“ဒီမိုကရေစီ အမှန်တကယ်ရရှိဖို့ အစွမ်းအထက်ဆုံးလက်နက်က လွှတ်တော်ပါပဲ”


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းတို့ တွေဆုံခဲ့ပြီး လွှတ်တော်နှစ်ရပ်ပူးပေါင်းဆောင်ရွက်ရန် အမေရိကန်လွှတ်တော်သို့ လာရောက်လေ့လာရန် ဖိတ်ကြားခဲ့

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းတို့ တွေ့ဆုံကြစဉ်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းတို့ ဇန်န၀ါရီလ ၂၂ ရက်နေ့က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးရာတွင် လွှတ်တော်နှစ်ရပ်ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် အမေရိကန်လွှတ်တော်သို့ လာရောက်လေ့လာရန် ဖိတ်ကြားခဲ့ပြီး လွှတ်တော်နှစ်ရပ်ပူး ပေါင်းဆောင်ရွက်ပါက မြန်မာ့လွှတ်တော်၏ အရည်အသွေး ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ လွှတ်တော်အရည်အသွေးများ ပိုမိုကောင်းမွန်လာပါက ဒီမိုကရေစီအရေး ဆောင်ရွက်ရာတွင် ထက်ထက်မြက်မြက် စွမ်းဆောင်လာနိုင်မည်ဖြစ်၍ လာရောက်လေ့လာရန် ဖိတ်ကြားခဲ့ကြောင်း သိရသည်။

”အခုလာရောက်ဆွေးနွေးတဲ့ ဂျွန်မက်ကိန်းဦးဆောင်တဲ့အဖွဲ့မှာ ဆီနိတ်တာလေးယောက် ပါလာပါတယ်။ နှစ်ယောက်ကတော့ သမတ္တလောင်းတွေ ဖြစ်ခဲ့ဖူးပါတယ်။ Sanctions ကိစ္စတွေကိုလည်း ပြန်လည်ဖွင့်လှစ်ပေးနိုင်ဖို့ တစ်ဆင့်ချင်းတိုးတက်အောင် ဆောင်ရွက်ပေးသွားမယ်။ သံတမန် အဆင့်တိုးမြှင့်မှာလည်း သေချာပါတယ်။ သူတို့ကလည်း အဆင့်လိုက် အဆင့်လိုက် ဆောင်ရွက်နေတာဆို တော့ ရက်အတိအကျ မပြောသေးပါဘူး”ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဂျွန်မက်ကိန်းကလည်း ”ဒီမိုကရေစီ အမှန်တကယ်ရရှိဖို့ အစွမ်းအထက်ဆုံးလက်နက်က လွှတ်တော်ပါပဲ။ လွှတ်တော်မကောင်းရင် ဒီမိုကရေစီမဖြစ်ပါဘူး။ နောက်ပြီး လွှတ်တော်က နိုင်ငံရဲ့ဘတ်ဂျက်တွေကို သေသေချာချာ စိစစ်မပေးနိုင်ရင် အဆင်မပြေဘူး။ အဲဒါကို သေသေချာချာ တိတိကျကျ စိစစ်ပေးနိုင်ရမယ်။ အရေးကြီးဆုံးနောက်တစ်ခုကတော့ ရေးရာကော်မတီတွေ အလုပ်မဖြစ်လို့ မဖြစ်ဘူး။ အဲဒီရေးရာကော်မတီတွေ အသက်ဝင်မှ ဒီမိုကရေစီစစ်ကိုရောက်မယ်”ဟုအကြံပြု ဆွေးနွေးခဲ့သည်။

လွှတ်တော်အနေဖြင့် နိုင်ငံတိုးတက်ရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမေရိကန်အထက်လွှတ်တော်အမတ် လာရောက်တွေ့ဆုံရာမှာလည်း တိုင်းရင်း သားကိုယ်စားလှယ်တွေရှေ့မှာပဲ ပွင့်ပွင့်လင်းလင်းဆွေးနွေးကြောင်း၊ လျို့ဝှက်စရာမရှိကြောင်း၊ နိုင်ငံ့အကျိုးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ပြောကြားချက်များအရ သိရပါသည်။

Source: Weekly Eleven

Monday, 23 January 2012 00:32

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: