“အနာဂတ် ဒီမိုကရေစီနိုင်ငံတော်အတွက် အစွန်းမရောက်ပဲ ကာကွယ်ကြပါစို့”


ပထမဦးဆုံး ရခိုင်တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး နည်းနည်း ပြောကြည့်ချင်တယ်ဗျာ။ ကျနော်မှာ ရခိုင်သူငယ်ချင်းတွေများပါတယ်။ အဲဒီတော့ ရခိုင်တိုင်းရင်းသားတွေ အကြောင်းသိခွင့်ရထားပါတယ်။ သူတို့တွေဟာ အလုပ်ကြိုးစားတာရော မိဘတို့ အိမ်ထောင်ဘက် အပေါ်ကောင်းတာတွေ အပေါင်းအသင်းပေါ်ကောင်းတာတွေ၊ အမျိုးကိုစောင့်ရှောက်တာတွေဟာ ဗမာလူမျိုးတွေထက်သာပါတယ်။ ဒီနေရာမှာ ပြောချင်တာက

ကျနော်တို့ ဗမာ့တွေက ရခိုင်လူမျိုးတွေဘက်က အမြဲရပ်တည်ခဲ့တယ်။ ဘင်္ဂလီအရေးကအစ၊ ကိုယ်တိုင်းရင်းသား ရခိုင်တွေဘက်ကအားပေးကြတယ်။ အမေစုကိုယ်တိုင်က “ရိုဟင်ဂျာဆိုတာကို ကျွန်မ မသိပါဘူး” ဟုပြောကြားခဲ့ပါသည်။

ဗမာအားလုံးက ရခိုင်လူမျိုးတွေ ပြည်မမှာ လာနေလို့ ခွဲခြားပြီးဆက်ဆံတာမရှိခဲ့ဘူး။ ကုလားကိုတာမုန်းမယ်၊ ရခိုင်လူမျိုးဆိုတာ ဗိုလ်ချုပ်အောင်ဆန်း ထိန်းသိမ်းခဲ့ တဲ့ ကျနော်တို့ ပြည်ထောင်စု တိုင်းရင်းသားတွေမလို အတူတူပဲ မခွဲခြားပဲ အလေးထားနေခဲ့ကြတယ်။

ရခိုင်လူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုကို အမြဲတန်းဖိုးထားလေးစားကြပါတယ်။ ရခိုင်လူမျိုးသူရဲကောင်းတွေကို မြန်မာ့ရာဇာဝင်မှာ တန်ဖိုးထားတာ အခုအချိန်ထိပါ။

ဒါပေမယ် ကျနော်တို့ တမျိုးသားလုံးရဲ့ ဒီမိုကရေစီ မိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်ကိုကျတော့ မွတ်စလင်အရေးမှာ ကုလားဘက်ပါတယ်ဆိုပြီး၊ ဆဲဆိုနေတာ ရင်ထဲမှာ မခံစားနိုင်ပါဘူး။

မွတ်စလင်ဆန့်ကျင်ရင် ဘာအဆင့်မှ မရှိတဲ့ လူဖြစ်ဖြစ်ဝိုင်းပြီး အားပေးကြတယ်။ ၉၆၉ ဆိုပြီး ဗုဒ္ဓဘာသာကို သမုတ်တာကိုလည်း မွတ်စလင် ဆန့်ကျင်ရေးမလို့ ၀ိုင်းပြီးအားပေးကြတယ်။

မွတ်စလင်ကို မဆန့်ကျင်ရင် တစ်ဖက်ပိတ် အမြင်နဲ့ ၀ိုင်းပြီး ကုလားမျိုးဆိုပြီး သမုတ်ကြတယ်။

အဓိကကတော့ ဒီပုံစံအတိုင်း ဆက်သွားနေမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ကို အရမ်းချစ်တဲ့ သူတွေနဲ့ ရခိုင်တိုင်းရင်းသားတွေ အမုန်းတရားဖြစ်လာနိုင်ပါတယ်။ အခုဖွဘုတ် မှာ ရခိုင်လူမျိုးအများစုဟာ အမေစု နှင့် ကိုမင်းကိုနိုင်တို့လို တကယ် ၈၈ကျောင်းသားများကို လိုအပ်သည်ထက် ပိုမို ဝေဖန်နေပြီး။ ငြိမ်းချမ်းရေး ပြောတာကို ကုလားတွေပါဆိုပြီး ဆဲဆိုနေကြတယ်။

အစ္စလာမ်ဘာသာဝင်တွေနဲ့တင်မက အခြားတိုင်းရင်းသားတွေနဲ့ပါ အချင်းချင်း သဘောထား ကွဲလွဲခြင်း၊ ဆက်လက်၍ ဆူပူမှုတွေဖြစ်လာရင်၊ ပြည်ထောင်စုမပြိုကွဲရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားရေးအတွက် စစ်တပ်ကပြန်လာရမလို ဖြစ်နေပြီး၊ ဒီမိုကရေစီနဲ့ ထပ်ဝေးရတော့မှာပါ။

အဓိကအချက်ကတော့ ငြိမ်းချမ်းစွာ အဖြေရှာပြီး၊ မိမိဘာသာကို ကာကွယ်စောင့်ရှောက်မယ်ဆိုရင်၊ သူများဘာသာကိုနှိပ်ကွက်တာထက် ကိုယ်ဘာသာကို ပြောင်းလဲယုံကြည်သူတွေဖြစ်လာအောင် တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး လုပ်ဆောင်ခဲ့သလို သာသနာပြန့်ပွားလာအောင် လုပ်ဆောင်ရမှာပါ။
ရန်ကိုရန်ဖြင့် တုန်ပြန်မှုဟာ ကောင်းမွန်တဲ့ ရလာဒ်မရှိဘူးဆိုတာ အားလုံးသိထားပြီးတာပါ။

Posted by Edward Win

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: