လိုင်စင်တောင် ပါဂျောင်စခန်းမှ ရင်နင့်ဘွယ်ဖြစ်ရပ်များ – ထင်လင်းအောင်၏ အစီရင်ခံစာ


ယခုအစီရင်ခံစာသည် ကျောင်းသားတပ်မတော် ( မြောက်ပိုင်းဒေသ )တွင် သူလျှိုအဖြစ် စွပ်ဆွဲခံရပြီး

ညှင်းပမ်းနှိပ်စက်ခြင်းခံနေရာမှ ထွက်ပြေးလွတ်မြောက်လာသူ ထင်လင်းအောင်မှ ပေးပို့လာသော

အစီရင်ခံစာဖြစ်ပါသည်။

————————————————————————————————

ကျနော် ထင်လင်းအောင်သည် ဦးအောင်သန်း ဒေါ်ခင်ရီတို့မှ ၁၉၆၉ ခုနှစ်၊မေလ

၂၄ ရက်နေ့မှာ မွန်ပြည်နယ် ကျိုက်ထိုမြို့တွင်မွေးဖွားပါသည်။ ၁၉၇၄ ခုနှစ်တွင် အခြေခံ

ပညာအလယ်တန်းကျောင်း၊ အလက(၁)သထုံမြို့တွင်မူလတန်းပညာကိုသင်ကြားပါသည်။

၁၉၈၈ ခုနှစ်တွင် အထက်တန်းပညာသင်ကြားနေချိန် ဒီမိုကရေစီအရေးအခင်းဖြစ်ပွားပါသည်။

ကျနော်သည် ကျောင်းသားသမဂ္ပ၏ သတင်းနှင့်ဝါဒဖြန့်ချိရေးရုံးတွင် ၀င်ရောက်တာဝန်ထမ်း

ဆောင်ပါသည်။ သပိတ်အခြေစိုက်စခန်းမှာ ၀ိဘာဂီဘုန်းကြီးကျောင်းဝင်းအတွင်းတွင်ဖြစ်ပါ၏။

၁၉၈၈ ခုနှစ်၊စက်တင်ဘာ အာဏာသိမ်းပြီး ၁၉ ရက်နေ့တွင် အမှတ် ၂၄ ခြေလျှင်တပ်ရင်းမှ

တပ်ရင်းမှူးကိုယ်တိုင်လာရောက် လူစုခွဲခိုင်းရာ ၂၀ ရက်နေ့ညနေပိုင်းကျမှ လူစုခွဲလိုက်ပါသည်။

သပိတ်စခန်းခေါင်းဆောင်းများမှာ

၁။ တင်ဝင်း

၂။ သူရိန်ထွန်း

၃။ တင်အုံး

၎။ ကျော်ကျော်

၅။ ဆန်းအောင်

၆။ မြင့်သူ

၇။ အောင်အောင်

၈။ ကျော်မိုး

၉။ ကိုမျိုးတို့ဖြစ်ပါသည်။

၂၁ ရက်နေ့တွင် ကျနော်၊ အောင်ဇော်ဦး၊ သံချောင်း၊ ခင်မောင်သိန်း၊ ခိုင်စိုးတို့သည် လက်

နက်ကိုင်လမ်းစဉ်ပြုလုပ်ရန်အတွက် သထုံမြို့မှထွက်ခွါခဲ့ကြပါသည်။ သထုံမှ မြိုင်ကလေး၊ဘားအံ

ထိုမှတဆင့် ဖားကပ်၊ မုဂတိ၊မင်းစီ၊ နတ်ကြီး စသည့်ရွာစဉ်များကိုဖြတ်ပြီး ၂၇ ရက်နေ့တွင် ကေအင်

ယူ နယ်မြေရှိ တပ်ရင်း(၂၁) မယ်သလေစခန်းသို့ရောက်ပါသည်။ ၁၉၈၈ ခုနှစ်၊ နိုဝင်္ဘာလ ၅ ရက်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး စတင်ဖွဲ့စည်းချိန်မှာ ကျနော်အပါ

အ၀င် အင်အား ၁၀၀ ခန့် မယ်သလေအနီးရှိ ဆင်တောင်ခြေတွင် သင်တန်းတက်ခဲ့ရပါသည်။

၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် မယ်သလေစခန်းကျသဖြင့် ထိုင်းနိုင်ငံ ရိုးကလိုး

ဒုက္ခသည်စခန်းအနီးတွင် တပတ်ခန့်ခိုနေပြီး ရေကျော်စခန်းသို့သွားရောက်ခဲ့ပါသည်။ ရေကျော်စ

ခန်းတွင် စစ်သင်တန်း နှစ်လတက်ရောက်သင်ကြားခဲ့ပြီး ဧပြီလတွင် တပ်ပြောင်းရွှေ့ခွင့်အရ

ကျနော်နှင့် စိုင်းထူး(ကျိုက်ထို) နှစ်ယောက်သည် ရေကျော်မှ မဲဆောက်၊ မဲသဝေါ၊ မာနယ်ပလော

နောက်ဆုံး ဦးသုထသို့ မေလ ၅ ရက်နေ့တွင်ရောက်ရှိခဲ့ပါသည်။ ထိုစခန်းတွင် တပတ်မျှနေထိုင်

နေစဉ် ဦးသုထစခန်းကျပြန်သဖြင့် စခန်းပြောင်းရွှေ့ရာ သော်လဲထ ၄င်းမှ မဲလထ ၄င်းမှ လဲသာထ

သို့ရောက်ရှိပြီး အမှတ် ၂၀၉ တပ်စခန်းကို တည်ဆောက်ရပါသည်။

အမှတ် ၂၀၉ တပ်ရင်းတွင် စစ်ရေး နိုင်ငံရေးတာဝန်များကိုထမ်းဆောင်နေရင်း ပလောင်

နယ်မြေတွင် ABSDF ၅၀၁ တပ်ရင်းသစ်တခုဖွဲ့စည်းရန်အတွက် ရွေးချယ်ခြင်းခံခဲ့ရပါသည်။၂၀၉

တပ်ရင်းမှ ရဲဘော် ၂၁ ယောက် ၊ သေဘောဘိုးမှ ၃ ယောက်၊ ရ၀မ်ခမှ ၃၊ ဘုရားသုံးဆူမှ ၁ ဦး၊

နယ်မြေရုံးမှ ၂ ၊ စုစုပေါင်း (၃၀) ယောက်ကိုရွေးချယ်ပြီး ၁၉၉၀ ပြည့် ဇန်န၀ါရီလထဲတွင် နှစ်သုတ်

ခွဲပို့ခဲ့ပါသည်။

ABSDF ဥက္ကဌ ကိုမိုးသီးဇွန်မှ တာဝန်ပေးသဖြင့် သွားရောက်တာဝန်ထမ်းဆောင်ခဲ့ရပါသည်။

တပ်ရင်းမှူး သိုက်ထွန်းဦး (ဘုရားသုံးဆူ)-ရန်ကုန် သာကေတ ၅ ရပ်ကွက်။

ဒု-ရင်းမှူး သူရဇော် (၀မ်ခ) – မြင်းခြံ

ဆေးတာဝန်ခံ သိန်းထွန်း (၀မ်ခ) – ကျောင်းကုန်း

တပ်စုမှူး ထင်လင်းအောင်

တပ်စိပ်မှူး ဇော်နိုင် (သေဘောဘိုး) – ရန်ကုန်

တပ်စိပ်မှူး ဇလုံး(ဇော်ဇော်ဦး) – တောင်စွန်း

ရဲဘော်များ

အငယ်လေး (၀မ်ခ) – မန္တလေး

မောင်မောင် (နယ်မြေရုံး) – ရန်ကုန် ဒလ

သက်အောင် (နယ်မြေရုံး) – ရန်ကုန် ၈ မိုင်

အောင်ဝင်းတင့် (သေဘောဘိုး) – ရန်ကုန်

ဇော်မြင့် (သေဘောဘိုး) – ရန်ကုန်

လှဝေ – ကျိုက်ကော်

အောင်နိုင် – ပဲခူး

မောင်ဦး – ပဲခူး

ဆန်းမြင့်ကိုကို – ပဲခူး

မောင်ဦး – ပဲခူး

မြင့်ဥင်္ီးလေး (မနှဲလေး) – သထုံ

ကျော်ကျော် – ကျိုက်ထို

ဂါမဏိ – ကျိုက်ထို

ထက်ခိုင် – ကျိုက်ထို

စန်းမြင့် – ရန်ကုန်

ဦးနိုင်ဦး – ပဲခူး

သန်းထိုက် – ရန်ကုန်

သန်းထွဋ် – ပဲခူး

အောင်ဆန်းဦး – သထုံ ပေါ်တော်မူ

ကျော်မျိုး – ကျိုက်ထို

နိုင်လင်း – သထုံ ဇင်းကျိုက်

သိန်းလွင် – ရန်ကုန်

စိုးဝင်း – ရန်ကုန်

အောင်ဇော်ဦး – သထုံ

အထက်ပါ ၃၀ ဦးတို့ကို မာနယ်ပလောမှ သော်လဲထ၊၄င်းမှ မယ်ဟောင်ဆောင်၊ ၄င်းမှ မယ်စတီရမ်း၊

၎င်းမှ ချင်းမိုင်၊ ချင်းမိုင်မှ မာန်မြို့အနီးရှိ လွယ်ဖာပုပ်တောင်အထိ သွားကြရပြီး အဲဒီမှာ စုပါသည်။ ကျနော်

တို့သွားရမည့်အဖွဲ့များမှာ PSLP,ALP,PDF,ABSDF တောင်ပိုင်းမှ မြောက်ပိုင်းသို့ ထွက်မည့်လူများလည်းရှိ

ပါသည်။ PDF ၂ ဦး၊ ABSDF ၃၄ ဦး၊ ALP ၄ ဦး၊ PSLP ၁၈ ဦးတို့ဟာ ၁၉၉၀ မတ်လ ၈ ရက်နေ့မှ စတင်ခရီး

ထွက်ခဲ့ကြပါသည်။

မိုင်းဆပ်မှတဆင့် ကျိုင်းတုံ ၄င်းမှတဆင့် ပန်ဆိုင်း (ဗဟိုဌာနချုပ်) သို့ ဧပြီလဆန်းတွင်ရောက်ရှိကြ

ပါသည်။ တဖန်ပန်ဆိုင်းမှ မိုင်းမောသို့ ကားဖြင့်ပို့ပေးပါသည်။ လမ်းတွင် တိုက်ပွဲ ၃ ကြိမ်ရင်ဆိုင်ခဲ့ရ၏၊ ပ

လောင်နယ်မြေသို့ ဇွန်လတွင်ရောက်ရှိခဲ့ပြီး တလခန့်ရှေ့တန်းတွင်လှုပ်ရှားရသည်။ တပ်ရင်း (၂၁၇) မှတပ်

ရင်းမှူး စိုင်းစိုးလင်းနှင့်ကျနော် ဦးဆောင်သောတပ်စုတစုသည် မိုးမိတ်၊ မိုးကုတ်၊ နမ်းဆန်နယ်မြေများသို့

လှည်လည် စည်းရုံးရေးဆောင်ရွက်ရပါသည်။ ABSDF ဗဟိုမှညွှန်ကြားချက်အရ KIA ဗဟိုသို့ ဇွန်လတွင်

ခရီးဆက်ခဲ့ရာ ဇူလိုင်လကုန်တွင် KIA တပ်ရင်း (၈) သို့ရောက်ခဲ့ပြီး ABSDF မြောက်ပိုင်း ရွှေဂူခရိုင်မှူး

ရဲလင်းနှင့် တပ်စုတစုကို တပ်ရင်း (၈) တွင်တွေ့ဆုံခဲ့ပါသည်။ ၄င်းတို့နှင့်အတူ သြဂုတ်လတွင် ABSDF မြောက်ပိုင်းသို့ထွက်ခဲ့ရာ

နည်းဗျူဟာ(၂) တပ်မဟာ (၃) KIA စခန်းရှိ ABSDF မြောက်ပိုင်းမှ ဗန်းမော်

ခရိုင်မှူး ညီညီကျော်နှင့်အဖွဲ့ကို ထိုစခန်းတွင်တွေ့ရပါသည်။

တပ်ရင်း (၈) တွင်နေထိုင်စဉ်က တပ်ရင်းမှူ သိုက်ထွန်းဦးနှင့် ရဲဘော် စိုးနိုင်ဦးတို့က ABSDF

မြောက်ပိုင်းသို့ ကြိုတင်သွားခဲ့ကြသည်။ ၄င်းတို့နှစ်ဦးက တရုတ်ပြည်ဘက်မှ သွားခြင်းဖြစ်၏။

တပ်မဟာ (၃) သို့ ကျနော်တို့ရောက်ချိန်တွင် တပ်ရင်းမှူးက လာရောက်ကြိုဆိုပါသည်။ ၄င်း

စခန်းမှ ကျောင်းသားရဲဘော်များနှင့်အတူ စစ်ဆင်ရေးပြုလုပ်ရာ မအူပင်တွင် အနီးကပ်တိုက်ပွဲဖြစ်ပွါး

ခဲ့သဖြင့် သြဂုတ်လ ၁၀ ရက်နေ့တွင် ကျနော့်ဒူးခေါင်းကို သေနတ်မှန်သဖြင့် KIA တပ်မဟာ (၃)တွင်

ဆေးကုသနေစဉ် ကျနော်နှင့် ရဲဘော်ကျော်မျိုးကိုချန်ထားခဲ့ပြီး ကျန်လူများက ခရီးဆက်ထွက်ပါသည်။

ဒဏ်ရာသက်သာလာပြီးနောက် တပ်မဟာ(၃)မှ မောင်မောင်ကောင်းနှင့် အတူ ကျနော်နှင့် ကျော်မျိုး

တို့လည်း ပန်နိုင်ရွာ၊ ဘင်ခေါင်းရွာ၊ ပထန်ရွာ၊ တအင်းရွာ၊ မအူပင်ရွာများသို့ စည်းရုံးရေးဆင်းရာ အလွန်

ပင်အောင်မြင်ခဲ့ပါသည်။ကျနော်နှင့်ကျော်မျိုးက ၄င်းရွာများကို အမာခံနယ်မြေပြုလုပ်ပြီး စစ်သားသစ်စု

ုဆောင်းခြင်း ၊ရိက္ခာများများအချိန်မရွေးရရှိအောင် ပြင်ဆင်ခြင်း၊ စေတနာ့ဝန်ထမ်းအလုပ်သမားများ ရရှိအောင်

စည်းရုံးခြင်းတို့ကို ဆောင်ရွက်ကြပါသည်။

၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာ် ၂၈ ရက်နေ့တွင် ABSDF မြောက်ပိုင်းသို့ခရီးထွက်ခဲ့ရာ တပ်မဟာ

(၃)မှ အင်ခေါင်း၊ ကြိုးတံတား၊ နောင်ရာပါရွာများကို ဖြတ်ကျော်ကာ ၁၉၉၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက်

နေ့တွင် ABSDF မြောက်ပိုင်းသို့ရောက်ရှိပါသည်။ ကျနော်တို့ရောက်ရှိချိန်တွင် တပ်ရင်းမှူ သိုက်ထွန်း

ဦးနှင့်အတူ ရဲဘော် ၈ ဦး ရင်း ၅ နယ်မြေသို့ စစ်ဆင်ရေးသွားနေကြောင်းသိခဲ့ရသည်။ ကျနော် လမ်း

ကောင်းကောင်းမလျှောက်နိုင်သေးပါ။ တပ်တွင်းအခြေအနေများကို ဆွေးနွေးပါသည်။

ကျနော်နှင့် ကိုသိန်းထွန်းသည် ABSDF တောင်ပိုင်း ဗဟိုမှချမှတ်ထားသော စည်းမျဉ်းဥပဒေ

များနှင့် မြောက်ပိုင်းမှ စည်းမျဉ်းဥပဒေအချို့ ကွားခြားချက်ရှိကြောင်း ထောက်ပြခဲ့ပါသည်။

၁။ သစ္စာအဓိဌာန်

၂။ ရဲဘော်များကို စစ်ဆေးရာတွင် ခုံရုံးဖွဲ့ပြီး စနစ်တကျမစစ်ဆေးဘဲ ပါးစပ်မိန့်ဖြင့်သတ်ခြင်း

၃။ အထက်နှင့်အောက် ညီမျှမှုမရှိခြင်း

၎။ မြို့နယ်စွဲများရှိခြင်း (အထူးသဖြင့် ကချင်ပြည်နယ်)

၅။ ရဲဘော်သစ်စုဆောင်းရာတွင် မတရားစုဆောင်းခြင်း၊ မတရားဖမ်းဆီးခိုင်းစေခြင်း

၆။ အဖွဲ့ပိုင်ငွေကြေးကို အလွဲသုံးစားလုပ်ခြင်း စသည်တို့ကို ဆွေးနွေးရာ သူတို့က ပါယ်ချပြီး

အမှတ်(၁) တွင် အချက် တချက်တိုးပေးပါသည်။ ဗဟိုမှသတ်မှတ်ထားသော စာသားနှင့်မတူပါ။

ABSDF ကချင်နှင့် ၅၀၁ မှကျနော်တို့ နားလည်မှု ကွဲလွဲတာစတင်ပါတော့သည်။ ကချင်ရှိ

စစ်ဗိုလ်ချုပ်သံချောင်းနှင့် ဥက္ကဌ မျိုးဝင်းတို့က ၅၀၁ နှင့် ၆၀၁ ကို သူတို့လက်အောက်ခံတပ်ရင်းများ

ဖြစ်စေချင်ကြသည်။ ထိုအချိန်တွင် အဆင့်လိုက်တာဝန်ယူမှုမှာ အောက်ပါအတိုင်းဖြစ်သည်။

လူကြီးများထံ ကြေးနန်းပို့ရန်တောင်းဆိုခဲ့ရာ ပို့ခွင့်ရသဖြင့် ကချင်ဆက်သွယ်ရေးစက်ဖြင့်

တောင်ပိုင်းဗဟိုဌာနချုပ်သို့ ကြေးနန်းပို့ အကြောင်းကြားပါသည်။ ဗဟိုမှလူကြီးများဖြစ်သော ကို

မောင်မောင်တိတ်၊ ယခင်ဘဏ္ဍာရေး ကိုသန်းဝင်း၊ DAB တွဲဘက်အတွင်းရေးမှူး၊ ကျော်ကျော်

(ABSDF အတွင်းရေးမှူး)၊ မိုးသီးဇွန် (ဥက္ကဌ၊ မုတ်ဆိပ် (ဆက်သွယ်ရေး) တို့နှင့်တွေ့ပါသည်။

ကိုသန်းဝင်းနှင့်တွေ့ချိန်တွင် (ယခင်က) ထိုကိစ္စကိုတားပါသည်။ ၄င်းက ထိုနယ်မြေသို့

မသွားသင့် အန္တရာယ်ရှိနိုင်သည် ဒုတိယအကြိမ် ညီလာခံတွင် ဒီအကြောင်းအရာကို သူတင်ပြ

ပေးပါမည်ဟု ပြောပါသည်။ ကျော်ကျော်နှင့်တွေ့ချိန်တွင် ကျနော်က အကျိုးအကြောင်းပြောပြ

ပြီးတောင်ပိုင်းသို့ပြန်လာမည်ဟုပြောရာ ကျော်ကျော်က ပြန်မလာနှင့်ဟု တားပါသည်။ ကျနော်

က တောင်ပိုင်းသို့မပြန်ရလျှင် ABSDF မှထွက်မည်ဟုပြောသဖြင့် ကျော်ကျော်က လက်နက်

တွေတော့ပြန်အပ်လိုက်ပါ ပြန်ခွင့်မပြုဟု အမိန့်ချမှတ်လိုက်ပါသည်။

ကျနော်တို့က ကျော်ကျော်ပြောသည့်အတိုင်း စစ်လက်နက်ပစ္စည်းများကို အပ်လိုက်ပါ

သည်။ ကျနော်တို့အလွန်ပင်ချစ်မြတ်နိုးသော ကျနော်တို့ကိုယ်တိုင် ကြိုးပမ်းတည်ဆောက်ထား

သော ABSDF အဖွဲ့ကို ခွဲရတော့မည်ဟု သိလိုက်ရပြီး ရင်ထဲမှာဖော်မပြနိုင်လောက်တဲ့ ဝေဒနာ

တွေကို ခံစားလိုက်ရပါတော့သည်။ ကျနော်တို့ထမ်းဆောင်ခဲ့တာတွေ အလကားဖြစ်ကုန်ပြီ ကျ

နော်တို့ရဲဘော်တွေဟာ စစ်မြေပြင်မှာ အသက်ကိုနှင်းပြီး ပြည်သူများအတွက် ကိုယ်ကျိုးစွန့်နေ

ချိန်မှာ လူကြီးပိုင်းမှာတော့ နေရာလုမှုတွေ အဂတိလိုက်စားမှု၊ နယ်မြေလုမှုတွေနဲ့ အချင်းချင်း

ပြ\နာဖြစ်နေကြပါသည်။ အရည်အချင်းရှိတဲ့ရဲဘော်တွေကို သူတို့လက်အောက်ဝင်ဖို့ သိမ်း

သွင်းလို့မရရင် နည်းအမျိုးမျိုးနဲ့စွပ်စွဲပြီး အာဏာနဲ့သတ်ပစ်ကြ၏။ ဒါကို ကချင်ကခေါင်းဆောင်

တွေက သိလျက်နဲ့ မသိယောင်ဆောင်နေခဲ့ကြပါသည်။ AB မြောက်ပိုင်းကလက်နက်သိမ်းထားပြီး

တဲ့နောက်ပိုင်းမှာ ကျနော်တို့ကို မတရားစည်းကမ်းတင်းကြပ်တာတွေလုပ်ခဲ့ပါသည်။

ဒီအချိန်မှာ ဥက္ကဌထွန်းအောင်ကျော်က ထွက်ပေါက်တခုပေးပါသည်။ ကျနော်တို့တောင်

ပိုင်းပြန်ရန်အဆက်အသွယ် ရှာခွင့်ပြုလိုက်တာကြောင့် ကျနော်လည်း ၅၀၁ မှာရှိသည့် ကိုသိန်း

ထွန်း (ဆေးမှူး)၊ အောင်နိုင်(ဆေးမှူး) တို့ကိုဆက်သွယ်ပြီး ကျနော်တို့ကိုပြန်ခေါ်ဘို့ပြောတော့

အောင်နိုင်(ဆေးမှူး)ရောက်လာပြီး မကြာခင်မှာ ၅၀၁ တပ်ရင်းမှူးရဲ့ဆက်သားလုပ်နေတဲ့ စိုး

မင်းအောင်က ၁၉၉၁ ရှစ်လေးလုံးနှစ်ပတ်လည်မတိုင်ခင် ABSDF ကနေထွက်ပြေးသွားပါသည်။

လိုက်ရှာကြရာ စိုးမင်းအောင်ကို ရွှေလီမှာဖမ်းမိလာပြီး ဗန်းမော်ခရိုင်ကို ခေါ်သွားပါသည်။

စိုးမင်းအောင်ကို န၀တထောက်လှန်းရေးဟုစွပ်စွဲပြီး စစ်ဆေးကြပါသည်။ မဟုတ်ပါဘူးလို့ငြင်းသ

ဖြင့် စိုးမင်းအောင်းရဲ့လက်နှစ်ဖက်နဲ့ခြေထောက်ကို ထိပ်တုံးခတ်ထားပြီး ခြေဖ၀ါးနှစ်ဖက်ကို ဒါးနဲ့

ခွဲပါသည်။ မီးကင်ပါသည်။ စိုးမင်းအောင်က အာခေါင်သံကြီးနဲ့အော်ပြီး တောင်းပန်ရှာပါသည်။

သံချောင်းချွန်ချွန်တွေကို မီးဖုတ်ပြီး အသားထဲကိုထိုးထဲ့ပါသည်။ ဒါးကိုမီးကင်ပြီး ကပ်ပါသည်။

စိုးမင်းအောင်က ပထမတော့ တင်းခံထားပေမယ့် နာကြင်လွန်းတော့ ထောက်လှန်းရေးပါ လို့

ဝန်ခံရှာပါသည်။

နှစ်စက်တာကို ခံစားရလွန်းတဲ့ စိုးမင်းအောင်က သက်သာလိုသက်သာညား သွေးရူး

သွေးတန်းနဲ့ ပြောမိပြောရာ နံမည်ပေါင် ၅၀ ကျော်ကို ပြောပြီး အသက်ထွက်သွားရှာတယ်။

အဲဒီအချိန်ကစပြီး တယောက်ပြီးတယောက် အဖမ်းခံရပြီး အနှိပ်စက်ခံကြ၊ မခံနိုင်တော့ နံမည်

တွေလျှောက်ပြောနဲ့ လူပေါင်း ၁၀၀ ကျော် ငရဲခံရပါတယ်။

ဒီလိုနဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ဟာ ကျနော်တို့အတွက် ကြေကွဲစွာခံစားရတဲ့နေ့

တနေ့ပေါ့၊ ကျနော် ကချင်ကိုလာတာ တနှစ်တိတိကြာအောင်လာခဲ့ရတာပါ။ ကျနော်တို့ ထမ်း

ဆောင်တဲ့တာဝန်နဲ့ ဖြတ်သန်းလာခဲ့ရတဲ့ ခရီးကိုမကြည့်ဘဲ ကျနော်နဲ့ အောင်နိုင်ကို န၀တ

ထောက်လှန်းရေးလို့ စွပ်စွဲပြီး နှိပ်စက်ကြပါသည်။ ကျနော်တို့က စိုးမင်းအောင်အဖြစ်ကိုသိ

ထားတာကြောင့် ကျနော်က အောင်နိုင်နဲ့တိုင်ပင်ပြီး ၀န်ခံလိုက်ပါသည်။ ကျနော် န၀တထောက်

လှန်းရေးမဟုတ်တာကို ကျနော်ကိုယ်တိုင်အသိဆုံးပါ န၀တ နဲ့တိုက်ပွဲဝင်ရင်း ဆယ်ခါပြန်သေရဲ

ပါ၏်။ ကိုယ့်အချင်းချင်းသတ်လို့သေမှာကိုတော့ ကြောက်တာအမှန်ပါ။ ဒါကြောင့်အခြေအနေ

ကိုကြည့်ပြီး ၀န်ခံလိုက်ပါသည်။ ၀န်မခံရင်သေအောင်နှိပ်စက်ကြမှာပါ။ လွတ်မည့်ရက်ကိုစောင့်

ရင်း အချုပ်ထဲမှာ ငရဲခံနေရပါသည်။ ညဘက်ရောက်မှာကိုတော့ ကျနော်တို့သိပ်ကြောက်ပါ၏။

ညဘက်ရောက်ရင် မူမူးရူးရူးနဲ့ လာနှိပ်စက်ကြတာကို ခေါင်းငုံ့ခံရပါသည်။ တဖြည်းဖြည်း

နဲ့ ကျနော်တို့လို အစွပ်စွဲခံရသူ ၁၃၀ ခန့်ရှိပါပြီ။ သင်းသင်းညီဆိုရင် ဒါရိုက်တာရှင်လုံးရဲ့သမီးလေး

ပါ သူ့အမေလာခေါ်လို့ လွှတ်ပေးလိုက်ပါသည်။ စိုးမင်း (မန္တလေး ကိုတော့ ဖမ်းပြီး မစစ်ဆေးဘဲ

ပြန်လွှတ်ပေးလိုက်ပါသည်။ မျိုးဇော်အောင်ကိုတော့ ဆက်သွယ်ရေးစက်ရှိတယ်ဆိုတဲ့စွပ်စွဲချက်

နဲ့ နည်းမျိုးစုံစစ်ဆေးမေးမြန်းကြပါသည်။ ဇောက်ထိုးဆွဲထားပြီး စအိုထဲကို ၀ါယာကြိုးထည့်ကာ

လျှပ်စစ်လွှတ်လိုက်တာ အူပုတ်ပြီးသေသွားပါတော့သည်။ ဒီသတင်းကိုကြားတော့ ဗန်းမော်ခ

ရိုင်က ဂါမဏိသက်တင်၊ စိုးကြိုင်တို့ထွက်ပြေးပြီး အလင်းဝင်သွားပါတော့သည်။

ဒီအကြောင်းကိုသိသွားသော တပ်ရင်းမှူးဘဂျမ်းက ဒေါသူပုန်ထပြီး အချုပ်ခန်းထဲကို သူရဲ့

ပစ္စတိုနဲ့ လိုက်ပစ်ပါသည်။ ဦးအောင်မိုး(ဗန်းမော်)ကိုထိမှန်ပြီး ပွဲချင်းပြီး သေတာကို ခြေသလုံး

သားတွေလှီးပစ်ပါသေးသညါ။ အဲဒီညမှာ သက်နိုင်ကိုခေါ်ထုတ်ပြီး မေးတာ မေးလို့မရတော့

သက်နိုင်ရဲ့နားရွက်ကို သေနတ်နဲ့ပစ်ဖောက်ပြီး ပေါက်သွားတဲ့နေရာကို ဒုတ်နဲ့ထိုးထဲ့ပါသည်။

နောက်နေ့မှာကျော်ဌေးကိုခေါ်ထုတ်ပြီး ထောက်လှမ်းရေးမဟုတ်လားလို့ စွပ်စွဲမေးတာကို

ကျော်ဌေးက မဟုတ်ပါဘူးလို့ အတန်တန်ငြင်းတာကြောင့် ကျော်ဌေးရဲ့မျက်လုံးနှစ်ဖက်ကို

အပ်နဲ့ထိုးဆွပါသည်။ အဲဒီဒဏ်ရာနဲ့ဘဲကျော်ဌေးသေပါတော့သည်။

နေ့စဉ် နေ၀င်ကမိုးချုပ်ထိ အော်ဟစ်တောင်းပန် ငြီးငြူသံတွေက စိတ်ခြောက်ချားစရာ

ကောင်းလှပါသည်။ ကျော်ဌေးသေခါနီးပြောစကားအရ ကျော်ဝေနဲ့ခင်ချိုဦးကို ထပ်ပြီးစစ်ဆေး

ကြပြန်ပါရော။ အဆိပ်တွေဘယ်မှာဝှက်ထားသလဲဆိုပြီး ကျော်ဝေကို ဒါးအဖျားနဲ့ နားရွက်ကို

တနေကုန်ရိုက်ပြီးမေးပါသည်။ နောက်ပြီးချောင်းထဲမှာရေနှစ်သည်။ နောက်ဆုံးအဆိပ်ထုတ်

မပေးရကောင်းလားဆိုပြီး ကျော်ဝေရဲ့ခြေသန်းတဖက်ကိုဖြတ်ပြီး ပါးစပ်နဲ့ကိုက်ပြေးခိုင်းပါ၏်။

အချုပ်ထဲရောက်တော့ အဲဒီလက်ပြတ်ကို ကြိုးနဲ့သီပြီး လည်ပင်းမှာဆွဲခိုင်းထားပါသည်။ ငါးမိ

နစ်တကြိမ် တယောက်ပြီးတယောက်ဝင်လာပြီး အချုပ်ခန်းထဲက လူတွေကို ရိုက်ပါသည်။

ခင်ချိုဦးကို အဆိပ်လိုက်ပြခိုင်းရာ ခင်ချိုဦးက မသိတဲ့အကြောင်း မရှိတဲ့အကြောင်း

ငိုပြီးတောင်းပန်ရှာသည်။ ဒါပေမယ့် စစ်တဲ့သူတွေက သူရဲပူးနေသလိုဘဲ ရက်စက်စွာနှင့်

ခင်ချိုဦးရဲ့အ၀တ်အစားတွေကို အကုန်ဆွဲချွတ်ပစ်လိုက်ပြီး လိုက်ရှာပါသည်။ မတွေ့တော့

ခင်ချိုဦးကို မြေကြီးထဲမြှုပ်ထားပြီး ခေါင်းသာဖော်ထားပြန်ပါသည်။ ပါစပ်ထဲကိုဒါးထဲ့ပြီးမွှေပြန်

ပြန်ပါသည်။ ဆံပင်ကိုလည်းဒါးနှင့်ဖြတ်ပစ်ပါသည်။ တဖန် ဆံပင်ဆွဲပြီး တပ်ဝင်းထဲကိုဒရွတ်

တိုက်ဆွဲတာကြောင့် အ၀တ်မရှိဘဲပက်လက်ကြီးပါလာတဲ့ ခင်ချိုးဦးကိုမြင်ရတော့ မမြင်ရက်

စရာပါ ကျနော်မျက်ရည်ကျမိပါတော့သည်။ ဘယ်လောက်ယုတ်မာသလဲဆိုလျှင် ခင်ချိုဦးရဲ့

မိန်းမအင်္ဂါကိုဒုတ်နဲ့ထိုးပြီး ရှာဖွေနေတာမြင်ရတဲ့မြင်ကွင်းကတော့ ငရဲပြည်မှာတောင်မှ ဒီ

လောက်ရက်စက်ယုတ်မာတာ ရှိမယ်မထင်ပါဘူး။ ခင်ချိုဦးက မခံမရပ်နိုင်လို့ အော်တော့

မကြားဝံ့မနာသာ ဆဲနေကြတာ ယောင်္ကျားကြီးတွေတန်မယ့် မိန်းမယုတ်တွေထက်တောင်

အောက်တန်းကျပါတော့၏။ ဆဲရင်းပါးကိုဝိုင်းရိုက်နေလိုက်ကြတာ တိရိစ္ဆာန်တွေလိုပါပဲ။

လိုင်စင်တောင် ပါဂျောင်စခန်းမှ ရင်နင့်ဘွယ်ဖြစ်ရပ်များ ( ထင်လင်းအောင် ၏ အစီရင်ခံစာ) ( နိဂုံးအပိုင်း )

by Maung Maung Wann on Friday, January 20, 2012 at 9:45am

ရန်ကုန်က ပြည့်စိုးနိုင်ဆိုရင် ကျင်ချောင်းကို ကျင်စက်တပ်ပြီး ရှော့ရိုက်တာခံရလို့

ပွဲချင်းပြီးဘဲ။ အောင်မိုးကတော့ ထောင်ထဲမှာ ကြိုးဖြုတ်တယ်ဆိုပြီး မီးဒုတ်နဲ့လက်ဖျန်ကို

တနေရာတည်းထပ်ကာထပ်ကာ ရိုက်ကြတဲ့အတွက် အတွင်းကြေကြေပြီး ပုပ်စောနံလာ

ကာ လက်ဖြတ်လိုက်ရပါသည်။ တရုတ်ပြည် ရင်ခြမ်းကနေတောခိုလာတဲ့ ရာကွတ်ဘိုင်ကို

လည်း ထောင်ထဲမှ ကြိုးဖြုတ်ဖို့ စွပ်စွဲပြီး လက်ဖျန်ကို ဒါးဦးနဲ့ထောက်ပြီးလှုည့်သွင်းတာပေါက်

ထွက်သွားပြီး သွေးအများကြီးထွက်လို့ နောက်နေ့မှာ သေဆုံးသွားပါသည်။

ဇော်ဝင်းချစ် (ဗန်းမော်) ကို အမ် ၂၀ သေနတ်နဲ့ မျက်နှာကိုရိုက်နှက်ပြီး နားရွက်ကို

ကိုတိုင်မှာကပ်ပြီး ဒါးဦးနဲ့ထိုးဖောက်တဲ့အပြင် နားခေါင်းကိုသံချိပ်နဲ့ ချိပ်ဆွဲပြီး ခြေဖျားထောက်

တဲ့အနေအထားထိ ဆွဲတင်ကာချီထားပါသည်။ ဒါတင်မကသေးပဲ ပါးစပ်ကိုဟခိုင်းပြီး ၀ါယာ

ကြိုးကိုကိုက်ခိုင်းထားကာ လျှပ်စစ်လွှတ်တဲ့အတွက် နေရာမှာပွဲချင်းပြီးသေးပါရော။ တင်မောင်

အေး (ခ) အားစိုက် (ကသာ)၊ ဌေးဝင်းမြင့်တို့ နေမကောင်းသဖြင့် KIA ဆေးရုံတက်နေရာက

ရောဂါပျောက်ပြီ လာခေါ်ပါဟု ဖုန်းဆက်အကြောင်းကြားရာ တဖက်ကနားထောင်သူက

ပျောက်သွားတယ်ဟုကြားသဖြင့် သေဒဏ်အမိန့်စာထုတ်ပြီး လိုက်ရှာရာ ဆေးရုံမှာတွေ့ရတာ

ကို ပြန်ခေါ်လာပြီး လမ်းမှာပင်သတ်ပစ်လိုက်ပါသည်။

စစ်သင်တန်းဆရာလေး ၀င်းအောင် ဗန်းမော်မှာတိုက်ပွဲဖြစ်နေI စခန်းမှာအစောင့်

ထားခဲ့ရာ စစ်တပ်ကသတ်ပစ်ပါသည်။ နန်းအောင်ထွေးကြည်၊ ကိုထွန်းအောင်ကျော်၊ ကိုချို

ကြီးတို့သုံးယောက်မက လက်ဝါးကပ်တိုင်မှာ ကြိုးတုတ်ခံရသည်။ ရိုးရိုးမဟုတ်ပါ ခင်ချိုဦးနှင့်

အတူ အလွန်အေးပြီးရေခဲနေတဲ့နေရာမှာ ကိုယ်တုံးလုံးနှင့် ထားပါသည်။ နှိပ်စက်မှုမျိုးစုံကို

တော့ ကုန်ဆုံးအောင် မဖော်ပြနိုင်တော့ပါ။

နန်းစောဆိုသူမိန်းခလေးကတော့ မိန်းမတံဆာထဲကို နံပ်တ်ဒုတ်နှင့်ထိုးထဲ့သဖြင့်

သားအိမ်ကွဲသွားပြီး တသက်လုံးဝေဒနာခံစားနေရပါ၏။

ညီညီကျော် (ခရိုင်မှူး၊ မန္တလေး ကို ဆွဲခေါ်သွားကြပြီး ၃ ရက်အကြာမှာတော့ပျောက်

သွားပါသည်။ ရဲလင်း (ခရိုင်မှူး၊ ရန်ကုန်) ညှင်းပမ်းနှိပ်စက်မှုမျိုးစုံခံနေရသည်ကို မိဘများသိ

ရှိကာ လိုက်လာပြီး ခံဝန်ဂတိပေးကာခေါ်သွားပါသည်။ ၀ဏ္ဍဇော်(ရန်ကုန်)၊ ဘိုဘို(ရန်ကုန်)၊

အောင်ကျော်စိုး (သာယာဝတီ)၊ ညီညီ (မန္တလေး) တို့အားလုံး မိဘများလာရောက်ခံဝန်ဂတိ

ထိုးကားပြန်ခေါ်သွားကြသည်။ နန်းအောင်ထွေးကြည်ကို KIA မှအာမခံကာခေါ်သွား၏။

ကိုထွန်းအောင်ကျော်ကိုတော့ သံချောင်းကိုမီးဖုတ်ပြီး ဒူးခေါင်းကိုထိုးတဲ့အတွက်

လမ်းကောင်းကောင်းမလျှောက်နိုင်တော့ပါ။ သို့နှင့်အားမရသေးဘဲ အဆိပ်နဲ့ဆက်သွယ်ရေး

စက်တောင်းပြန်ပါသည် ကိုထွန်းအောင်ကျော်က ကျနော့်မှာမရှိဘူးလို့ပြောတော့ မရဘူး။

ကိုထွန်းအောင်ကျော်က အချိန်ဆွဲပြီး သူ န၀တ သူလျှိုမဟုတ်ဘူးဆိုတာကို KIA နားလည်

အောင် ကျိုးစားပေမယ့် KIA က မကာကွယ်ဘဲ မသိယောင်ဆောင်နေခဲ့ပါသည်။

ကိုထွန်းအောင်ကျော်ကို နှိပ်စက်ပုံမှာ ကိုထွန်းအောင်ကျော် လမ်းနည်းနည်းလျှောက်

နိုင်မှန်းသိတော့ လှေခါးက၀ါးတွေကိုပြောင်းပြန်လုပ်ထားသည်။ အဲဒီအပေါ်ကို ဖင်ဒရွတ်ဆွဲ

ပြီးတက်နေတဲ့ ကိုထွန်းအောင်ကျော်ကို ကန်ချလိုက်တော့ ဒလိန့်ခေါက်ခွေးကျသွားပါသည်။

ဝါးငုတ်တွေပေါ်ကျတဲ့ ဒဏ်ရာကြောင့် အိပ်ယာပေါ်ကမထနိုင်တော့ပါ။ သူ့ညီရဲ့လက်ကောက်

ဝတ်ကိုဖြတ်ပြီး ပါးစပ်ထဲမှာကိုက်ခိုင်းထား၏။ ကျနော်ငိုချင်လာတဲ့အထိ ရင်ထဲမှာထိခိုက်စွာခံ

စားရပါသည်။ အားလုံးမြင်နေရပေမယ့် ကိုယ်တိုင်လည်း အနှိပ်စက်ခံနေရကြရာမို့ တယောက်

ကိုတယောက် မကယ်နိုင်ကြပါပေ။နောက်ဆုံးမှာ ကိုထွန်းအောင်ကျော်က အားလုံးထောက်

လှမ်းရေးမဟုတ်ပါဘူး ကျနော်တယောက်တည်းသာထောက်လှမ်းဖြစ်တယ်လို့ပြောပြီအသက်

ပေးသွားပါသည်။ မျိုးဝင်းကိုယ်တိုင် ကိုထွန်းအောင်ကျော်ကို ဒါးနဲ့ခုတ်သတ်လိုက်တာပါ။

ကိုထွန်းအောင်ကျော်ကို အလွန်လေးစားမိပါသည်။ ကျနော်မသေးသမျှ အမှန်တရားတွေကို

ဖော်ထုတ်ပါမည်ဟု သံဓိဌာန်ချထားပါသည်။

ချိုကြီးကိုစစ်ဆေးတာကတော့  ကတ်တရာလိပ် (ရင်ဘောင်ခြမ်း) ကို စက္ကူပတ် မီးရှို့

ပြီး ဗိုက်ပေါ်တင်စစ်ဆေးပါသည်။ မသေခင်တရက်မှာ ညီအကိုနှစ်ယောက်ကို တပြိုင်တည်း

ခေါ်ပြီး ချိုကြီးရဲ့ညာဘက်လက်ကောက်ဝတ်ကိုဖြတ်ပြီး လက်ဖ၀ါးကိုဒါးဦးချွန်နဲ့ထိုးကာ အကို

ဖြစ်သူ ကိုထွန်းအောင်ကျော်ရဲ့ ပါစပ်ထဲကိုထဲ့ပြီး ကိုက်ခိုင်းထားပါသည်။ လက်သဲခွန်ထဲကိုသံ

ချောင်းတွေရိုက်ထဲ့ထားပါသည်။

မင်းသိန်းကတော့ အချုပ်ထဲမှာဘဲ လှမျိုးအောင်ကနံချပ်ကူနဲ့ရိုက်လို့သေသွားသည်။

ဂမ်မဏိအလင်းပြန်ဝင်သွားသည်ကို ဗဟိုကလိုက်သတ်တော့ သူ့အဖေကိုသာတွေ့လို့ အဖေ

ကိုသတ်ပစ်ခဲ့ကြောင်း သိရပါသည်။ ဦးမိုးလည်း အလင်းပြန်ဝင်တာသိလို့ အသတ်ခံရပါသည်။

မောင်မောင်ကြွယ် (ဒေါ်ချိုချိုကျော်ငြိမ်းမွေးစားသား) ကတော့ ဖမ်းဆီးအနှိပ်စက်ခံရပြီး ၁၉၉၂

ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာအဖမ်းခံရသူတွေထဲမှာ ၁၄ယောက်ကိုရွေးထုတ်ကာသတ်

ပစ်ကြပါသည်

၁။ ကိုထွန်းအောင်ကျော်

၂။ ကိုချိုကြီး (မန္တလေး)

၃။ ကိုလှမြင့်(တပ်ကုန်း)

၎။ ကိုရန်အောင်(ရန်ကုန်)

၅။ ဗိုလ်သာဓု(ရန်ကုန်)

၆။မောင်မောင်ကြွယ်(ရန်ကုန်)

၇။အောင်ဖိုး(ရန်ကုန်)

၈။တပ်ကြပ်ဌေးမြင့်ဝင်း(ရန်ကုန်)

၉။ ခင်ချိုဦး(မန္တလေး NLD)

၁၀။ တပ်ကြပ်ကြီး တူးတူး(မြစ်ကြီးနား)

၁၁။တပ်ကြပ်ကြီးသောင်းမြင့်(စစ်ကိုင်း)

၁၂။ကျော်ကျော်မင်း(မုံရွာ

၁၃။အေးမြင့်

၁၄။ သက်နိုင်(ရန်ကုန်)

အားလုံးကို ငါးယောက်တကျင်းမြှုပ်ပြီး ခင်ချိုဦးက တကျင်းဖြစ်ပါသည်။သေသွားသည်ကို

ပင် မိန်းမအင်္ဂါထဲ ဒုတ်ထဲ့ပြီးမြှုပ်ပါသည်။

ဗဟိုမှ တတိယအကြိမ်စည်းရုံးရေးအတွက် လာရောက်သူဒေါက်တာ

နိုင်အောင် (ယခု NDD) နှင့်အတူ လှဌေးလည်းပါလာပါသည်။ဒေါက်တာနိုင်အောင်က ကျနော်တို့

အချုပ်ခန်းကိုလာကြည့်ရာ အချုပ်ခန်းရှေ့ဝါးခင်းပေါ်ခြေထောက်တင်ပြီး “ဒီကောင်တွေသတ်ပစ်

လိုက် ငါတာဝန်ယူတယ်”ဟုအမိန့်ပေးရင်းသခင်အားရ ကျွန်ပါးဝ လုပ်သွားပါသည်။ သူ ဥက္ကဌ

ဖြစ်ရေးကို အရေးထားပြီး မဲပေးမည့်ဗဟိုကော်မတီဝင်တွေကို မျက်နှာလိုမျက်နှာရလုပ်သွားခြင်းပါ။

ရဲဘော်များအပေါ် စာနာစိတ်မရှိသူဖြစ်ပါသည်။

တတိယအကြိမ် ညီလာခံမှာ အရှက်နည်းစွာဖြင့် ဥက္ကဌတာဝန်ရရှိသွားခဲ့ပါသည်။နောက်

ပိုင်းတွင်လည်း ABSDFတောင်ပိုင်းအထိ အဲဒီထောက်လှမ်းရေးဆိုပြီး ဖမ်းတဲ့ရောဂါပို ပျံ့နှံ့သွားခဲ့ပါ

သည်။ ဒီလုပ်ရပ်များက ဗကပ ၏ဖြုတ်ထုတ်သတ်ထက် ABSDF ကအပုံကြီးသာသွားပါသည်။ ဒါ

ကြောင့်  ABSDF ဟာနိုင်ငံရေးမှာ တ၀က်လောက်ရှုံးနိမ့်ခဲ့ရပြီးနောက်ပိုင်းတက်လာတဲ့ ဥက္ကဌတွေ

အနေနဲ့ ခုချိန်ထိ ဒီဒဏ်ကိုခံနေရစဲပါ။

ကချင်ပြည်နယ်တွင် န၀တထောက်လှမ်းရေးဟု စွပ်စွဲခြင်းခံရသူများစာရင်း

၁။ ထွန်းအောင်ကျော် – မန္တလေး –  (သေဆုံး)

၂။ ချိုကြီး                         ။                  ။

၃။ ညီညီ

၎။ ရာပြည့် (ခ) ခင်မောင်တင့်

၅။ စိန်ဝင်း   (သေဆုံး)

၆။ ထိန်လင်း – ရန်ကုန်

၇။ လွင်မင်းသန့် (ထိန်လင်း) – မန္တလေး

၈။ ကိုဇင်

၉။ ညီညီကျော်

၁၀။ နိုင်ဝင်းအောင်

၁၁။ ရဲလင်း – ရန်ကုန်

၁၂။မောင်မောင်ကြွယ်  (သေဆုံး)

၁၃။ မိုးကျော်သူ

၁၄။ ၀ဏ္ဍဇော်ခင်

၁၅။ နန်းအောင်ထွေးကြည် (မငယ်)

၁၆။အောင်ကျော်ဦး

၁၇။ ကိုအုံးကြိုင်

၁၈။အောင်ကျော် (သေဆုံး)

၁၉။ကျော်နိုင်ဦး

၂၀။ဇော်မိုး

၂၁။ကျော်စွာဝင်းမောင်

၂၂။ တိုးကြည်

၂၃။အောင်ကျော်မြင့်  (သေဆုံး)

၂၄။မောင်မောင်

၂၅။ သက်တင်

၂၆။အောင်နိုင်

၂၇။ ဆန်းမြင့်ကိုကို

၂၈။ ဒိုတာ

၂၉။ တင်လွမ်းမိုး

၃၀။ စည်သူထွန်း

၃၁။ ကံမြင့်ဦး

၃၂။ကျော်မျိုး

၃၃။ လှဝေ

၃၄။ နိုင်လင်း

၃၅။ အားစိုက် (တင်မောင်အေး) -သေဆုံး

၃၆။အောင်ကိုး                                ။

၃၇။ မိုးဇော်အောင်                          ။

၃၈။အောင်မိုး                                  ။

၃၉။ကျော်ဝေ                                  ။

၄၀။ကျော်ကျော်ဦး (မုံရွာ)               ။

၄၁။ကျော်ကျော်မင်း                       ။

၄၂။ ဦးသောင်းမြင့်                         ။

၄၃။ ဦးစိန်                                     ။

၄၄။ကျော်ကျော်ဦး (တဇယ်)         ။

၄၅။ ဦးမိုး

၄၆။ သန့်စင်မိုး (အီနွတ်)

၄၇။ ထွန်းဇံ

၄၈။ကျော်ဇင်ထွန်း

၄၉။မောင်မောင်ခင်

၅၀။ မိုးဆန်း

၅၁။မောင်မောင်                     -သေဆုံး

၅၂။ကျော်ကျော်ဦး(ကသာ)          ။

၅၃။ ၀င်းမြင့်

၅၄။အောင်မွန်

၅၅။ ဟန်ဝင်းအောင်

၅၆။ဇော်ထွန်း

၅၇။ နိုင်အောင် PSLP

၅၈။ သိန်းနိုင်ချို

၅၉။ စိုးလေး

၆၀။မြင့်သိန်း

၆၁။ ထိန်လင်း (ဘောကြီး)

၆၂။ သာဓု (သေဆုံး)

၆၃။ ခင်ချိုဦး                -သေဆုံး

၆၄။ တူးတူး (မိုးညှင်း)

၆၅။ နန်းစော

၆၆။ ဥတည်ဘွား

၆၇။ ဦးမင်းအောင်                        -သေဆုံး

၆၈။ တူးတူး (မြစ်ကြီးနား)                  ။

၆၉။ စံမျိုးအောင်                                ။

၇၀။ ရန်အောင်                                  ။

၇၁။ မျိုးသန်းဦး                                 ။

၇၂။ သိန်းထွန်း

၇၃။ပြည့်စိုးနိုင်                                   ။

၇၄။ဌေးမြင့်ဝင်း                                 ။

၇၅။ ခင်မောင်ဇော်

၇၆။ စိုးလွင်

၇၇။အောင်ဝင်း

၇၈။ကျော်ကျော်နိုင် (ဘောတလုံး)

၇၉။ပေါ်ဦး

၈၀။ ထွန်းဦးနိုင်

၈၁။ သက်တင်

၈၂။ လှမြင့်                 -သေဆုံး

၈၃။ ညီညီနိုင်

၈၄။ ခင်မောင်ကြည်

၈၅။ မိုးကြီး

၈၆။ တင့်လွင်                    -သေဆုံး

၈၇။ကျော်ဌေး                          ။

၈၈။ ရာကွတ်ဘိုင်                    ။

၈၉။ ခင်မောင်စိုး                      ။

၉၀။ဇော်ဝင်းချစ်                      ။

၉၁။ ၀င်းနောင်                        ။

၉၂။ ၀င်းသိန်း                         ။

၉၃။အေးမြင့်                           ။

၉၄။ဇော်ဝင်းချစ်                      ။

၉၅။အေးမြင့်                           ။

၉၆။အောင်မိုး                          ။

၉၇။ စိုးဝင်းသန်း                      ။

၉၈။ ဂမ်မလိ (ဖခင်အသတ်ခံရသည်)

၉၉။ စိုးကြိုင် (ပြည်တွင်းမှာအသတ်ခံရသည်)

ကျနော်ရဲ့တင်ပြချက်တွေအားလုံးအမှန်ဖြစ်ကြောင်း တာဝန်ယူပါသည်။

ကျနော့်အနေနှင့်သေဆုံး-အနှိပ်စက်ခံရသူတွေဟာထောက်လှမ်းရေး မဟုတ်ကြောင်း ယခုလို

အနှစ် ၂၀ ကာလမှာ စစ်ဆေးနိုင်ပြီဆိုတာကို တင်ပြချင်ပါသည်။

ထိုအချိန်တွင် တာဝန်ရှိသူများမှာ

၁။အောင်နိုင် (ဥက္ကဌ)

၂။ သံချောင်း (CS) (သာယာဝတီ ထောင်)

၃။ မျိုးဝင်း (BCS) (သေဆုံး)

၎။အောင်ကြီး (ဘဏ္ဍာရေး)

၅။နေဒွန်း (ဦးစီး)

၆။ လှဆိုင်း (ဘဏ္ဍရေး)

၇။ စိန်အေး (စည်းရုံးရေး)

၈။အောင်သန်း (ဘဂျမ်း) ၇၀၁ တပ်ရင်းမှူး

၉။အောင်ဆွေဦး  ၇၀၂ တပ်ရင်းမှူး

၁၀။  သိုက်ထွန်းဦး   ၅၀၁ တပ်ရင်းမှူး

၁၁။ မိုးနောင်

၁၂။ သက်လင်း

၁၃။ နိုင်စော

၁၄။မောင်ထွေး

၁၅။ သန်းဇော် (မန္တလေး)

၁၆။ လှနူးလ်

၁၇။ ကိန်းမြင့်

၎င်းတို့အပြင် ABSDF ဗဟိုမှဒေါက်တာနိုင်အောင် (NDD) တို့ပင်ဖြစ်ပါသည်။

နောက်ထပ် တာဝန်ရှိသူများစာရင်းကို ထပ်မံတင်ပြလိုက်ပါသည်။

၁။ ထွန်းအောင်ကျော် (ဥက္ကဌ)

၂။ သံချောင်း             (ဒု  ။     ) စစ်ရေးတာဝန်ခံ

၃။ မျိုးဝင်း                  (    ။     )တွဲဘက်စစ်ရေးတာဝန်ခံ

၎။အောင်ကြီး   (ဘဏ္ဍာရေး)

၅၊အောင်နိုင်   (အတွင်းရေးမှူး)

၆။နေဒွန်း   (စီးပွားရေးတာဝန်ခံ)

၇။ ဒူဝါလှဆိုင်း  (ဘဏ္ဍာရေး)

၈။ တင်မောင်အေး

၉။ ဦးစိန် (နိုင်ငံရေးနှင့်စည်းရုံးရေး)

၁၀။ ညီညီကျော် (ဗန်းမော်ခရိုင်မှူး)

၁၁။ ရဲလင်း  (ရွှေဂူခရိုင်မှူး)

၁၂။ ဗဂျမ်း (အောင်သန်း)    ၇၀၂ တပ်ရင်းမှူး

၁၃။အောင်ဆွေဦး               ၇၀၁ တပ်ရင်းမှူး

၁၄။ စိန်အေး          (စည်းရုံးရေး)

အထက်ဖော်ပြပါစာရင်းမှလူများမှာ ABSDF ကချင်(မြောက်ပိုင်း)ကော်မတီဝင်များဖြစ်ကြပြီး

တောင်ပိုင်းမှ လာရောက်တာဝန်ထမ်းဆောင်သူများမှာ

ကျော်ကျော် (ယခင်ဥက္ကဌ ) လှဌေး (စစ်ကိုင်းတိုင်း) နှင့် စိုးလင်း(နိုင်ငံရေးနှင့်စည်းရုံးရေး)တို့

ဖြစ်ကြပါသည်။

သွေးမဲ့မော်ကွန်း

တို့နိုင်ရဘို့အတွက်

ကြိုးစာားရင်း

ငါတို့ရဲ့…

သွေးတွေ….ချွေးတွေ

မော်ကွန်းပြောင်းပြန်

တင်ခဲ့ပြီ။

(မှတ်ချက်။      ။ ရာစုနှစ် နှစ်ခုကျော်လာပြီဆိုတော့ အမှန်တကယ်ထောက်လှမ်းရေးဟုတ်မဟုတ်

                  ခွဲခြားလို့ရပြီပေါ့ဗျာ။ အဲဒီတော့ အပြစ်မဲ့သေဆုံးသွားသူတွေအတွက် ဘာလုပ်သင့်

                  လဲဆိုတာကိုတော့ စာဖတ်သူစဉ်းစားပေးစေချင်ပါတယ်)

                                                        ထင်လင်းအောင်

Disclaimer: We may not know the facts are real or just note. But we recommend people should focus on this article.

Thank you for Reading

New Burma Media

REF: http://www.facebook.com/onemyat?sk=notes

by Maung Maung Wann on Wednesday, January 18, 2012 at 9:45am and Friday, January 20, 2012 at 9:45am

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: