ရွှေည၀ါဆရာတော် မှော်ဘီမြို့နယ် သဲအင်းဂူ အနီးတွင် ၀ါးကျောင်းကလေးဖြင့် ဆက်လက်သီတင်းသုံးနေ


ရွှေည၀ါဆရာတော်ကြီးအား ကြည့်မြင်တိုင် မြို့နယ်၊ သာဓု ကျောင်းတိုက်မှ နိုင်ငံတော်သံဃာ့ မဟာနာယကရုံး၏ အရေးယူ ဆောင်ရွက်ချက်ကြောင့် သာဓု ကျောင်းတိုက်ကို စွန့်လွှတ်ထွက် ခွာမသွားခင် ၁၉.၂.၂၀၁၂ နေ့နံနက်ပိုင်းတွင် ကျောင်းသား ခေါင်းဆောင်များ၊တပည့်ဒါယကာ၊ ဒါယိကာမများ၊ရဟန်းသံဃာများ စုစုပေါင်း တစ်ထောင်ကျော်က နှုတ်ဆက် ကန်တော့ပြီး ပြောင်း ရွှေ့သီတင်းသုံးမည့် မှော်ဘီမြို့ နယ်တွင်းရှိ ကြက်ခြံဟောင်း  ကျောင်းမြေ နေရာကို လိုက်ပါ ပို့ဆောင်ပေးခဲ့ကြသည်။
ရန်ကုန်မြို့၊ ကြည့်မြင်တိုင် မြို့နယ်၊ သာဓုကျောင်းတိုက်တွင် သီတင်းသုံးနေ ထိုင်တော်မူသည့် ဗုဒ္ဓတက္ကသိုလ် စာသင်တိုက် ဦးစီး နာယကဖြစ်တော်မူသောရွှေည၀ါ ဆရာတော်ကြီးကို နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့က တားမြစ်ထားသော တရားဟော မှုအတွက် အရေးယူခဲ့ပြီး ကြည့် မြင်တိုင်၊ သာဓုကျောင်းတိုက်တွင် သီတင်းသုံးခွင့်မပြုတော့၍ ဆရာ တော်ကြီးက အသနားခံခဲ့သော် လည်း ငြင်းပယ်ခံခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် ဆရာတော်ကြီး အားတပည့်များက ကျောင်းနေ ရာသစ်မြေနေရာကို မှော်ဘီမြို့ နယ်၊ သဲအင်းဂူ ကျောင်းလမ်း ထိပ်တွင် ၀ယ်ယူခဲ့ပြီးနောက် ယခု ကဲ့သို့ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ကျောင်းသား ခေါင်းဆောင် ကိုမင်းဇေယျက ““ဆရာတော်ကြီး ဂုဏ်သိက္ခာကြီးမားပုံမှာ ယခုလာ ကန်တော့သော ပရိသတ်အင် အား ကိုကြည့်လျှင် သိနိုင်ပါ ကြောင်း၊ ထို့ကြောင့် ဤကဲ့သို့ ဂုဏ်သတင်း ထင်ရှားသလိုတ ကယ်လည်း အမှန်တရားအတွက် ရဲရင့်ကြီးမြတ်သော ရဟန်းတစ် ပါးကို အရေးယူခံရခြင်းမှာ ဒကာ၊ ဒကာမများ စိတ်မကောင်းကြပါ”” ဟုပြောကြားခဲ့သည်။
ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားရာတွင် ““ယခုလိုဆရာတော်ကြီး အရေးယူ ခံရခြင်းကို မိမိတို့များစွာ ၀မ်းနည်း ရပါကြောင်း၊ ဆရာတော်ကြီး၏ သမိုင်းကြောင်း အထုပ္ပတ်္တိကို မိမိတို့လေ့လာ သိရှိပြီးဖြစ်ပါ ကြောင်း၊ ဆရာတော်ကြီး သီလ ဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ စွန့်လွှတ် အနစ်နာခံမှုများအ တွက် မိမိတို့အစဉ်လေးစား ဂုဏ် ပြုလျက်ရှိပါကြောင်း စသည်များ ဖြင့် ဆရာတော်ကြီးအား ချီး မွမ်းဂုဏ်ပြု ကန်တော့ခဲ့ပါသည်။ အခမ်းအနားမှူးအဖြစ် ကျောင်း သားခေါင်းဆောင် ကိုဂျင်မီက ဆောင်ရွက်ခဲ့ပြီး ၈၈ကျောင်းသား များ  G.Wဂျင်နယ်ရေးရှင်းဝေ့  ကျောင်းသားလူငယ်များ၊ NLD မှလူကြီး၊ လူငယ်များစွာတက် ရောက်ခဲ့ကြပါသည်။
မှော်ဘီမြို့နယ်၊ သဲအင်းဂူ လမ်းထိပ်ရှိငှက်ပျောတောအတွင်း ကြက်ခြံများအကြားတွင် ဆရာ တော်ကြီး သီတင်းသုံးရန် ၀ါးလုံး ၄ တိုင်စင်ဖြင့် စံကျောင်းငယ်ကို ရန်ကုန်၊ မှော်ဘီမှ ဒကာ၊ ဒကာမ များက  တစ်ယောက် တစ်လက် ၀ိုင်းဝန်းဆောက်လုပ် ကုသိုလ်ပြုခဲ့ ကြပြီး ဆရာတော်ကြီးမှာ အဆို ပါဝါးကျောင်းတွင် သီတင်းသုံး လျက်ကျန်ရစ်ခဲ့ပြီး လိုက်ပါပို့ ဆောင် ကြသူများက ညနေ ၄း၃၀ ခန့်တွင် ရန်ကုန်သို့ ပြန် လည် ထွက်ခွာလာကြကြောင်း သိရသည်။

ဥယျာဉ်မှူး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: