကနေ ဘယ်လိုလုပ်ကြရမလဲ ဆိုတာကို စမ်းစစ်ကြည့်ကြစေခြင်ပါတယ်။ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အဆင်ပြေချောမွေ့ဖို့ဆိုရင်

၁) နိုင်ငံရဲ့ စီးပွားရေး၊ ဖွံ့ဖြိုးမှု၊ ဓနတောင့်တင်းမှု
၂) ပြည်ထောင်စုတိုင်းရင်းသားများ ညီညွတ်မှု
၃) ဒီမိုကရေစီနိုင်ငံရေးနှင့် အကျွမ်းတ၀င်ရှိမှု
၎) နိုင်ငံသား ပညာတတ်မှု၊ လူလတ်တန်းစားတည်ရှိမှု
၅) နိုင်ငံတကာနှင့် အဆက်အဆံရှိမှု အစရှိသည်တို့ ရှိမှသာလျှင် ဖြစ်ပါသည်။

ထိုကြောင့် ဒီမိုကရေစီ အပြောင်းအလဲဆိုသည်မှာ နေချင်းညချင်း စစ်အာဏာရှင်မှသည် ကြိုးကိုင် သမ္မတစနစ်သို့ ပြောင်းလဲပေးခဲ့ ရုံမျှဖြင့် မဖြစ်သေးပါ။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပြသခွင့်၊ နိုင်ငံရေးစုရုံး ဖွဲ့စည်းခွင့် တရားမျှတတဲ့ ဥပဒေသစ် နှင့် နိုင်ငံရေး နှင့် ပတ်သက်သော အကျဉ်းသား အားလုံးလွတ်ပေးမှု၊ ဒါတွေမလုပ်ရင် အသွင် ကူးပြောင်းရေး မဖြစ်နိုင်ပါဘူး။   မြန်မာပြည်ကိုချစ်တဲ့ မြန်မာပြည်သူတွေဘက်ကလည်း  ကိုယ်တက်နိုင်တဲ့နည်းလမ်းဖြင့်  ပြည်သူ့အကျိုးပြုမဲ့ လုပ်ဆောင်မှုတွေကို ကြိုးစားဖော်ဆောင်သွားနိုင်ပါစေ လို့ တိုက်တွန်းချင် ပါတယ်။

နေ၀န်းသစ် (New Burma)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: