တိုင်းပြည်ကြီး ဘက်ပေါင်းစုံ ဖွံ့ဖြိုး တိုးတက်အောင် အစွမ်းကုန် ကြိုးပမ်း လုပ်ဆောင်နေကြရမဲ့ အချိန်ဖြစ်ကြောင်း သတိပေး လိုက်ရပါတယ်


ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ကံကြမ္မာလို့ပဲ ပြောရမလား။


မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုနဲ့ အတူ ပေါက်ဖွားလာသည့် မြန်မာ့ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးတွင် တာဝန်ကျေခဲ့သည်ကို အကြောင်းပြုကာ ကိုယ်နဲ့မဆိုင်သည့် ကိုယ်နားမလည်သည့် နေရာများတွင် လက်နက်အားကိုး ဝင်ရောက် နေရာယူပြီး တိုင်းပြည်ကို စိတ်တိုင်းကျ ဖျက်ဆီးခဲ့ကြ ပါသည်။ခေတ်အဆက်ဆက် ပြည်သူ့ရှေ့က မားမားမတ်မတ် ရပ်တည်ခဲ့သည့် သံဃာတော် အရှင်သူမြတ် များသည်လည်း ယခုအချိန်တွင် လူမျိုးရေး ဘာသာရေး မုန်းတီးမှု အခြေခံ အကြမ်းဖက်ဖို့ လှုံ့ဆော်မှု ပြုလုပ်နေသည့် ဆရာတော်တစ်ပါးကို အကြောင်းပြုပြီး ဥပဒေပြုရေး အုပ်ချုပ်ရေးတို့တွင် ဝင်ရောက်စွက်ဖက်ကာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ တို့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြီး ပြိုကွဲအောင်l တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးအောင် အားထုတ် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြပါသည်။

ယခုအချိန်အထိ တိုင်းပြည်အတွက် တာဝန်ကျေပွန် နေကြသည်ကတော့ ကျောင်းသားများပင် ဖြစ်ပါသည်။ ခေတ်အဆက်ဆက် ဖြစ်စဉ်အမျိုးမျိုးတွင် အသက်ပေါင်း များစွာl ဘဝပေါင်းများစွာ ပေးဆပ်ပြီး မတရားမှုများကို တွန်းလှန်ခဲ့ကြ သလို လက်ရှိအချိန်တွင်လည်း သမိုင်းအစဉ်အလာ မပျက် တာဝန်ကျေပွန်လျက် ရှိနေကြပါသည်။

ယခုအချိန်လို အာဏာရှင် စနစ်မှ ဒီမိုကရေစီ ကူးပြောင်းရေး အတွက် အခွင့်ကောင်း အခါကောင်းများ ရရှိနေသည့် အချိန်တွင် ရဟန်းရှင်လူ ပြည်သူများ အနေဖြင့် တစ်သွေးတည်း တစ်သားတည်း စည်းလုံး ညီညွတ်စွာဖြင့် တိုင်းပြည် အကျိုးကို ရှေ့ရှုလုပ်ဆောင် ကြရမည့် အချိန်ဖြစ်ပါသည်။ မိမိတို့ရဲ့ အတ္တများကို ဘေးဖယ်ထားပြီး တိုင်းပြည်ကြီး ဘက်ပေါင်းစုံ ဖွံ့ဖြိုး တိုးတက်အောင် အစွမ်းကုန် ကြိုးပမ်း လုပ်ဆောင်နေကြရမဲ့ အချိန်ဖြစ်ကြောင်း သတိပေး လိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: