အာဏာရှင်စနစ်ကို အသက်ပြန်သွင်းဖို့ စနစ်တကျဖွဲ့စည်းထားတဲ့ ပဋိပက္ခဂိုဏ်း ရဲ့ ဟာကွက်များ


ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့ မြန်မာပြည်မှာ ၉၆၉ ဆိုပြီး အမည်တပ်ခဲ့တာကတော့ သူတို့အတွက် လူထုကိုလှည့်စားဖို့ သိပ်ကောင်းတဲ့အမည်တစ်ခု ဖြစ်သွားခဲ့တယ်။ အဲလို အမည်တပ်ကောင်းလို့လည်းပဲ့………

ပြည်သူတစ်ချို့တွေဝေပြီး သူတို့ရဲ့လှည့်ကွက်ထဲ ဝင်ကမိကုန်ကြတယ်။

၉၆၉ဆိုတာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအတွက် အမြတ်တနိုးတန်ဖိုးထားရာ ရတနာသုံးပါးကို အာရုံလှည့်စားပြီး အမည်တပ်ခဲ့တာပါ။

ဒါကြောင့် သူတို့ရဲ့ ရည်ရွယ်ချက်တွေကို သိနေတဲ့ ကျွန်တော်အတွက် ၉၆၉ အစား ပဋိပက္ခဂိုဏ်းလို့ပဲ အမည်တပ်ပြီး ခေါ်ချင်ပါတယ်။

သူတို့ဘယ်လိုပဲ အမည်တပ်ကောင်းကောင်း ပြည်သူအများစုက မိမိအသိဥာဏ်နဲ့ မိမိစဉ်းစားဆင်ခြင်ပြီး အခြေနေစောင့်ကြည့်နေကြဆဲဆိုတာ သူတို့ သတိထားမိဟန်မတူဘူး။
ဒါကြောင့်လည်း အချိန်ကြာလာတာနဲ့အမျှ ရုပ်လုံးတွေပေါ်လာပြီး ဟာကွက်တွေ တစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်ပေါ်လာတာပါ။

ပထမဆုံး ဟာကွက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးမျိုး လုပ်ကြံရေးသားပြောဆိုပြီး လူထုက ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်မှုကျဆင်းလာအောင် တိုက်ခိုက်တာပဲ။

တွေးကြည့်ပါ။ သူတို့အမည်ခံထားတာက ၉၆၉ အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်မှုအသင်းတဲ့။

ဒါဆို ဘာအတွက် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်စရာလိုလဲ။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်မှာ အာဏာရှင်စနစ် ပပျောက်ဖို့နဲ့ ဒီမိုကရေစီစနစ်ထွန်းကားပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာအောင် သူမဘဝတစ်ခုလုံးနဲ့ရင်းပြီး ဦးဆောင်ကြိုးပန်းနေသူတစ်ယောက်။

သူတို့အမည်ခံထားတာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တာ တလွဲစီ ဖြစ်နေတယ်။
အဲဒါတစ်ချက်တည်းနဲ့တောင် အဲဒီအဖွဲ့ရဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲဆိုတာ တွေးကြည့်ဖို့ ပြည်သူအများစုကို အသိပေးလိုက်သလို ဖြစ်လာတယ်။

ပြည်သူတော်တော်များများကတော့ တွေးမိလာတယ်. NLD ပါတီမှာ ကုလားတွေ အများကြီး ရှိနေလို့တဲ့ ခွပ်ဒေါင်းကနေ မွတ်ဒေါင်းဖြစ်သွားပြီလို့ ပြောဆိုပြီး ဒေါ်စုနဲ့ NLD ကို ပြည်သူတွေနဲ့ရန်တိုက်ပေးတယ်။

သို့သော်လည်း ကြံ့ဖွတ်ပါတီက ဘင်္ဂလီငါးသိန်းကို white card ထုတ်ပေးပြီး မဲလိမ်ယူတဲ့ ကိစ္စနဲ့ လွတ်တော်ထဲ ဘင်္ဂလီအမတ် သုံးယောက် ရှိနေတဲ့ကိစ္စ အခုထိ တစ်ခွန်းမဟဘူး။

နိုင်ငံသားကုလားအဖွဲ့ဝင်အဖြစ်ရှိနေတဲ့ ပါတီကိုတောင် ဝေဖန်ပုတ်ခတ်သေးတာပဲ နိုင်ငံခြားသားကုလားကို အကျင့်ပျက်ခြစားပြီး မဲလိမ်ယူတဲ့ ကိစ္စနဲ့ လွတ်တော်ထဲအထိ ကုလားကို ပို့ထားတဲ့ ပါတီကို သူပိုပြီး ဝေဖန်ပုတ်ခတ်ရမှာပေါ့။

အာဏာရှင်ပါတီကိစ္စကို ပါးစပ်ပိတ်ထားပြီး ဒီမိုကရေစီခေါင်းဆောင်ကို တိုက်ခိုက်တယ်ဆိုတာ ရှင်းပါတယ်။

(ဧည့်သည်၏ရေးသားချက်မှ ပြန်လည်တည်းဖြတ်ကောက်နှုတ်တင်ပြခြင်းဖြစ်ပါသည်)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: