မြန်မာပြည်သားဟေ့ မြန်မာပြည်သား


ကျနော် ဂျပန်နိုင်ငံကို ၀င်လာတုန်းက လူဝင်မှုကြီးကြပ်ရေးကောင်တာမှာ ဖြစ်တဲ့ပြဿနာကို သွားသတိရတယ်။ ကျနော်ဂျပန်နိုင်ငံကိုမလာခင် သေချာရအောင်လို့ ဗီစာသွားယူထားခဲ့တယ်။ ဗီစာယူတုန်းထဲက သေသေချာချာလဲ စာရွတ်စာတမ်းတွေ အပြည့်အစုံ ဂျပန်မှတင်ပြပြီး ကျနော့်ကျောင်းက ပါမောက္ခချုပ်ထောက်ခံစာနှင့်ပါ ယူထားတာမို့  ပုံမှန် ငါးရက်စောင့်တဲ့ ဗီစာကို နှစ်ရက်အတွင်း ကျနော်ရပါတယ်။

ဒီလိုနှင့်ပေါ့ ဂျပန်နိုင်ငံ အိုစာကာလေဆိပ်ကို ရောက်လာတော့ အေးအေးဆေးဆေးပဲ ကောင်တာမှာ တန်းစီပြီး ကျနော့် Travel Document ကိုထုက်ပေးလိုက်တယ်။  အင်္ဂလိပ်စကားကောင်းကောင်း
မပြောတက်တဲ့ မျက်နှာဖုံးစည်းထားတဲ့ လ၀ကအရာရှိက ကျနော့်စာအုပ်က ဗီစာတွေ့ပြီးတာနှင့် လက်ဗွေယူလိုက်ပြီး ဓါတ်ပုံရိုတ်ကာ စာအုပ်ပြန်ပေးပါတယ်။ စာအုပ်ပြန်ပေးရင်း သူက ” You visit who?” ဆိုပြီး ကို့ယို့ကားယား အင်္ဂလိပ်နှင့်မေးလို့ ကျနော်က ပြုံးပြပြီး ” My Burmese friends” လို့ပြောလိုက်တော့ အဲဒီမှာ ပုဂ္ဂိုလ်က မျက်လုံးပြူးပြီး White Card ကိုပြန်စစ်ပြီး ကျနော်ကို လက်ညှိုးနှင့် ထောက်ပြကာ မင်းသူငယ်ချင်းအမည် လိပ်စာတွေ ဖုန်းတွေရေးပေးပါ လို့ တော်တော်အသုံးမကျတဲ့ အင်္ဂလိပ်စကားနှင့် ပြောပါလေတော့သည်။ ကျနော်လဲ ဖြည့်ပေးပြီးတော့ လိပ်စာက အပြည့်စုံရေးဖို့  ငါမသိဘူး ငါတည်းဖို့ ဌားထားတဲ့အခန်း စာရွတ်စာတမ်းတွေကြည့် ငါဒီမှာနေမှာ ပြောတော့ အဲဒီပုဂ္ဂိုလ်က No No you friends you friends ချည်းအော်နေတော့တာပါပဲ။ အဲဒီမှာ ကျနော်စိတ်ချဉ်ပေါက်လာပြီး ပြန်အော်တော့တယ်။ ငါမှာ ဂျပန်သံရုံး ကထုက်ပေးထားတဲ့ ဗီစာပါတယ် အခန်းဌားထားပြီးကြောင်းပြေစာပါတယ် မင်းဘာသိချင်သေးတာလဲ ပြောတော့။ သူက ဂျပန်လိုတွေ လွှတ်ပါတယ် ကျနော်လဲ အသံမြှင့်ပြီး ငါဂျပန်လိုမတက်ဘူး မင်းအင်္ဂလိပ်လိုပြောပါ ပြောတော့ ဒီလူက ဖုန်းကောက်ကိုင်ပြီး “အာဂျီနိုမိုတို မီဆူဘီရှိ မြန်းမာ မြန်းမာ တိုရှီဘာ မြန်မာမြန်မာ” ဆိုပြီးပွါးပါတော့သည်။ ချက်ချင်း လက်ပတ်တွေနှင့် ခါးကုန်းပြီး တဟိုက်ဟိုက် လုပ်နေတဲ့ လူသုံးယောက်ရောက်လာ ကာ ကျနော်ကို နှံကောင်ကို ပုရွတ်ဆိတ်ဝိုင်း သလို ခြေကားယား လက်ကားယားဖြင့် တဟိုက် ဟိုက် လုပ်ကာ မှန်ခန်းလေးကို လက်ထိုးပြပြီး ခေါ်ပါတော့သည်။
နာရီ နှစ်ဆယ်ကျော် လေယာဉ်ထဲ ညောင်းလာတော့ အခံနှင့် ဒေါသက ထောင်းကထွက်သွားပါတယ်။ လက်ဆွဲကို ပစ်ချလိုက်ပြီး ကဲပြောဘယ်သွားရအုန်းမှာလဲ ဆိုပြီး သူတို့ပြောတဲ့ အခန်းကို လိုက်ခဲ့တော့ ကျနော်ပစ်ချတဲ့ အိတ်ကို ဆွဲပြီး ဟိုက် ဟိုက်နှင့် ခေါ်လာတယ်။  ကျနော်ကို အခန်းထဲရောက်တော့ စာအုပ်ကို ယူသွားပြီး ကွန်ပြူတာမှာ ရှာနေတော့သည်။  ကျနော်လဲ ကွန်ပြူတာကို မြင်နေရတယ်။ ဗူးသီငပေါင်းကြော်တွေ တက်လာပြီး သူတို့တွေ ယောက်ယက်ခက်နေရင်း တခုခု ရှာမတွေ့တဲ့ ပုံဖြစ်နေရာက ဖုန်းကောက်ဆက်လိုက်တယ်။
ခဏနေတော့ လူငယ်လေးတဦးရောက်လာတယ် အရာရှိဖြစ်မယ် ပထမခေါ်လာတဲ့ အဖိုးကြီးတွေက တဟိုက် ဟိုက် သူ့ကို လုပ်နေပြီး အာဂျီနိုမိုတို ယောတောရှိ အမေရိကန်ဂျင်း မြန်းမာ မြန်းမာ တွေပြောတော့ ထိုလူငယ်က ကောင်းမွန်တဲ့ အင်္ဂလိပ်စကားနှင့် ငါတောင်းပန်ပါတယ် မင်းကိုဒီခေါ်လာတဲ့အတွက် စိတ်မဆိုးပါနှင့် သူတို့က လုပ်ငန်းမကျွမ်းကျင်သေးလို့ပါ မင်းရဲ့ U.S Permanent Resident Card ကျေးဇူးပြုပြီး ခဏပြပေးပါ အခုချက်ချင်းပြီးပါပြီ လို့ပြောတော့။ ကျနော်လဲ မင်းရစေရမယ် ပြောပြီး ချက်ချင်းထုက်ပေးလိုက်တယ်။ လူငယ်ထိုလူကြီးတွေကိုသွားပြီး ၀ူးရှိဝါးရှိလို့ နှစ်လုံးသုံးလုံးလောက်ပြောလိုက်တာနှင့် ကွန်ပြူတာမှာ ကျနော်ဂျပန်သံရုံးမှာ ရိုတ်ထားတဲ့ ပုံကြီးဘွားဆို ပေါ်တက်လာ အဲဒီအဘိုးကြီး သုံးယောက် ၀ုန်းကနဲထကာ ကွန်ပြူတာကို ဟိုက် ဆိုပြီး ခါးကုန်းလိုက်ကြတယ်။  ပြီးတော့ ကျတော့ဖက်ကို လှည့်ပြီး တခန်းလုံးက လူတွေ ဟိုက် ဆိုပြီး ခါးကုန်းပြန်ရော ကျနော်လဲ မြတ်စွာဘုရား ဘာလုပ်ပြန်ပြီလဲပေါ့ လူငယ်ကောင်လေး ကျနော်အနားပြန်လာပြီး “ဂျပန်နိုင်ငံက ကြိုဆိုပါတယ် မစ္စတာထွန်း ကျနော်နှင့်တကွ အားလုံးသော ၀န်ထမ်းများကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်လို့ ”  ခွင့်လွှတ်ပါရန်ပြောပြီး ခါးကုန်းကာ တဟိုက် ဟိုက် နှင့် အားနာစရာကောင်းလောက်အောင် ရိုရိုသေသေ ပြောပါတော့သည်။  ကျနော်လဲ အခန်းထဲက ပြန်ထွက်လာတော့ အပြင်မှာ United Airline က ဂျပန်မလေးနှစ်ယောက်က တခါ ဟိုက် ဆိုပြီး ခါးကုန်းအလေးပြုပြန်ရော သူတို့လက်ထဲမှာလဲ ကျနော် လက်ဆွဲနှင့် Baggage ကိုအသင့်ဆွဲလို့ ကျနော်ကို ဘေးကသက်သက် အပေါက်ကို ခုနက အဖိုးကြီးတွေ တဟိုက် ဟိုက်နှင့် တံခါးဖွင့်ပြီး ထွက်စေတော့ တန်းစီနေတဲ့ လူတန်းကြီးထဲက လေယာဉ်တစီးထဲလာတဲ့ ခပ်ကဲကဲ အမေရိကန်ကောင်တွေက လေချွန်ပြီး လက်ခုပ်တီးပါတယ် ကျနော်လဲ လက်ပြန်ပြတော့ ကျနော်နားက ဂျပန်အဖိုးကြီးတွေ မျက်နှာတွေ နီရဲလို့ အဲဒီလူတွေဖက် လှည့်ကာ ခါးကုန်းပြီး ဟိုက် လုပ်လိုက် ကျနော့ဖက်လှည့်ကာ ဟိုက် ဆိုပြီး ခါးကုန်းလိုက် လုပ်ပြန်လေရော။ ကျနော်လဲ ကျနော်အိတ်တွေ ယူမလို့ပြင်တော့ ကောင်မလေးတွေက သူတို့လိုက်ပို့ပေးမှာဖြစ်ကြောင်းနှင့် အိုစာကာလေဆိပ်ကိုယ်စား တောင်းပန်ပါတယ် ဆိုပြီး ဟိုတ် လုပ်ပြန်ရော ( ဂျပန်မှာ လူမဖြစ်တာ အတော်ကံကောင်းတယ် ဂျပန်ဖြစ်ရင် ခါးကိုက်ရောဂါ ခဏလေးရမယ်)။ ကျနော်လဲ ကာစ္စတန်ကောင်တာ ဘက်ကို ကောင်မလေးနှစ်ယောက် ဘယ်ညာ အထုပ်ဆွဲခြံရံကာ ထွက်လာတော့တယ်။

တဟိုက် ဟိုက်တို့ တောင်းပန်ခြင်း
အနောက်ကနေ ဆူမို တိုရှိဘာ ဆိုပြီး ဆူညံဆူညံနှင့် အသံနှင့် ကောင်မလေးတွေ ကျေးဇူးပြုပြီး ခဏလေး ရပ်ပါ ပြောလာလို့ လှည့်ကြည့်လိုက်တာ လူနှစ်ယောက် ပြေးလိုက်လာပြန်တယ်။ အားပါး ဘယ်သူလဲလို့ ကျနော်ကို ရစ်လိုက်တဲ့ ကောင်တာက ပုဂ္ဂိုလ် နှင့် အရာရှိလူငယ်လေး ဖြစ်နေတယ်။ အနားရောက်လာတော့ နှစ်ယောက်လုံး ခါးကုန်းပြီး တဟိုက် ဟိုက် လုပ်ပြန်ရောပြီးတော့မှ လူငယ်လေးက ဒီအရာရှိ၏အမှားကို မေ့ပေးပါ  ဒီအရာရှိနှင့်တကွ သူက တောင်းပန်ပါတယ် ပြောပြန်ရော ကျနော်ဖြင့် စိတ်လေရော ရပါပြီ ရပါပြီ ငါမေ့ပါတယ် အကုန်မေ့ပြီလို့ ပြောတော့မှ ဆက်သွားရတယ်။ ဒါတောင် ကျနော်လှည့်ထွက်လာတော့ အနောက်မှာ ဟိုက် လုပ်ပြီး ကျန်ခဲ့ပါတယ်။ နောက်တဂိတ်က ကာစ္စတန်အရာရှိကလည်း တဟိုက် ဟိုက်နှင့် ကြိုဆိုကာ ရုပ်ပုံကားချပ်နှင့် သေနတ်တွေ လက်ပစ်ဗုံးတွေ ဘိန်းတွေ ဆေးခြောက်တွေ ပါတဲ့ ပုံထောင်ပြပါ အိတ်ထဲမှာ ရှိလားမေးသည်။ တပုံပြီး တပုံပြကာမေးသည် မရှိပါပြောတိုင်း တခါဖြေတိုင်း သူ့ခါး တခါကွေးပြီး ဟိုက်လုပ်တယ်။ ချက်ချင်းပြီးသွားတော့ ကျနော်လေယာဉ်က ည ၉ နာရီ ၃၀ မှ အိုစာကာလေဆိပ်ကနေ တိုကျိုကို စီးရမှာမို့ နားနေတဲ့ နေရာမှာ ကောင်မလေးနှစ်ယောက်နေရာချ ပေးလို့ ထိုင်စောင့်နေပါတယ်။ ကောင်မလေးတွေက အင်တာနက် password ပါပေးလို့ လက်ဆွဲတော် Laptop ထုက်ပြီး ကြင်သူကို ဆက်သွယ်ဖို့ပြန်နေစဉ်မှာ ဟိုက် ဆိုပြီး ကောင်မလေးနှစ်ယောက်နှင့် ဟိုအရာရှိကောင်လေး ပြန်ရောက်လာတယ် ထိုင်တာတောင် ၁၅ မိနစ်မပြည့်သေးဘူး စိတ်လေပါရော ဘာလာရှုပ်ပြန်ပြီလဲ ဆိုတဲ့အတွေးနှင့် စူးစမ်းလိုက်တော့။ ကျနော့ကို အခုမှ ၅ နာရီကျော်ကျော်သာ ရှိနေသေးလို့ အကြာကြီးထိုင်စောင့်နေရမှာ စိတ်မကောင်းဖြစ်ပါတယ် အခု ၆ နာရီထွက်မယ့် ပြည်တွင်းလေကြောင်းက လေယာဉ်တစီးနှင့် တိုကျို ကိုပို့ပေးချင်ပါတယ် ခွင့်ပြုပါလို့ ပြောလာပြန်ရော…  ဟိုက်တို့ကို တော်တော်သနားသွားတယ် သူတို့ ချော့တာကလဲ ပြီးပဲမပြီးနိုင်ဘူး ကျနော်ဖြင့် အားရပါးရ ရယ်ချလိုက်မိပါတယ် ပြီးတော့ ကဲကောင်းပြီး လုပ်ပါ လုပ်ပါလို့ ခွင့်ပြုလိုက်တာနှင့် ကျနော် အမေရိကန်ဂျင်းမြန်းမာ အား


ဂျပန် ANA လိုင်းက လေယာဉ်အမှတ် ANA3828 နှင့် တင်ပို့လို့ လက်မှတ်လဲပေးတယ်။ ဒီတော့ တိုကျိုက ကြင်နာသူမရွှေချော ကို ကတိုက်ကရိုတ်ဖုန်းဆက်တော့ မရွှေချောက ” ဟင်..ည ၉ နာရီ ၃၀ မှ အိုစာကာက ထွက်မှာလေ အခုအစောကြီးပဲ ဘယ်လို ဖြစ်ရတာတုန်း ” အစချီကာ စစ်ဆေးမေးမြန်းပါတော့သည် (ဂျပန်မှာကြာသွားလို့ သူလဲ ဟိုက်ဟိုက်တို့ ဓါတ်ကူးပြီး အစစ်ဆေးထူတယ်)။

မြန်မာပြည်သားဟေ့ မြန်မာပြည်သား
ဒီတော့အနှစ်ချုပ်ရရင် ဂျပန်တွေ အင်မတန်မှဦးစားပေးတဲ့ အမေရိကန်ဂျင်း (အမေရိကန်လူလို့ ဂျပန်တွေပြောတဲ့ စကားထင်ပါသည်) စာရွတ်စာတမ်းနှင့်တောင်မှ မြန်းမာ ဆိုတာလေးပါယုံနှင့် ရှက်စရာကောင်းလောက်အောင် စစ်ဆေးတဲ့ အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ ပြောပြချက်အရ မြန်မာစာအုပ် အနီလေးကိုင်ထားတာနှင့် လေဆိပ်မှာ ဗီစာထုဖို့ တန်းစီနေတဲ့ အတန်းထဲက ဆွဲထုက်ပြီး စစ်ဆေးခံရတယ်လို့ ပြောပါတယ်။

ဒီတော့ဗျာ မြန်မာပြည်ကြီးကို အုပ်ချုပ်နေတဲ့ ဦးသိန်းစိန် အရပ်အစိုးရကြီးတို့ရေ ဘယ်ရောက်ရောက် မြန်မာဟေ့လို့ ပြောလိုက်ရင် ရင်ကော့နိုင်အောင် တန်ဖိုးမြှင့်ပေးပါ။ မြန်မာပြည်သူတွေကို ကမ္ဘာ့အလယ်မှာ အောက်တန်းကျအောင် တန်ဖိုးတွေချမနေတော့ပါနှင့်လို့ စိတ်မကောင်းကြီးစွာဖြင့် ပြောလိုက်ပါရစေ…

မြန်မာဆိုပြီး ရင်ကော့နိုင်မည့် အနာဂတ်ပေါ်ပေါက်အောင် အရပ်အစိုးရကြီးတို့ ကြိုးစားသွားရန်  အဓိဌာန်ပြုကြပါလို့ တောင်းဆိုရင်း

ရဲမင်းထွန်း (ခေတ္တ တိုကျို- ဂျပန်)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: