ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ အမှာစာ………………….


ဤစာသည် ဗမာအမျိုးသားခေါင်းဆောင် သခင်ကိုယ်တော်မှိုင်းမှ သူမကွယ်လွန်မှီ ဗမာခေါင်းဆောင် တချို့အား အမှာ ထားခဲ့သောစာဖြစ်သည်။

ရခိုင်ကို အထင်သေးမိလို့ ဗမာဦးခေါင်းအနောက်ကို ညွတ်ခဲ့ရတယ်။ ဒီတော့ရခိုင်ကို ဘယ်တော့အခါမှ အထင်မသေးနှင့်။ အတိတ်က ဖြစ်ရပ်ကိုကြည့်ပြီး သတိထားရမယ်။ ရခိုင်တွေဟာ ရာဇဝင်ကြီးသလောက် မာနကြီးတယ်။ ဘယ်သူ့ကိုမှ အထင်ကြီးတတ်တဲ့ လူမျိုးမဟုတ်ဘူး။ သမိုင်းကြွှေးမဆပ်နိုင်အောင်၊ နလံမထူနိုင်အောင် မင်းတို့တတွေ ဆွမ်းဆောင်တတ်ရမယ်။

ရှမ်းဆိုတဲ့လူမျိုးတွေလည်း တောင်ပေါ်နေ တောင်ပေါ်စား၊ သူတို့အထက်ကဆိုရင် ငှက်ပျံသွားတာကိုလည်း မလိုချင်ဘူး။ မလျှော့တဲ့ဇွဲဟာ ရှမ်းတွေမှာရှိတယ်။ ဗမာကို ရာဇဝင်ကြည့်ပြီး ဓါးသွေးတိုက်ရမယ်ဆိုတဲ့ စကားပုံဟာ တစ်နေ့နေ့တော့ ဒီပြဿနာ ပေါ်လာမယ်။ တောင်ပေါ်သားဟာ တောင်ပေါ်သားအသိထက် မကျော်လွှားမိစေဖို့ ကြပ်ကြပ် သတိထားရမယ်။ ဘယ်သူပဲဖြစ်ဖြစ် ကြီးထွား လာခဲ့ရင် ဒါဟာဗမာ့ရန်သူဘဲ။ ပြတ်သားတဲ့နည်းကို ကျင့်သုံးရမယ်။

ကရင်ဆိုတာလည်း တို့တတွေရဲ့ စိတ်မချနိုင်တဲ့ စကားပြောရင် ပြောသလိုလုပ်တတ်တဲ့ ဝါဒရှိတယ်။ ဒါဟာရန်သူတစ်မျိုးဘဲ။ ဘဝကို မြေတောင်မြှောက်မပေးနှင့်။ လက်မြန်ခြေမြန် ဝါဒရှိတယ်။ သတိလစ်ရင် လစ်သလို ဗမာတွေ အသက်ရှူကျပ်လိမ့်မယ်။

ဓါးရှည်၊ ဓါးချွှန်တွေကိုကိုင်ပြီး ရေခဲတောင်မှာ ပျော်ပိုက်တဲ့ ကချင်တွေကလည်း မန္တလေးကိုတောင် သူတို့မြို့ဆိုပြီး တောင်ဘက်တစ်ခွင်ကို သူတို့ဒေသဖြစ်ဖို့ ရည်မှန်းထားတယ်။ သူတို့က ပင်လယ်ငါးကို စားမယ်တဲ့။ မင်းတို့ဗမာတွေရဲ့ သခင်ဘဝကို ရအောင် ဖန်တီးမယ်တဲ့။ ဘယ်လိုပဲဆိုဆို ငါတို့တစ်တွေဟာ လက်ဦးထားဖို့က အရေးကြီးတယ်။ မညှာနဲ့ ညှာရင်နာမယ်။ ဗမာတွေ သတိထားကြ။

သမိုင်းရှည်ပြီး တိုးတက်ခဲ့တဲ့ မွန်ဆိုတာလည်း ယနေ့ ဗမာတွေအောက် ရောက်နေပေမယ့် ဒဂုံဆိုတာ မွန်စကားဖြစ်လို့ ရန်ကုန်မှာ မွန်နန်းဆောက်မယ်တဲ့။ မွန်တွေရဲ့သတ္တိကို ရွှေတိဂုံဘုရားမှာ မြင်စေရမယ်တဲ့။ ဆိုလိုတာကတော့ကွာ ရန်ကုန်ဆိုတာ မွန်ပြည်ဖြစ်ရမယ် ဆိုတာပဲ။ အတိတ်က သူပိုင်တယ် ငါပိုင်တယ်ဆိုတာ ဗမာတွေ နားမလည်ဘူး။ လက်ရှိမှာ ဘယ်လိုရှိနေသလဲ။ ရှိနေသလိုဘဲ ထိန်းထား တတ်ရမယ်။ မွန်ဆိုတာ သည်းမခံတတ်ဘူး။ မလိုလားရင် တော်လှန်တတ်တယ်။

ဒေါင်းအတောင်ခတ်ရင် တောရှင်းရမယ်။ ဘယ်သူ့ကိုမှ ဒေါင်းအောင်လံအောက်က မလွတ်စေရဘူး။ ဒေါင်းအောင်လံကိုဘဲ ငါသိတယ်။ ဒေါင်းကိုပယ် ဘာကိုမှ ငါမလိုလားဘူး။ တို့ဗမာတွေကလည်း သူတလို ငါတမင်းနဲ့ ညီညွတ်မှု မရှိကြဘူး။ အချင်းချင်း ညီညွတ်မှုရှိမှ သာယာမယ်။ ဗမာ့နိုင်ငံရေး အာဏာကို ထိန်းထားနိုင်မယ်။ ပုဂ္ဂိုလ်အချင်းချင်း မကြေနပ်မှုကို နိုင်ငံရေးမှာ မရောထွေးသင့်ဘူး။

ဒီတော့ ငါမသေခင်နောက်ဆုံးမှာခဲ့ချင်တယ်။ ဒါကို မင်းတို့တတွေ မစောင့်ထိမ်းရင် သူ့ကျွန်ပြန်ဖြစ်မယ်။ ဗမာဟာ ဗမာပဲ။ ကမ္ဘာမှာ ဗမာတွေရှိသရွေ့ ထာဝရ ရှင်သန်နေမယ်ဆိုတဲ့ ကတိတစ်ခုကို ငါတောင်းချင်တယ်။ မင်းတို့ ကတိပေးရင် ငါသေပျော်ပြီ။ နို့မဟုတ်ရင် ငါသေမပျော်ဘူး။ တမလွန်ဘဝကလည်း ဗမာတွေ ကျွန်ဖြစ်တာကို မကြည့်ချင်ဘူး။ ဗမာတွေအချင်းချင်း ဘာတွေဘာဘဲဖြစ်ဖြစ် ဗမာ့လွတ်လပ်ရေးကို တခြားလူမျိုးတွေဆီကိုမရောက်စေဖို့။ အရေးကြီးတဲ့အခါ ဗမာတွေအချင်းချင်း သွေးစည်းပြီး တပါးရန်ကို ကာကွယ်ရမယ်။ ဒီလိုအချိန်မှာ သူတလူငါတမင်း ဝါဒကို စွန့်ရမယ်။ ဗမာဟာ မဟာဗမာဖြစ်ဖို့ အဓိကပဲ။ ငါလိုချင်တာဒါပဲ။

************

သခင် ကိုယ်တော်မှိုင်းသည် လှည်းသမား တဦး၏ သားဖြစ်သည်။ ပြည်မြို့အနီး ရွာတရွာတွင် မွေးဖွားသည်။ ထိုရွာမှာ မြန်မာမင်း အဆက်ဆက်တို့၏ လွတ်လပ်သော မြန်မာ နိုင်ငံတော်နှင့် ဗြိတိသျှတို့ သိမ်းပိုက်လိုက်သော ပဲခူးနယ် စပ်ကြားတွင် တည်ရှိသည်။ ရိုးရာဓလေ့ အတိုင်း ငယ်စဉ်က မိမိဖွားရာ ဇာတိရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွင် ပညာ သင်ခဲ့ပြီးနောက် မန္တလေး ရွှေမြို့တော်၌ ဆက်လက် ပညာ သင်ယူခဲ့၏။ ထိုအခါ သခင် ကိုယ်တော်မှိုင်းသည် ဗြိတိသျှတို့က နောက်ဆုံးမင်းဆက် မြန်မာဘုရင်ကို နန်းချသည့် အရေးအခင်း၌ ကိုယ်တွေ့ မျက်မြင် ကြုံခဲ့ရသည်။ ၁၈၉၄ ခုနှစ်တွင် စာပုံနှိပ်စက် တခု၌ ဝင်ရောက် အလုပ်လုပ်ရန် ရန်ကုန်မြို့သို့ လာခဲ့လေသည်။ ထိုအချိန်၌ ဆရာလွန်းဟု တွင်သည်။ ထိုအမည်မှာ မူလ အမည်ကို အနည်းငယ် လွှဲပြောင်းထားသော အမည် ဖြစ်သည်။ (အင်္ဂလိပ်တို့၌ အမည်ရှေ့တွင် မောင်၊ ကို၊ ဦး၊ ဆရာ စသော ဂုဏဝုဒ္ဓိကို ဖော်ပြသည့် အလေ့အထ မရှိချေ။ ထို့ကြောင့် ငယ်စဉ်က မောင်လွန်း၊ လူပျိုရွယ်၌ ကိုလွန်း၊ အသက်ကြီးသော အခါ ဦးလွန်း၊ ဆရာသမား ဖြစ်လာသော အခါ ဆရာလွန်း ဟူ၍ အမည်အမျိုးမျိုး ပြောင်းလဲလာပုံကို အင်္ဂလိပ် သတင်းစာဖတ်ပ ရိသတ်တို့ ရုတ်တရက် နားလည်ရန် ခက်သည်။ ထို့ကြောင့် ဆရာလွန်း အကြောင်းကို ရေးသားရာ၌ ထိုအမည်သည် အနည်းငယ် ပြောင်းလဲလာသော အမည်ဟု သိလွယ်အောင် ရေးခြင်းဖြစ်သည်။ ဘာသာပြန်သူ) ထို့နောက် ဆရာလွန်းသည် ပြဇာတ်များကို ရေးသည်။ သူရေးသော ပြဇာတ်များမှာ ပုဒ်ရေ ၈ဝ ခန့် ရှိသည်။

ဆရာလွန်းသည် နဘေထပ် ကာရံများနှင့် ကဗျာသီကုံး ရေးသားရာ၌ အလွန် သွက်သွက်လက်လက် ရေးသားတတ်သည် ဖြစ်ရကား၊ ယင်းအရည်အချင်းသည် သူသတင်းစာ လောကထဲသို့ ဝင်ရောက်ရာ၌ များစွာ အထောက်အပံ့ ဖြစ်လေသည်။ သတင်းစာ လုပ်ငန်းထဲသို့ ဝင်လာ ခါစ၌ မော်လမြိုင်တွင် ထုတ်ဝေသော သတင်းစာတွင် ပထမ ဆောင်ရွက်သည်။ သို့သော် မကြာမီ ၁၉၁၁ ခုနှစ်တွင် ရန်ကုန်မြို့၌ ထုတ်ဝေသော သူရိယ သတင်းစာတွင် ဝင်ရောက် လုပ်ကိုင်ရာ နိုင်ငံရေးကို စိတ်ဝင်စား လာလေသည်။ သခင် ကိုယ်တော်မှိုင်းသည် မြန်မာ့ ရိုးရာ ယဉ်ကျေးမှုနှင့် ကြီးပြင်းခဲ့သူ ဖြစ်သည့် အလျောက် အင်္ဂလိပ်စာကို သင်ယူခဲ့ခြင်း မပြုခဲ့ချေ။ တသက်ပန်လုံး မြန်မာ အဂ္ဂိရတ်ပညာကို ထူးထူးချွန်ချွန် လိုက်စားခဲ့သည်။ သူရိယ သတင်းစာသည် မြန်မာ သတင်းစာတို့တွင် နိုင်ငံရေးဆိုင်ရာ အရေးအသား တို့ကို ပထမဦးဆုံး ရေးသားသော သတင်းစာ ဖြစ်သည်။ သခင် ကိုယ်တော်မှိုင်းနှင့် ရေးဘော် ရေးဘက်တို့သည် ထိုစဉ်က ဟုမ္မရူး ကိုယ်ပိုင် အုပ်ချုပ်ရေး အကြောင်းကို သတင်းစာထဲ၌ ဆွေးနွေးလေ့ ရှိရာ ယင်းသို့ ဆွေးနွေးသည်ကို သဘောတူ၍ ကြိုဆိုသည်။ အင်္ဂလိပ်တို့၏ အပြုအမူကို ခုံမင်၍ မြန်မာ့ အမည်ရှေ့တွင် ‘မစ္စတာ’ ဟု ခေါင်းတပ်သော သူတို့ကို သရော်သော အားဖြင့် ထိုခေတ်က ကျော်ကြားသော မြန်မာ ဝတ္ထုတပုဒ်၌ ပါသော အမည် တခုကို ယူ၍ မိမိကိုယ်ကို မိမိ ‘မစ္စတာ မောင်မှိုင်း’ ဟု ကလောင် အမည်ပေးသည်။

သူရိယ သတင်းစာတွင် လုပ်ကိုင်နေသော ဆယ်နှစ်တာ ကာလ အတွင်းဝယ် မြန်မာတို့သည် အတိတ်၌ ဇာတိဂုဏ်ရောင် ထွန်းပြောင် ခဲ့သည်ကို ပြန်လည် သတိရကြ စေခြင်းငှာ ‘ဋီကာ’ အဖွဲ့များကို ရေးသားသည်။ ထို့ပြင် မြန်မာစာပေများ ကိုလည်း ပြုစုသည်။ ထိုအရေးအသားကို နိုင်ငံတော် အစိုးရက အရေးယူခြင်း မပြုသော် ငြားလည်း ထိုအရေးအသားတို့သည် အခြား တပါးသော သူတို့က တိုက်ရိုက် ရေးသားသော အရေးအသားများထက် ပို၍ မြန်မာနိုင်ငံရေး အတွေးအခေါ် တို့ကို ဖြန့်ချီရာ၌ အဆင့်အတန်း မြင့်မြင့်နှင့် ထိရောက်သည်။ သခင် ကိုယ်တော်မှိုင်းသည် ထိုခေတ်က နိုင်ငံရေးသမားများ ကိုယ်ကျိုးရှာ၍ အရည်အချင်း မပြည့်မဝနှင့် ပျော့ညံ့ညံ့ အလုပ် လုပ်သည်ကိုလည်း ရှုတ်ချ ဝေဖန်လေ့ ရှိသည်။

သခင် ကိုယ်တော်မှိုင်းသည် ၁၉၃၄ ခုနှစ်တွင် ပါတီ အသစ် တပါတီ အနေဖြင့် ထင်ရှားလာသော တို့ဗမာ အစည်းအရုံး ကို သူ၏ သြဇာ တိက္ကမနှင့် ဝင်ရောက် အားပေး ကူညီရာ၊ ၁၉၃၆ ခုနှစ်တွင် နာယက ဖြစ်လာလေသည်။ ထိုအခါ တို့ဗမာ အစည်းအရုံး တို့၏ ဓလေ့ကို လိုက်၍ မိမိကိုယ် သခင် နာမည် ခံယူသည်။ ဤသည်တွင် ကွယ်လွန်သည် အထိ သခင် ကိုယ်တော်မှိုင်း အမည်ဖြင့် ထင်ရှားသည်။ တို့ဗမာ အစည်းအရုံး၌ ဆောင်ရွက်သော အခါ နောင်အခါတွင် ခေါင်းဆောင် ဖြစ်လာကြမည့် ခေတ်လူငယ်များကို အကြံဥာဏ်တို့နှင့် အားပေး အားမြှောက် ပြုရာ ထိုလူငယ် တသိုက်တွင် မြန်မာ့ လွတ်လပ်ရေးကို ဗြိတိသျှတို့နှင့် စေ့စပ် ရအောင် ယူခဲ့သော ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ ဝန်ကြီးချုပ် အဖြစ်ဖြင့် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သော ဦးနု တို့ အပါအဝင် ဖြစ်သည်။ မြန်မာနိုင်ငံကို ဂျပန်တို့ သိမ်းပိုက်စဉ်က သခင် ကိုယ်တော်မှိုင်းသည် ဝန်ကြီး အဆင့်အတန်း ရှိသော ရာထူး ဌာဏ တခု၌ ခေတ္တ ဝင်ရောက် လုပ်ကိုင်ခဲ့ပြီးနောက် စစ်ကြီးပြီးသော အခါ ထိုရာထူးမှ ထွက်၍ အငြိမ်းစား နေထိုင်သည်။

မြန်မာ စာပေကို အကြောင်းပြု၍ သခင် ကိုယ်တော်မှိုင်းအား အလင်္ကာကျော်စွာဘွဲ့ကို အပ်နှင်းသည်။ သခင် ကိုယ်တော်မှိုင်းသည် ကမ္ဘာ့ ငြိမ်းချမ်းရေး အဖွဲ့ဝင် တဦးဖြစ်သည့် အားလျော်စွာ ၁၉၅၄ ခုနှစ်တွင် စတာလင် ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခြင်း ခံရသည်။ မိမိ၏ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို အချုပ်အချယ် ပြုမည့် ရာထူး ဌာနန္ဈရ တို့ကို ငြင်းပယ်၍ တသက်ပန်လုံး မြန်မာ့ လွတ်လပ်ရေး အကျိုးငှာသာလျှင် ဆောင်ရွက် ခဲ့လေသည်။

ဆရာကြီး သခင်ကိုယ်တောင်မှိုင်းသည် မြန်မာဘုရင်ခေတ်၊ အင်္ဂလိပ်ခေတ် ကာလအပြောင်းအလဲများကို ကိုယ်တွေ့ရင်ဆိုင်တွေ့ကြုံထားသူတစ်ဦးဖြစ်ပြီး အနယ်နယ်အရပ်ရပ်သို့ သွားလာဖူးသူဖြစ်သည်။ သူရိယ သတင်းစာတွင် ၁၀ နှစ်ကျော်လုပ်ကိုင်ခဲ့ပြီး နိုင်ငံရေးအကြောင်း၊ အုပ်ချုပ်ရေးအကြောင်း နှင့် တိုင်းရင်းသားများ၏ စိတ်နေသဘောထားများအကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် သိသူဖြစ်ကာ သူ၏အမှာစာတွင် နောင်လာနောက်သားများ အထူးသတိထားဖို့ ရေးသားခဲ့ခြင်းဖြစ်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: