ပြည်ပရှိ ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့များနှင့် ချိတ်ဆက်ကာ ရိုက်ကူးမှုများ ဆောင်ရွက်သွားမည့် ရုပ်ရှင်ကော်မရှင်အဖွဲ့


ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့ရုပ်ရှင် လုပ်ငန်းရဲ့ ဦးဆောင်မှုနဲ့ မြန်မာနိုင်ငံ အတွင်း ရုပ်ရှင် ကော်မရှင် အဖွဲ့တစ်ဖွဲ့ စည်းဆောင်ရွက်သွားဖို့ စီစဉ်နေပြီး အဆိုပါအဖွဲ့ဟာ ပြည်ပမှာရှိတဲ့ ရုပ် ရှင် ရိုက်ကူးရေး အဖွဲ့တွေနဲ့ချိတ်ဆက်ကာ ရိုက်ကူးမှုတွေကို ဆောင်ရွက် သွားမှာဖြစ်တယ်လို့ မြန်မာ့ ရုပ် ရှင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

ဒီလိုပြည်ပရှိ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့များနဲ့ ချိတ်ဆက်ကာ ရိုက်ကူးရာမှာ ပြည်တွင်းရှိ ဘဘာဝ နောက်ခံရှုခင်းများနဲ့ ပတ်ဝန်းကျင် အလှအပများကို နောက်ခံထားကာ လာရောက် ရိုက်ကူးဖို့အတွက် စီစဉ်ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့အတွက်လည်း မြန်မာနိုင်ငံရဲ့ သဘာဝ ပတ်ဝန်းကျင်အလှအပများနဲ့ နေရာဒေသများကို ဖော်ပြထားတဲ့  Website တစ်ခုကို လွှင့်တင် ဆောင်ရွက်သွားဖို့လိုတယ်လို့ သိရပါတယ်။ ပြည်ပမှ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့များ ၀င်ရောက်လာ ခြင်းအားဖြင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာကာ ပြည်တွင်းမှာလည်း အလုပ်အကိုင် သစ်များ ဖန်တီးပေးလာနိုင်မယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် ရုပ်ရှင်ကော်မရှင်အဖွဲ့တစ်ရပ် ဖွဲ့စည်းဆောင် ရွက်ပြီးပါက ဒေသတွင်း ရုပ်ရှင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကို အထောက်အကူပြုစေ နိုင်ခြင်း၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်ခြင်းနဲ့ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ အထောက် အကူပြုစေ လာနိုင်မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့်အဆိုပါ အဖွဲ့ဖွဲ့စည်းဆောင်ရွက်နိုင်ဖို့ အတွက်ကိုလည်း ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၂ရက်နေ့နဲ့ ၁၃ရက်နေ့များက BUSAN Film Commision AFC Net အဖွဲ့တို့က အာဆီယံ-ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း Seminar ကို လာရောက်ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ AFC Net အဖွဲ့ကလည်း ရုပ်ရှင်ကော်မရှင်ဆိုင်ရာ ဆွေးနွေးပွဲများ ထပ်မံ လာရောက် ဆွေးနွေးဖို့ အစီအစဉ်ရှိတယ်လို့လည်း သတင်းရရှိပါတယ်။

News Source: MRTV 4  24/01/2012

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: