တိုင်ရီစက်ရုံ အလုပ်သမားခေါင်းဆောင် ကိုလွမ်းနောင်နဲ့  ကိုလင်းအောင်ပြည့်တို့  ဖုန်းနဲ့  မေးမြန်းခဲ့သည်များကို တင်ပြလိုက်ရပါသည်။


မေး – ဟုတ်ကဲ့ ကိုလွမ်းနောင်နဲ့  စကားပြောချင်လို့ ပါ။

ဖြေ – ကျွန်တော် ကိုလွမ်းနောင်ပါ ခင်ဗျ၊ အခု ဆန္ဒပြနေတဲ့ ခေါင်းဆောင်ပါ။

မေး – ဟုတ်ကဲ့ ခင်ဗျ။ အကိုတို့  သတင်းကို ကြားပါတယ်။ အဲဒီအတွက် ဆက်သွယ်တာပါ။ အကိုတို့ မှာ ဘယ်လို အခက်အခဲတွေ ရှိတယ်။ ကျွန်တော်တို့  ဘက်က ဘာတွေ ကူညီနိုင်မလည်းဆိုတာ သိချင်လို့ ပါ။

ဖြေ – ဟုတ်ကဲ့။ အခက်အခဲတွေကတော့ အများကြီးပေါ့။ အထူးသဖြင့်တော့ တိုင်ရီအဆောင်မှာ နေတဲ့ အမျိုးသမီးတွေအတွက် စားသောက်တဲ့ကိစ္စနဲ့  ရေမလုံလောက်မှုတွေက ပိုဆိုးပါတယ်။ တိုင်ရီအဆောင်မှာ အမျိုးသမီးအလုပ်သမား ၈၀၀ကျော်လောက် ရှိပါတယ်။

မေး – ဆန္ဒပြနေတာ ဘယ်နှစ်ရက်လောက် ရှိပြီလဲခင်ဗျ။

ဖြေ – ၁၃ရက် ရှိပါပြီခင်ဗျ။

မေး – နောက်ထပ် ဘယ်လောက်ကြာအုံးမယ်ထင်လည်း ခင်ဗျ။

ဖြေ – အဲ….. ဒီလကုန်ရင်တောင် အဆင်ပြေအုံးမယ် မထင်ဘူးခင်ဗျ။ သူတို့ ဘက်က လိုက်လျောမဲ့ အခြေအနေ မရှိဘူး။

မေး – အကိုတို့ ဘက်က ဘာတွေ တောင်းဆိုထားလဲခင်ဗျ။

ဖြေ – ကျွန်တော်တို့  တောင်းဆိုတာ ၂ချက်ပါ။ ၁နာရီ လုပ်ခ (၇၅) ကျပ်ကို (၁၅၀) ကျပ်တိုးပေးဖို့ နဲ့  ရက်မှန်ကြေး (၆၀၀၀) ကျပ်ကို (၈၀၀၀) ကျပ်တိုးပေးဖို့  ၂ချက်ပဲ တောင်းတာပါ။ သူတို့ ဘက်က (၇၅) ကျပ်မှာ (၂၅) ကျပ်ပဲ တိုးပေးတယ်ခင်ဗျ။ အကို စဉ်းစားကြည့်လေ။ ကြက်ဥ တလုံးတောင် ၀ယ်စားလို့  မရတဲ့ ပိုက်ဆံပဲ။

မေး – စက်ရုံ အလုပ်သမားအားလုံး ဘယ်လောက်ရှိလည်းခင်ဗျ။

ဖြေ – အားလုံး (၁၈၆၀) ယောက်ပါ။

မေး – ဆန္ဒပြတဲ့ ဦးရေရော ဘယ်လောက်ရှိလည်းခင်ဗျ

ဖြေ – (၁၈၂၀) ဦးပါ ခင်ဗျ။ ကျန်တဲ့ (၄၀)ဦးကတော့ သူတို့  လူတွေပေါ့။ အုပ်ချုပ်ရေးပိုင်းက လူတွေပေါ့။

မေး – ကျွန်တော် လာတွေ့ လို့ ရမလားခင်ဗျ။

ဖြေ – ဟုတ်ကဲ့။ ရပါတယ်။ မနက်ဖြန် တနင်္ဂနွေတော့ ကျွန်တော်တို့  နားမယ်အကို။ တနင်္လာနေ့ ကို စက်ရုံရှေ့ မှာ ကျွန်တော်တို့  အားလုံး ရှိနေမှာပါ။ လာခဲ့လို့ ရပါတယ်။

မေး – ဟုတ်ကဲ့။ ကျေးဇူးပါ ခင်ဗျ။ အောင်မြင်ပါစေနော်။ အကိုတို့  အားလုံးရဲ့နောက်မှာ ကျွန်တော်တို့ တွေ အားပေးဖို့  ရှိနေပါမယ်။ အားတင်းထားပါခင်ဗျ။

REF: Posted On Facebook by May Zuu

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: