ဆောင်းပါး၊ သံဃာ့ အာဇာနည်များ ဆရာတော် ဦးဝိစာရ၊ ဆရာတော်ဦးဥတ္တမ။


အဓမ္မတရားကို အသက်ပေးအာခံခဲ့သူ အာဇာနည်အရှင်မြတ် ဦးဝိစာရ

မိမိယုံကြည်သက်ဝင်ရာ ဘာသာ၊ သာသနာအတွက် အသက်ပေးဆပ်ဝံ့သူ မိမိလူမျိုးတို့ မ
တရားမင်းလက်အောက်တွင် ဘာသာ၊ သာသနာ အပါအ၀င် လူနေမှုဘ၀ အဖက်ဖက်မှ
နိမ့်ပါးဆိုးရွားနေချိန်တွင် မိမိ၏ သီလ၊ သိက္ခာကို စောင့်ထိန်းပြီး သာသနာနှင့်လူမျိုးအ
တွက် အစာငတ်ခံကာ အဓမ္မတရားကို အသက်ပေးအာခံခဲ့သူမှာ အာဇာနည်အရှင်မြတ်
ဦးဝိစာရပင်ဖြစ်သည်။
အကျင့်ထူးရှိသူ ဟု အဓိပ္ပာယ်ရသော ရဟန်းဘွဲ့ပိုင်ရှင် ဦးဝိစာရကို ဦးပြားနှင့် ဒေါ်ဇလပ်တို့
မှ မုံရွာခရိုင်၊ ချောင်းဦးမြို့အပိုင် ကမ်းနိမ့်ရွာတွင် မြန်မာသက္ကရာဇ် ၁၂၅၀ (ခရစ်နှစ် ၁၈၈၈)
တန်ခူးလပြည့်ကျော် ၆ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်ခဲ့သည်။
ဉာဏ်ရည်ထက်မြတ်ခြင်း၊ လုပ်ရည်ကိုင်ရည်ရှိခြင်း၊ အများအကျိုးဆောင်ရွက်တတ်ခြင်းတို့
ကြောင့် ဦးဝိစာရလောင်းလျာ မောင်လှကျော်သည် အသက် ၁၈ နှစ်အရွယ်တွင် ပထမ
အိမ်ထောင်ကျခဲ့သည်။ အဆင်မပြေဖြစ်ပြီးနောက် ဒုတိယအိမ်ထောင်ပြုခဲ့ပြန်သည်။ သို့
သော် လူ့လောက၊ လူ့ဘ၀ကြီးကို ငြီးငွေ့လျှက် ရဟန်းခံလိုသော မောင်လှကျော်သည် အ
သက် ၂၃ နှစ်အရွယ်တွင် မိဘများနှင့် ဇနီးသည်တို့ကို ခွင့်တောင်းကာ ရဟန်းဘောင်သို့
ဝင်ခဲ့သည်။
ဦးဝိစာရ၏ အမျိုးသားရေးစိတ်ဓါတ်သည် ၁၂၈၀ ( ၁၉– ) ပြည့်တွင် မန္တလေးအိမ်တော်ရာ
ဘုရားပွဲတော်ကြီးသို့ အင်္ဂလိပ်လူမျိုး၊ မန္တလေးရာဇ၀တ်ဝန် မစ္စတာ စတီးဝပ်ဆိုသူသည်
နောက်ပါပုလိပ်များခြံရံကာ ဘုရားရင်ပြင်ပေါ်သို့ ဖိနပ်ခြေနင်းများစီး၍ တတ်ရောက်သည်
ကိုကြုံရပြီး နိုးကြားခဲ့ရသည်။
ဦးဝိစာရသည် ၁၂၈၂ ( ၁၉– ) လောက်တွင် ပခုက္ကူမှနေ၍ သံဃာ့သမဂ္ဂအဖွဲ့သို့ဝင်ပြီး မ
လှိုင်၊ ပန်းအိုင် နယ်တွင် အစိုးရတို့၏ မြေအခွန်တော်သစ်နှင့်ပတ်သက်ပြီး နိုင်ငံရေးတရား
ဟောကြားခဲ့သည်။ အစိုးရအကြည်အညိုပျက်အောင် ဟောပြောမှုကြောင့်ဆိုကာ ဦးဝိစာရ
နှင့် ဦးပုည ကိုယ်တော်နှစ်ပါးအား ထောင်ဒဏ် ( ၆ ) လစီ အပြစ်ပေးခဲ့ကြသည်။
ဆရာတော်ဦးဝိစာရသည် ၁၉၂၆ မှ စတင်ကာ အင်္ဂလိပ်အစိုးရ၏ အာဏာဖီစံမှု ဥပဒေပုဒ်မ
ဖြင့် ထောင်ဒဏ်အကြိမ်ကြိမ်အပြစ်ပေး ခံခဲ့ရသည်။ သာယာဝတီထောင်နဲ့အကျဉ်းကျနေ
စဉ် ဦးဝိစာရက ၁ ၊ ၂ ၊ ၁၉၂၇ ဥပုဉ်နေ့တွင် ဗုဒ္ဓဘာသာရဟန်းတော်တို့၏ ၀ိနည်းသိက္ခာပုဒ်
နှင့်အညီ သိမ်တစ်ခုခုသို့ ကြွရောက်ဥပုဉ်ပြုနိုင်ရန် စီစဉ်ပေးစေလိုကြောင်း အရေးပိုင်ထံသို့
စာတစ်စောင်ရေးသားပေးပို့လိုက်သည်။ အာဏာပိုင်တို့က ခွင့်မပြုခဲ့သဖြင့် ဆွမ်းဘုန်းမပေး
ပဲ အစာငတ်ခံ ဆန္ဒပြ အရေးဆိုတော့သည်။
အာဏာပိုင်တို့က ရန်ကုန်ထောင်ကြီးသို့ ပို့ဆောင်ခဲ့ပြီး ဦးဝိစာရသည် ဆက်လက်အစာငတ်
ခံ ဆန္ဒပြခဲ့ရာ ရက်ပေါင်း ( ၄၀ ) မြောက်နေ့တွင်မှ ထောင်အာဏာပိုင်တို့က ဥပုဉ်ပြုခွင့်ကို
အလျော့ပေးလိုက်သဖြင့် ဆွမ်းပြန်စားခဲ့သည်။ ၁၉၂၇ မေလ တွင် အင်းစိန်ရုံးက ဆရာ
တော်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ်နဲ့ ၉ လ အပြစ်ပေးကာ ရန်ကုန်ထောင်ကြီးသို့
ပို့လိုက်သည်။ အကျဉ်းသားဖြစ်သည်နှင့်တပြိုင်နက် သင်္ကန်းများချွတ်၍ ထောင်ဝတ်လဲရ
မည်ဟု ထောင်အာဏာပိုင်များက ဆိုသောအခါ ငြင်းဆန်ခဲ့သည်။ နောက်ဆုံးအင်္ဂလိပ်အ
ရာရှိ ၄ ယောက်၏ သင်္ကန်းဆွဲချွတ်ခြင်းကို ခံခဲ့ရသော်လည်း ထောင်အ၀တ်အစားကို မ
ဝတ်ပဲ ဗလာကိုယ်လုံးတီးသာ သီတင်းသုံးခဲ့သည်။
ဤကဲ့သို့ သင်္ကန်းချွတ်ခံလိုက်ရသောအခါ ဦးဝိစာရသည် မိစ္ဆာအစိုးရတို့ကား ဗမာပြည်နှင့်
လူမျိုးတို့ကို ၎င်းတို့၏ခြေထောက်အောက် ထားရုံအားမရသေးပဲ ဗုဒ္ဓဘုရားရှင်တို့၏ သာသ
နာတော်ကြီးကိုပါ လက်တွေ့ဖျက်ဆီးကြလေသည် တကားဟုဆိုကာ မျက်ရည်မဆယ်နိုင်
ချုန်းပွဲချ ငိုကြွေးတော်မူခဲ့သည်။
သို့ရာတွင် မိစ္ဆာအစိုးရတို့သည် ထောင်အပ၍ အမျိုးမျိုးသော ဖိနှိပ်ချုပ်ချယ်ရေး ဥပဒေပုဒ်
မများဖြင့် ရဟန်းတော်များအား တရားမဲ့ ဖမ်းဆီး၊ အပြစ်ပေးရုံမက ထောင်အတွင်း၌လည်း
မြတ်စွာဘုရား ခွင့်ပြုသတ်မှတ်ပေးအပ်တော်မူသော ၀တ်ရုံသင်္ကန်းကို အတင်းအဓမ္မချွတ်၍
ထိပါးစော်ကားခံနေရခြင်းကြောင့် သာသနာတော်ကြီးသည် မကြာခင် ပျက်ဆီးရတော့မည်။
ငါတို့သည် ဤသို့ငိုကြွေးနေရုံဖြင့် သာသနာ့ဆူးရန်များသည် သူု့အလိုအလျောက်ကင်းစင်
ကွယ်ပျောက်သွားလိမ့်မည်မဟုတ်ပေ။
ရှေးသရောအခါက ပါဋလိပုတ်ပြည်သား ရဟန်းသူမြတ်များသည် သာသနာ့ဘေးရန် အန္တ
ရာယ်ကြီး ဆိုက်ရောက်လာသောအခါ အသက်အသေခံကာ သာသနာတော်အတွက် အ
သက်ပေးလှူတော်မူခဲ့ကြသည့် ထုံးဟောင်း သာဓကကို များစွာသတိရ ဆင်ခြင်မိသဖြင့်
ငါသည်လည်း ထိုနည်းတူစွာ အမျိုးဘာသာ၊ သာသနာတော်ကြီးအတွက် အသက်စွန့်လွှတ်
တော့မည်။ ရန်သူ့အလိုကျ လူဖျင်း၊ လူညံ့တို့၏ ဓလေ့စရိုက်ကဲ့သလို့ အဓမ္မမင်းတို့အား ၀န်
ချတောင်းပန်ခြင်း၊ သာသနာ့တံခွန်သင်္ကန်းချွတ်၍ ထောင်အ၀တ်လဲလှယ်ခြင်းကိုလည်း
ကောင်း အလျော့ပေးအညံ့ခံ၍ ငါတစ်ကိုယ်တည်းအတွက် လုံးဝမရှာကြံလို။ မည်သို့ပင်
ညှင်းပန်းနှိပ်စက်ကြ၍ ကာယဒုက္ခဝေဒနာကို ခံစားရပါစေ၊ ခန္တီပါရမီကို ဆောက်တည်၍
ဆွမ်းဘုန်းမပေးပဲ အသက်ဇီဝိန်ချုပ်သည်အထိ အားလုံးသော ထောင်တွင်းရောက် သံဃာ
တော်များနှင့် သာသနာတော်ကြီး၏အကျိုးစီးပွားကို ရှေ့ရှု၍ အစာငတ်ခံရန် အဓိဌာန်ပြုအံ့
ဟု စိတ်ပိုင်းဖြတ်ကာ ဆွမ်းမစားတော့ပေ။
အစားမစားပဲ ရက်ပေါင်း ၄၀ ကျော်လာသည့်အတွက် ဦးဝိစာရခင်ဗျာ ဂုံနီခင်းအိပ်ရာပေါ်
တွင် ဗုန်းဗုန်းလဲတော့သည်။ ထို့နောက်ဆရာတော်ကို တံတားလေးစိတ်ရောဂါအထူးကု
ဆေးရုံသို့ ၁၉၂၈ နေ့တွင် ပို့လိုက်ပြီး နည်းပေါင်းစုံဖြင့် နှိပ်စက်ညှင်းပန်း ဆဲရေးကြသည်။
ထို့နောက်ဆရာတော်အား သင်္ကန်းပြန်ပေးအပ်လိုက်ပြီး ၁၉၂၈ တွင် အိန္ဒိယပြည် မေဒနီ
ထောင်သို့ပို့ခဲ့သည်။ ၁၈ ရက် ၂ လ ၁၉၂၉ တွင် ရန်ကုန်ထောင်သို့ ပြန်ပို့ပြီး နောက်ပိုင်း ဆ
ရာတော်အား လွှတ်လိုက်သည်။
မဟတ္တမဂန္နီကြီး၏ အကြံပေးတိုက်တွန်းချက်နှင့် အိန္ဒိယအမျိုးသားကွန်ဂရက်ကြီးမှ ဆေး
ဝါးကုသပေးရန် စီစဉ်ဖိတ်ကြားချက်အရ ဦးဝိစာရသည် ၆ ရက် ၄ လ ၁၉၂၉ တွင် အိန္ဒိယ
သို့ကြွရန် သင်္ဘောဆိပ်အဆင်းတွင် သုံးခွမြို့၌ ဟောပြောသောတရားများသည် အစိုးရ
အကြည်ညိုပျက်စေသောကြောင့် ပုဒ်မ ၁၂၄ ( က ) အရ တတိယအကြိမ် အဖမ်းခံရပြန်
သည်။
ရန်ကုန်ထောင်တွင် အကျဉ်းကျခိုက် နိုင်ငံရေးသမားများကိုထားလေ့ရှိသော အထူးခန်း၌
နေခွင့်ပြုရန်တောင်းဆိုရာမရသဖြင့် အစာငတ်ခံဆန္ဒပြခဲ့ပြန်သည်။ ထောင်အာဏာပိုင်များ
မှတစ်ဆင့် မြန်မာပြည်ဘုရင်ခံထံသို့ ထပ်မံ၍တောင်းဆိုချက် ၃ ချက်ကို တောင်းဆိုလိုက်
သည်။ ၎င်းတို့မှာ – – –
( ၁ ) ထောင်ဒဏ်အပြစ်ပေးခံရသော ရဟန်းတော်များအား သင်္ကန်းဝတ်ခွင့်ပေးရန်
( ၂ ) ထောင်အတွင်း၌ ၀ိနည်းတော်အရ တစ်လ ၂ ကြိမ် ဥပုဉ်နေ့တိုင်း ဥပုဉ်ပြုခွင့်ပေးရန်
( ၃ ) နိုင်ငံရေးရာကိစ္စများနှင့်ပတ်သက်၍ ထောင်အတွင်းရောက် ရဟန်းများအား ထိုက်
တန်သောသတင်းသုံးခွင့်ပြုရန် တို့ဖြစ်သည်။
သို့သော်အာဏာပိုင်တို့က မလိုက်လျောခဲ့သဖြင့် ဆရာတော်သည် ရဟန်းတို့ဆောက်
တည်အပ်သော ပါတိမောက္ခသံဝရသီလ ပျက်ဆီးမည်ကို စိုးရိမ်၍ အသက်ကို အသေခံခြင်း
ကသာ မြတ်သည်ဟု ဆုံးဖြတ်ပြီး အစာငတ်ခံကာ သပိတ်မှောက်ခြဲ့ပန်သည်။
ဆရာတော်အမှုကို ရုံးတင်သောနေ့ ၁၈ ရက် ၆ လ ၁၉၂၉ တွင် ဆရာတော်ဆွမ်းဘုန်းမပေး
သည်မှာ ၈၁ ရက်ရှိပြီဖြစ်၍ မထနိုင်သောကြောင့် ဟံသာဝတီစက်ရှင် တရားသူကြီးသည်
ထောင်အတွင်းသို့ ၀င်ရောက်ကာ ဦးဝိစာရအား တစ်ကျွန်းပို့အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၆
နှစ် အပြစ်ပေးလိုက်သည်။ သင်္ကန်းကိုအတင်းချွတ်ယူကြသဖြင့် ခါးတွင်အ၀တ်မရှိသာ ပက်
လက်သာ သတင်းသုံးနေခဲ့ရရှာသည်။
ဦးဝိစာရနှင့်ပတ်သက်၍ သိရှိရန် ၁၇ ရက် ၈ လ ၁၉၂၉ နေ့တွင် ၀ံသာနုသတင်းစာတိုက်မှ
ကိုယ်စားလှယ်များသည် ထောင်အတွင်းသို့ ၀င်ရောက်ဖူးမျှော်ကြသောအခါ အရိုးနှင့်အရေ
မျှသာကျန်၍ အားအင်လုံးဝကုန်ခမ်းနေသော ဆရာတော်ဦးဝိစာရကို တွေ့ရ၍ အလွန် စိတ်
ထိခိုက် တုန်လှုပ်ခဲ့ရသည်။
ဝံသာနုသတင်းစာတိုက်မှတကာများကို ဆရာတော်က ပက်လက်နေရာမှမိန့်ကြားရာတွင် –
သာသနာတော်အရေးအခွင့်အတွက် ပါဋလိပုတ်ပြည် ရဟန်းတော်များ အသက်စွန့်လွှတ်
တော်မူခဲ့ကြဖူးသည့် လမ်းစဉ်အတိုင်း ငါတို့သည်လည်း အသက်စွန့်လွှတ်၍ မြတ်သော
အဓိဌာန်ပါရမီကို ပြည့်မြောက်အောင် ဆောက်တည်လျက်နေခြင်းဖြစ်ကြောင်း၊ ယခုအ
တိုင်းဆိုလျှင် ဥပုသ် ၂ ပတ်မျှသာ ငါ၏အသက်နှင့်ခန္ဓာတွဲရှိနေနိုင်တော့မည်။ သာသနာ
တော်၏ မျက်နှာကိုထောက်ထား၍ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာအတွက် ကြိုးစား
ဆောက်ရွက်ကြပါ – ဟု မိန့်တော်မူခဲ့လေသည်။
ဝံသာနုသတင်းစာမှ ၎င်းတို့တွေ့မြင်ကြားသိခဲ့ရသမျှကို တိုင်းပြည်သို့ ပြန်လည်အသိပေး
ရေးသားတင်ပြခဲ့သဖြင့် လွှတ်တော်အပါအ၀င် ရဟန်းရှင်လူများအားလုံး မခံမရပ်ဖြစ်လာ
ကြသည်။
ရန်ကုန်အကျဉ်းထောင်အတွင်း ဆွမ်းမသုံးဆောင်ပဲ နေခဲ့သည်မှာ ရက်ပေါင်း ၁၄၀ ကျော်
ကြာပြီးဖြစ်၍ ဝေဒနာအပြင်းအထန် ခံစားရသည်ဟု သတင်းရ၍ အထူးသံဃာ့အကျိုး
ဆောင် တာဝန်ခံ တွံတေးကျောင်းဆရာတော် ဦးကေတုနှင့်အတူ ဦးစိုးသိန်း ( ဂျီစီဘီအေ )
နှင့် အာလံဦးလာဘတို့သည် ထောင်အတွင်း ၀င်ရောက်ကြည်ညိုခွင့်ရခဲ့သည်။
ဦးကေတုနှင့် ဦးလာဘတို့သည် မမြင်ရက် မကြည့်ရက်နိုင်အောင် ပုံပန်းသဏ္ဍာန် ယိုယွင်း
ပျက်ဆီးနေရှာပြီဖြစ်သော ဦးဝိစာရ၏ နားအနီးကပ်၍ တပည့်တော်တို့ လာရောက်ကြည့်ရှု ပါသည်ဟု လျှောက်ထားရာ မျက်လုံးအိမ်ကို အနိုင်နိုင်ဖွင့်ကာ အားယူ၍ လေသံတိုးတိုးဖြင့်
မျက်…. မှန်… အ… လှူ… ခံ …. ပါ။ သဗ္ဗအာပတ္တိ …. ယော … အာ …. ရော …. စ …
ယာ…. မိ …။ တိုင်း …. ပြည် … ကို …. လိမ် …. မာ … ရစ် … ကြ …. ပါ … လို့ …. မှာ…
ကြား… လိုက် … ပါ … တယ် – ဟု နောက်ဆုံးမိန့်ကြားခဲ့ပါတယ်။
အရှင်မြတ်ဦးဝိစာရသည် ဗုဒ္ဓဘာသာရဟန်းတော်များ၏ ၀ိနည်းသိက္ခာပုတ်နှင့်အညီ ရသင့်
ရထိုက်သော ထောင်တွင်း အခွင့်အရေးများကို အာဇာနည်ပီပီ ဇွဲကြီးကြီးဖြင့် ရက်လ ရှည်
ကြာစွာ အစာငတ်ခံတိုက်ပွဲဝင်နေရာမှ ၁၆၆ ရက်မြောက်သော ၁၉ ရက် ၉ လ ၁၉၂၉ ၊
ကြာသပတေးနေ့ည ၈ နာရီ ၂၀ မိနစ်အချိန်တွင် ရန်ကုန်ထောင်ကြီးအတွင်း၌ ပြန်လွန်
တော်မူခဲ့သည်။
သက်တော် ၄၁ နှစ်အရွယ်တွင် ရဟန်းတော်များထောက်တွင်းအခွင့်အရေးအတွက် အစာ
ငတ်ခံကာ ဆန္ဒပြရင်း ကံတော်ကုန်ရှာသော ဆရာတော်ဦးဝိစာရ၏ ရုပ်ကလာပ်ကို ၈ ရက်
၂ လ ၁၉၃၀ ညနေ ၄ နာရီခွဲတွင် ရွှေတိဂုံဘုရားအနီး ကန်တော်မင် ပန်းခြံ၌ သင်္ဂြုံလ်ပူဇော်
ခဲ့ရာ ရဟန်းရှင်လူ ၁ သိန်းကျော် လာရောက်ဂါဝရပြုခဲ့ကြသည်။
ဦးဝိစာရအထိမ်းအမှတ်ကျောက်တိုင်တည်ဆောက်ထားပုံမှာ ဦးဝိစာရ၏ အလိုဆန္ဒနှင့်
အညီ အမျိုးသားစည်းလုံးညီညွတ်ရေးသင်္ကေတအဖြစ် ပေါ်လွင်ထင်ရှားစေမည့် စုစည်း
ချည်နှောင်ထားသော ထင်းစည်းပုံသဏ္ဍာန်ပင်ဖြစ်သည်။ ၁၉၄၃ ခုနှစ် အောက်တိုဘာလ ၂
ရက်နေ့တွင် ကျင်းပခဲ့သော အာဇာနည်ဆရာတော် ဦးဝိစာရအထိမ်းအမှတ်ကျောက်တိုင်
နှင့် ကြေးရုပ်ဖွင့်ပွဲအခမ်းအနားသို့ ထိုစဉ်က စစ်ဝန်ကြီးဖြစ်နေသော အမျိုးသားခေါင်း
ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တတ်ရောက် ဂုဏ်ပြုဂါဝရပြုခဲ့သည်။
စစ်ဝန်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ပြုမိန့်ခွန်းတွင် – ကျွန်ုပ်တို့သည် မင်္ဂလာတရားတော်
အရ ပူဇော်ထိုက်သူကိုပူဇော်ရမည်ဆိုသည့်အတိုင်း ပူဇော်သကာယပြုကြခြင်းသာဖြစ်
ကြောင်း၊ ကျွန်ုပ်တို့၏ ဤသို့လာရောက်ပူဇော်ခြင်းမှာလည်း အာဇာနည်ပုဂ္ဂိုလ်၏ အနိုင်မခံ
အရှုံးမပေးလိုစိတ်၊ မျိုးချစ်စိတ် အမြုတေစိတ်များကို ချီးကျုးပူဇော်နေခြင်းပင် ဖြစ်ကြောင်း၊
အရှင်ဦးဝိစာရသည် အသက်စွန့်လွှတ်စဉ်အခါက အဖော်မပါ တစ်ကိုယ်တည်းသာဖြစ်
ကြောင်း။
အင်္ဂလိပ်လူမျိုးတို့ အုပ်စိုးမှုကို ယခုကဲ့သို့ ပျက်ဆီးဆုံးပါးသွားလိမ့်မည်ဟု မည်သူမျှ မထင်
ကြ၍ အင်္ဂလိပ်များအား မည်သို့မျှ ဆန့်ကျင်ဘက်မပြုဝံ့သောအချိန်အခါတွင် အရှင်ဦးဝိစာရ
ကိုယ်တော်ကြီးတစ်ပါးတည်း ပေါ်ပေါက်လာခဲ့ပြီး မည်သူချီးမွမ်းချီးမွမ်း၊ မည်သူကဲ့ရဲ့ကဲ့ရဲ့
ဘာကိုမျှ ဂရုမစိုက်ပဲ ငါလိုချင်တာမရရင် အသက်အသေခံမယ်ဆိုတဲ့ အာဇာနည်စိတ်ကို
ချီးကျူးဂုဏ်ပြုရမည်ဖြစ်ကြောင်း။
ယခုအခါမှာလည်း ကျွန်ုပ်တို့ရှေ့လုပ်ငန်းစဉ်အတွက် အရှင်ဦးဝိစာရကဲ့သို့ စိတ်ဓါတ်မျိုး
မွေးမြူကြဖို့ အလွန်အရေးကြီးကြောင်း၊ ယခုအခါ အစစအရာရာရှားပါးကြောင်း နေရေး၊
စားရေး၊ သွားရေး၊ လာရေး အလွန်ခက်ခဲကြောင်း။
သို့သော်လည်း ၎င်းအခက်အခဲများကို ဂရုမစိုက်ပဲ လွတ်လပ်ရေးကြီးအတွက် အရိုးကြေ
ကြေ အရေခမ်းခမ်း တစ်ယောက်တည်းကျန်ကျန် အသက်အသေခံကြိုးစားကြရမည်ဟု
စိတ်နှလုံးဒုန်းဒုန်းချပြီး အရှင်ဦးဝိစာရကဲ့သို့ အာဇာနည်အမြုတေစိတ်ဓါတ်ကို ယနေ့မှစ၍
မွေးမြူကြစေလိုကြောင်း မိန့််ကြားခဲ့ပါသည်။
အမျိုးဘာသာ၊ သာသနာအတွက် ဇွဲသတ္တိရှိရှိဖြင့် အသက်အသေခံကာ ဆန္ဒဖော်ထုတ်ရဲပြီး
တိုက်ပွဲဝင်ခဲ့သော အာဇာနည်ဆရာတော် ဦးဝိစာရ၏ စိတ်ဓါတ်မျိုး၊ ဓိတ်ဓါတ်ကား ယနေ့
ခေတ် အဓမ္မအာဏာရှင်တို့အုပ်စိုးရာ မြန်မာနိုင်ငံအတွင်းရှိ ရဟန်း၊ ရှင် ၊ လူ၊ ကျောင်းသား
အားလုံးအတွက် အာဇာနည်အမြုတေစိတ်ဓါတ်နှင့်ပတ်သက်၍ နမူနာယူဖွယ်၊ ဂုဏ်ယူဖွယ်
ပင်ဖြစ်ပါတော့သည်။
——————————————————————————————-
ဆရာတော်ဦးဥတ္တမ

ဆရာတော်ဦးဥတ်္တမသည် (၁၉၁၁) ခုနှစ်မှစ၍ ““သူ့ကျွန်မခံလိုပြီ””ဟု ဇာတိ သွေး၊ ဇာတိမာန်ထက်သန်စွာဖြင့် အမျိုး ဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်းစောင့် ရှောက်ခဲ့သော ကျေးဇူးရှင် ရဟန်းသံဃာ တော်တစ်ပါးဖြစ်ပေသည်။
မြန်မာ့လွတ်လပ်ရေးအတွက်ဦးစွာ ပထမ မြန်မာပြည်သူလူထုကြီးတစ်ရပ် လုံးအား စတင်တပ်လှန့်လှုံ့ဆော် နိုးကြား ထကြွစေခဲ့သည့် တစ်ဦးတည်းသောမျိုး ချစ်ဘုန်းကြီးတစ်ပါးလည်း ဖြစ်ပါသည်။ ထိုခေတ်၊ ထိုအခါက နယ်ချဲ့ကိုလိုနီအစိုး ရပီပီ ဗြိတိသျှအုပ်ချုပ်မှု စနစ်ဆိုး၏ အလွန်အမင်းတရားမဲ့မှုနှင့်ခက်ထန်ကြမ်း ကြုတ်မှုတို့ကြောင့် မြို့ပေါ်ပြပေါ်တို့နှင့် ကျေးလက်တောရွာများပါမကျန် တုတ် တုတ်မျှ မလှုပ်ဝံ့၊ မဟ၀ံ့လောက်အောင် ကြောက်ရွံ့ရိုသေနေကြရသည်အထိ အမျိုးသားရေးစိတ်ဓာတ် ပျက်ပြားအား နည်းနေချိန်လည်း ဖြစ်လေသည်။ သာမာန် မြို့နေလူတန်းစားများနှင့် တော နေတောင်သူလယ်သမား၊ ဆင်းရဲသား တို့အဖို့ မဆိုထားဘိ (၁၉၁၆)ခုနှစ် အတွင်း ““အမျိုးဘာသာ၊ သာသနာ၊ ပညာ”” ဟူသော ဆောင်ပုဒ်ဖြင့် တက် တက်ကြွကြွ စတင်ဖွဲ့စည်းခဲ့ကြသည့် ခေတ်ပညာတတ် လူငယ်တစ်စုတို့၏  ဗုဒ်္ဓဘာသာ ကလျာဏယုဝ အသင်း (့ဗြ) ကဲ့သို့သောအသင်းအပင်းတို့ ၌ပင် အစည်းအဝေးကျင်းပပြုလုပ်သည့် အခါတိုင်း ““အရှင်အင်္ဂလိပ်အစိုးရနှင့် တကွ ဂျော့ဘုရင် ဧကရာဇ်မင်းမြတ်နှင့် မေရီမိဖုရားကြီးတို့အား ဘုန်းတော်ကြီး၍ သက်တော်ရာကျော် ရှည်စေကြောင်း”” ဆုတောင်း ပဋ္ဌနာပြုလျက်နေကြသေး သည့်အချိန်ကာလလည်းဖြစ်ပေသည်။
ထိုနည်းတူစွာပင် စာသင်ကျောင်း တို့၌ ကလေးသူငယ်များအား ကျောင်း တက်၊ ကျောင်းဆင်းချိန်တိုင်း ဂျော့ဘုရင် နှင့် မေရီမိဖုရားကြီးတို့အား ရည်စူး၍ ““အောင်ဆုသြဘာ၊ မင်္ဂလာဖြင့်၊ ဆယ်ဖြာ လက်မြှောက်၊ ဆက်ခါလျှောက်လိမ့်”” အစချီသော မေတ်္တာပို့ဆုတောင်းရတုကို သံပြိုင်ဟစ်အော် ဆိုစေခဲ့သည်။ မင်းမှု ထမ်းမှန်သမျှ အဖြူ၊ အမဲမရွေး ကြီးသည်၊ ငယ်သည်မဟူ ဘုရားထူးခံရဘ၀အဖြစ် သို့ရောက်ရှိနေကြရသည်အထိ တန်ခိုး ရှိန်စော် ကြီးမားနေချိန်လည်းဖြစ်သည်။
တိုင်းပြည်နှင့်အ၀ှမ်း ထိုမျှလောက် ဇာတိသွေး၊ ဇာတိမာန် ခေါင်းပါးချို့တဲ့ နေသည်နှင့်အမျှ ကျွန်သက်ရှည်သည် ထက်ရှည်စေမည့် အခြေအနေသို့ ဆိုက် ရောက်အံ့ဆဲဆဲ ဆရာတော်ဦးဥတ်္တမ ကိုယ်တော်ကြီးသည် သူမတူအောင် ထူးကဲသော သူရသတ်္တိဖြင့် တစ်မျိုးသား လုံးအကျိုးစီးပွားအတွက် နယ်ချဲ့ကိုလိုနီ ဆန့်ကျင်ရေး၊ မြန်မာ့လွတ်လပ်ရေးတိုက် ပွဲ စစ်မျက်နှာကို ဖွင့်၍ သူရဲကောင်းပီသ စွာ တပ်ဦးမှ မားမားမတ်မတ်ရပ်လျက် မနေမနားလှည့်လည်ဟောပြောရေးသား လှုံ့ဆော်စည်းရုံးခဲ့မှုကြောင့် သံဃာ့သမဂ်္ဂီ အဖွဲ့များဦးဆောင်သော (ဂျီ၊ စီ၊ ဘီ၊ အေ) မြန်မာအသင်းများနှင့် ကုမ်္မာရီအမျိုးသမီး အသင်းများ၏ ၀ံသာနုလုပ်ငန်းများသည် တိုင်းပြည် တစ်ဝှမ်းလုံး နေရာမလပ် နိုးကြားလှုပ်ရှားခဲ့လေသည်။
၁၉၃၀ ခုနှစ်တွင် ဆရာစံဦးဆောင် သောတောင်သူလယ်သမားတို့၏ ပုန်ကန် မှုကြီးသည်ပင် ဆရာတော်ဦးဥတ်္တမ၏ ခေါင်းဆောင်မှုမှ ပေါက်ဖွားလာသော နိုင်ငံရေးသြဇာ၊ စည်းရုံးရေးသြဇာတို့၏  အထွဋ်အထိပ်ဖြစ်သည်ဟု ယူဆယုံကြည် နိုင်လေသည်။သို့ကြောင့် ဆရာတော်ကြီး ၏ ကျေးဇူးတရားကို အဘယ်မှာကျွန်ုပ် တို့ မြန်မာတိုင်းရင်းသားများ လစ်လျူရှု နိုင်ပါမည်နည်း။
ဆရာတော်ဦးဥတ်္တမသည် နယ်ချဲ့ အင်္ဂလိပ်တို့၏ အုပ်ချုပ်မှုနှင့် ပတ်သက် ၍လည်း ရစရာမရှိအောင်အပြင်းအထန်  ရှုံချပုတ်ခတ်ဟောပြောရာတွင် ““လိပ်””ဆို လျှင် ဘာလိပ်မှ ကျက်သရေမင်္ဂလာမရှိ ဘူး ““လိပ်””ကိုပယ်နိုင်၊ စွန့်နိုင်မှ ဦးပဉ်္စင်း တို့ မြန်မာတွေညီညွတ်မယ်။ လွတ်လပ် မယ်၊ ချမ်းသာမယ်၊ အမျိုးဘာသာ၊သာ  သနာတော်ကြီး စည်ပင်ဝပြောမယ်။ ဒကာမကြီးတို့ရဲ့ ဆိုကာမျှနှင့်တရားပွဲသို့ ရောက်ရှိနေကြသူ အမျိုးသမီးပရိသတ် ကြီးသည် မဆိုင်းမတွသူတို့၏ခေါင်းပေါ် မှ လိပ်ခွံဘီးများစွာတို့ကို ချွတ်ယူချိုးဖျက် စွန့်ပစ်ခဲ့ကြသည်။ ထိုမျှလောက်ပင် ဆရာတော်ဦးဥတ်္တမအပေါ်တွင်ကြည်ညို လေးစားမှု၊ ယုံကြည်အားထားမှု၊ ချစ်ခင် မြတ်နိုးမှု ကြီးမားလွန်းလှပေသည်။
ဤသို့ဖြင့် ဆရာတော်ဦးဥတ်္တမ ကိုယ်တော်ကြီးသည် မြန်မာတစ်မျိုးသား လုံး၏ ကျေးဇူးရှင်ဟု လည်းကောင်း၊ ကို လိုနီဆန့်ကျင်ရေးတပ်ဦး၏ အကြီးအမှူး စစ်သူကြီးဟုလည်းကောင်း၊ မြန်မာ့လွတ် လပ်ရေး မီးရှူးတန်ဆောင်ဟုလည်း ကောင်း၊ မြန်မာ့နိုင်ငံရေးစာရင်းဝင် အမှတ်(၁) ပုဂိ္ဂုလ်ကြီးဟုလည်းကောင်း မှတ်ယူထိုက်ပေသည်။ မြောက်များစွာ သော ဂုဏ်ထူးဝိသေသအပေါင်တို့ကို ခံယူထိုက်အောင် တစ်သက်တာပတ်လုံး ကိုယ်ကျိုးစွန့်လွှတ်၍ အနစ်နာအပင်ပန်း ခံကာ တိုင်းပြည်နှင့်လူမျိုးအတွက် စွန့် စားကြိုးပမ်းခဲ့မှုများကြောင့် ကိုလိုနီခေတ် ဦး မြန်မာ့နိုင်ငံရေးသမိုင်းတွင် ပထမဆုံး စာမျက်နှာမှ ထိုက်ထိုက်တန်တန်ထည့် သွင်းအသိအမှတ်ပြု၍ မော်ကွန်းထိုးခဲ့ရ သည်မဟုတ်ပါလား။
၁၉၃၅ ခုနှစ် (၉၁)ဌာနအုပ်ချုပ်ရေး လက်ခံရန် ကျင်းပသော ရွေးကောက်ပွဲ အတွက် ၅ ပွင့်ဆိုင်နိုင်ငံရေးသမားအချို့ သည် ဆရာတော်ဦးဥတ်္တမအား အိန်္ဒိယ ပြည်မှလေယာဉ်ပျံဖြင့် လှည့်ပတ်ပင့် ဆောင်လာပြီးနောက် မဲဆွယ်တရား ဟောပြောပေးရန်အသုံးချခဲ့ကြသည်။ ဆရာတော်ဦးဥတ်္တမ၏ သြဇာအရှိန်အ၀ါ ဖြင့် ၅ ပွင့်ဆိုင်အဖွဲ့သည် အမတ်ဦးရေ (၄၅)ယောက်ရရှိ၍ အင်အားအကြီးမား ဆုံးသော ပါတီကြီးအဖြစ် ဥပဒေပြုလွှတ် တော်သို့ရောက်ရှိသည်အထိ အမြတ် ထုတ်ယူခဲ့ကြပြီးနောက် ဘုရားပြီး ငြမ်း ဖျက်ဆိုသကဲ့သို့ ဆရာတော်ဦးဥတ်္တမအား စွန့်ပစ်လိုက်ကြလေသည်။ ထိုစဉ်က (၉၁)ဌာန အုပ်ချုပ်ရေးတွင် ပထမ ဒေါက်တာဘမော်၊ နောက်ဦးပု၊ နောက် ဦးစောတို့က နန်းရင်းဝန်ရာထူးကို တစ် ဆင့်စီယူ၍ လုပ်ကိုင်နေကြစဉ်မှာပင် ဒုတိယကမ်္ဘာစစ်ကြီး ဖြစ်လေသည်။
နိုင်ငံရေးဂိုဏ်းဂဏ ကွဲပြားကြသော အခါတစ်ဘက်နှင့် တစ်ဘက် ပြင်းစွာ စွပ်စွဲဝေဖန်တတ်ကြရာ ဆရာတော် ဦးဥတ်္တမသည် ကာလကတ်္တားတွင်နေထိုင် စဉ်က မိန်းမယူထားသယောင်သတင်းစာ အချို့က စွပ်စွဲရေးသားခြင်းကိုပင် ခံခဲ့ရ သေး၏။ သို့သော်ဆရာတော်ဦးဥတ်္တမ ကား ရှူးရှူးရှားရှား ဒေါသမထွက်။ ဘုရားသည်ပင်လျှင် စိဉ်္စမာနမိန်းမယုတ် ၏ စွပ်စွဲခြင်းကိုခံခဲ့ရဖူးပါသည်။ မည်သူ ကမည်သို့ပင် စွပ်စွဲစေကာမူ ဆရာတော် သည် ထိုစကားကို ပုဂ်္ဂလဓိဌာန်ဖြင့် ပြန် လည်၍ ချေပခြင်းကိုကားမပြု။ ထိုသူနှင့် တကွအများပရိသတ်က ချင့်ချင့်ချိန်ချိန် နှင့်ယုံမှားခြင်းမဖြစ်ရလေအောင် ဓမ်္မဓိဌာန်ဖြေရှင်းချက် ထုတ်သည်ကိုတွေ့ ရသည်။ သူကိုယ်တိုင်က ““ဦးဥတ်္တမ အကြောင်း””ဟု စာအုပ်တစ်အုပ်ကိုရေး ပြီးထုတ်ဝေရာ နိုင်ငံရေးတရားဟောစက ပုသိမ်နယ်ကျောင်းကုန်းတွင် သူဌေးတစ် ယောက်၏ အိမ်အပေါ်ထပ်တွင် သီတင်း သုံး၏။ထိုသူဌေးတွင်သမီးပျိုတစ်ယောက် ရှိရာ သူဌေးက သူသမီးကိုလူထွက်ပြီးယူ ပါ။ စည်းစိမ်ပါပုံအပ်မည်ဟုပြော၏။ ထို ငယ်စဉ်ကပင်လျှင်လောကီကာမစည်းစိမ် ကို မစင်ဘင်ပုတ်ကဲ့သို့ စွန့်ပစ်လာခဲ့ပုံကို တရားဓမ်္မပြ၍ ရေးသားထားသည်။ ထိုသူဌေး၏ နာမည်နာမကိုပင် ရေးသား ဖော်ပြရာ ထိုသို့ထုတ်ဖော် ရေးသား ခြင်းဖြင့် မဟုတ်မမှန်လျှင် ဆိုင်ရာတို့က တရားစွဲဆိုခြင်း၊ ငြင်းကွယ်ခြင်းပြုကြ မည်ဖြစ်သည်။ ထိုစဉ်က မငြင်းခဲ့ကြပေ။
သည်းခံခြင်း၌ ဆရာတော်သည် နည်းယူလောက်ပေသည်။ တစ်ခါက ကာလကတ်္တားတွင် မြန်မာပြည်မှ ရှောင် တိမ်းသွားပြီး စားပေါက်ပွင့်နေသော လူ တစ်ယောက်၏သတင်းကိုသူရိယသတင်း စာသို့ ရေးပေးဖူး၍ ထိုသူက ရန်ရှာပြီး ရိုက်နက်ခြင်းကိုခံခဲ့ရသည်။ ဂျပန်မှအပြန် ဘုံဘေမြို့မီးရထားဘူတာတွင် မြန်မာ ပြည်မှပြောင်းသွားသော မျက်နှာဖြူရာ ဇ၀တ်ဝန်ထောက်တစ်ယောက်က ““ဟေ့ ကောင်””ဟူ၍ ဗမာစကားဖြင့် ရိုင်းပြစွာ ခေါ်၏။ ဆရာတော်က ဘုံဘေအရေးပိုင် နှင့် နှုတ်ဆက်စကားပြောနေဆဲဖြစ်ရာ အရေးပိုင်ကနားမလည်၍ ဘာပြောတာ လဲဟု ဦးဥတ်္တမကိုမေးရာ၊ ဆရာတော်က ““ဟေ့ကောင်””ဆိုတာ တိရစ်္ဆာန်ကိုသုံးစွဲ တဲ့စကားဟု ဖြေရှင်းပြရ၏။ အရေးပိုင် က ရာဇ၀တ်ဝန်ကို ဘာကြောင့်ဤသို့ ခေါ်ရသလဲ၊ ထွက်သွားလိုက်ဟု မောင်း ထုတ်မှ ရာဇ၀တ်ဝန်ထွက်သွားသည်ဟု သိရ၏။
ဆရာတော်သည် မကွယ်လွန်မီ မတ်တတ်နာဖြင့် အတော်ပင်ဦးနှောက် အင်အား၊ လူအင်အားချို့တဲ့နေရာ ရန် ကုန်မြို့ထဲတွင် စိတ်မနှံ့သူတစ်ဦးကဲ့သို့ သွားလာနေတတ်၏။သို့သော်စိတ်ကား ဖောက်ပြန်သည်ဟူ၍မဆိုသာ။ စကား ပြောဆိုသည့်အခါ တစ်ခုမျှ ချွတ်ယွင်း သောစကားမပါပေ။ အားနည်းသည့် လက်္ခဏာကိုသာတွေ့ရှိရဖူးကြောင်းသိရှိ ရသည်။ ဆရာတော်ပျံလွန်တော်မူသော အခါ၌ပင် ယိုကိုဟားမားစပီစီဘဏ်တိုက် ၌ သူပိုင်ရန်ပုံငွေ ယန် ၂၀,၀၀၀မျှရှိသည်။ ထိုအခါက မြန်မာငွေ (၂၅,၀၀၀)မျှတန် သေးသည်ဟု သိရ၏။ ငွေကိုရေလိုသုံး နိုင်သော်လည်း ထိုငွေဖြင့် ကျန်းမာလျှင် နိုင်ငံခြားသို့သွားရောက်သာသနာပြုရန် ရည်ရွယ်၍ တစ်ပြားတစ်ချပ်မှ ကိုယ်ကျိုး အတွက် မသုံးဘဲ ဆွမ်းပင့်ကျွေးမည့်သူ မရှိလျှင် အငတ်ခံသည်အထိ ချွေတာ ခြိုးခြံပြီး မိမိကိုယ်ကိုပင် ဆင်းရဲခံသည်။ သို့အတွက် ဆရာတော်၏ ကိုယ်ကျင့်တ ရားမှာစိုးစဉ်မျှ ယုံမှားစရာမရှိပေ။
သို့နှင့်ပင်ဆရာတော်သည် သွားရင်း လာရင်းအားနည်း၍ တစ်ခါတစ်ရံလဲကျ ၏။ တွေ့သောသူများက ပွေ့ထူပြီး ဆေး ရုံပို့ရသည်။ ငြိမ်ငြိမ်နေလျှင် သူ၏ရောဂါ ပိုဆိုးမည်ဟု ဘယ်သောအခါမျှ အနား မနေဘဲ လမ်းလျှောက်၍သာနေသည်ကို တွေ့ရ၏။
ဆရာတော်ဦးဥတ်္တမပြုစုပျိုးထောင် ခဲ့သော တက်ကြွသည့်နိုင်ငံရေးစိတ်ဓာတ် များမှ ဆက်သွယ်၍ ၁၂၉၂ ခုနှစ်တွင် တို့ဗမာအစည်းအရုံးအမည်ဖြင့်သခင်ပါ တီပေါ်လာ၏။ ထိုအခါမှစ၍ သခင် ဘသောင်းနှင့် ဗမာ့ခေတ်ဦးခင်တို့ သခင် တစ်စုသည် ၀ိုင်၊ အမ်၊ ဘီ၊ အေဆရာ တင်ရေးသားသော ““တို့ဗမာသီချင်း””ကို လက်သီးလက်မောင်းတန်း၍ စတင်သီဆို လာကြ၏။ လူငယ်များ၏တက်ကြွနေ သောစိတ်ဓာတ်ကို ရဲစိတ်ရဲသွေးထပ်မံ ဖြည့်စွက်ပေးကြသည်။ ထို့နောက်တွင် တို့ဗမာသခင်ဟူ၍ ကျောင်းသားအများ ကဦးဆောင်ပြီးစည်းရုံးကြရာ၁၉၃၆ခုနှစ် ၌ကောလိပ်သပိတ်မှစ၍အောင်ကျော် သေရပြီးနောက် တို့ဗမာသခင်တို့၏ အထူးတက်ကြွသောအစိတ်အပိုင်းတွင် အမြဲခေါင်းဆောင်၍ပါဝင်ကာ ဗိုလ်ချုပ် အောင်ဆန်းနှင့်ရဲဘော်သုံးကျိပ်တို့ ဂျပန် သို့ထွက်သွားပြီး ဒုတိယကမ်္ဘာစစ်တည်း ဟူသောအခါကောင်းကိုယူ၍ ဂျပန်နှင့် ပူးပေါင်းလျက် အင်္ဂလိပ်ကိုတော်လှန်၏။ နောက်အင်္ဂလိပ်နှင့်ပူးပေါင်းပြီး ဂျပန်ကို တိုက်၏။ ၁၉၄၇ ခုနှစ်တွင် လွတ်လပ်ရေး ရရှိခဲ့ရာ ထိုအဆင့်ဆင့်သော တော်လှန် ရေးတို့တွင် ဆရာတော်ဦးဥတ်္တမ၏ ပထမ ဦးဆုံးသောစိတ်ဓာတ်တော်လှန်ရေးက အကြောင်းရင်းခံသည်မှာ မလွဲကြောင်း ပါလီမန်လွှတ်တော်အရပ်ရပ်မှာပင် ထုတ် ဖော်စကားဆိုထားကြပြီဖြစ်သည်။
၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ (၉) ရက် (၁၃၀၁ ခုနှစ် ၀ါခေါင်လဆုတ် ၁၁ ရက်)နေ့တွင် ဆရာတော်ဦးဥတ်္တမသည် ရန်ကုန်ဆေးရုံကြီး၌ ဘ၀နတ်ထံပျံလွန် တော်မူရာ ပျံတော်မူ၍ နှစ်ရက်ကြာပြီး နောက် စက်တင်ဘာလ (၁၁)ရက်နေ့ တွင်ကျင်းပသော မြန်မာပြည်အောက် လွှတ်တော်အစည်းအဝေး၌ အမတ်များ အားလုံးဝမ်းနည်းသည့်အထိမ်းအမှတ် ဖြင့် (၅) မိနစ်ရပ်နားပြီး အရိုအသေပြု ကြသည်။ သက်ဆိုင်ရာဆွေမျိုးများသို့ လွှတ်တော်မှတ်တမ်းအရ ၀မ်းနည်း ကြောင်းသ၀ဏ်လွှာပေးပို့ကြပေသည်။ လွှတ်တော်အမတ်များ အကျယ်တ၀င့် ချီးကျူးကြ၏။
ထို့နောက် (၁၉၅၄)ခုနှစ်၊ စက်တင် ဘာလတွင်ကျင်းပသော ပြည်ထောင်စု မြန်မာနိုင်ငံပါလီမန်တွင်လည်းဆရာတော် ဦးဥတ်္တမ၏ ဂုဏ်ကျေးဇူးတို့ကို ချီးကျူး သတိရသော အထိမ်းအမှတ်ဖြင့် ပြော ဆိုကြပေသည်။
ဆရာတော်၏ ပညာဂုဏ်ကျေးဇူး၊ ကိုယ်ကျိုးမဖက်တိုင်းပြည်အတွက်အနစ် နာခံခဲ့သော ဂုဏ်ကျေးဇူး၊ ဘုရားသား ရဟန်းတော်ပီပီ သီလ၊ သိက်္ခာတို့ကို ထိန်းသိမ်းတော်မူလျက် တရားဓမ်္မတို့ကို ကျင့်သုံးတော်မူသော ကျေးဇူး၊ ခန်္တီပါရမီ ကိုကောင်းစွာဖြင့် ဖြည့်တော်မူသော ကျေးဇူးတော်တို့ကို ရည်မှန်းပြီးလျှင် ကျွန်ုပ်သည် ဤစာစောင့်ဖြင့် ရိုသေလေး မြတ်စွာ ပူဇော်ကန်တော့ခြင်းပြုပေသည်။

ရဟန်းတို့၏အဆင်းလှခြင်းဂုဏ်

လူမျိုးအပေါင်း၊ ရုပ်မကောင်းလည်း
တတ်ကြောင်းပညာ၊ အဆင်းသာတည့်
ကျောင်းမှာပျော်မှန်း၊ ရဟန်းတို့မှာ
သည်းခံပါက၊ အဆင်းလှ၏
လောကနီတိပျို့

Source: Google Search

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: