Burma Soldier


BURMA SOLDIER မြန်မာစစ်သား မှတ်တမ်းရုပ်ရှင်ကား

About This Documentary: Burma Soldier” is the powerful story of a former junta member and Burmese soldier who risks everything to become a pro-democracy activist. The film provides a rare glimpse of a brutal dictatorship seen through the eyes of a courageous former soldier who, quite literally, swapped sides. The documentary offers an exclusive and rare perspective, from inside the heart and mind of a man who lays bare an understanding of a brutal regime and the political and psychological power of the junta over his country.

http://myo-myo-myintcho.blogspot.com/ ( ကိုမျိုးမြင့်ချို ရဲ့ ကိုယ်ပိုင်ဘလောက်ပါ )

http://www.facebook.com/profile.php?id=548041266 ( ဖေ့ဘုပ်ခ် စာမျက်နှာ Link ပါ )

စစ်သားဟောင်းတယောက်အနေနဲ့ လက်ရှိတပ်မတော်သားတွေကိုတော့ စစ်သားဆိုတာ အထက်ကပေးတဲ့အမိန့်ကို နာခံပြီးလိုက်နာရမှာပါပဲ။ ဒါပေမယ့် စစ်သားဆိုတာဟာလည်း လူသားပါပဲ။ လူသားတိုင်းမှာ ရွေးချယ်ခွင့်ဆိုတာရှိပါတယ်။ ပေးလာတဲ့ အမိန့်ကိုနာခံပါ့မယ်လို့ ရွေးချယ်ခွင့်ရှိသလို မနာခံနိုင်ဘူးလို့ ငြင်းပယ်ခွင့်လည်းရှိပါတယ်။ ငြင်းပယ်တာရောလက်ခံတာပါ “လူသားရဲ့ ရွေးချယ်ပိုင်ခွင့်”ပါ။ မိမိရဲ့ ရွေးချယ်မှုအတွက် မိမိဘာသာတာဝန်ယူရဲဖို့သတ္တိတော့ မွေးယူရပါမယ်။ အခုချိန်မှာ တပ်မတော်ကိုလက်ကိုင်တုတ်လုပ်ပြီး ကိုယ်ကျိုးရှာပြည်သူကိုဖိစီးနှိပ်စက်နေတဲ့ စစ်အာဏာရှင်တစုရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနေရတဲ့ တပ်မတော်သားတယောက်အဖြစ်နဲ့ ဆက်ရပ်မလား၊ ဒါမှမဟုတ် တိုင်းပြည်လူထုအကျိုးစီးပွားကို အမှန်တကယ်အကာအကွယ်ပေးမယ့် စစ်သား ကောင်းတယောက်အဖြစ် ပြောင်းလဲရပ်ခံပေးမလားဆိုတာကိုတော့ လက်ရှိစစ်မှုထမ်းတိုင်းပြန်တွေးစေချင်ပါတယ်။

နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးနဲ့ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲအဆက်ဆက်မှာ သမိုင်းဂုဏ်ရောင်ပြောင်ခဲ့တဲ့ ဗမာ့မျိုးချစ်တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်မယူကြဖို့ရာ တပ်မတော်သားတိုင်းရဲ့ လက်ငင်းဆုံးဖြတ်လုပ်ကိုင်ရမယ့်ကိစ္စဖြစ်ကြောင်း သတိပြုကြစေလိုပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်း တယောက်အနေနဲ့ကတော့ လက်ရှိဗမာပြည်က အကျဉ်းထောင်အသီးသီးမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၂၀၀၀ ကျော်ကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရေးနဲ့ လွတ်လာပြီးနောက် ဗမာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်တိုင်းမှာ အကန့်အသတ်မထားပဲပါဝင်ခွင့်ရရေးကို တောင်းဆိုသလို၊ နိုင်ငံရေးအကျဉ်းသားများမြန်ဆုံးနဲ့ခြွင်းချက်မရှိ လွတ်ရေးအတွက် ပြည်တွင်းပြည်ပက ဝိုင်းဝန်ကူညီလုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ထဲကမလွှတ်ပဲ အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းစဆိုတာ ရှာလို့ရနိုင်တဲ့အရာ မဟုတ်ကြောင်းပြောချင်ပါတယ်။

မျိုးမြင့်

YouTubeတွင် ရုပ်ရှင်ကြည့်၍ မရပါက အောက်ရှိ လင့်ခ်တွင် ကြည့်နိုင်ပါသည်။ REF: http://vimeo.com/21435257

9 Responses to “Burma Soldier”

  1. newburma Says:

    မြန်မာ့တပ်မတော် စစ်မြေပြင် အင်ဂျင်နီယာ တပ်သားဟောင်း တဦးဖြစ်သူ ဦးမျိုးမြင့်ရဲ့ ကိုယ်တွေ့ဘဝကို Burma Soldier (မြန်မာစစ်သား) လို့ အမည်ပေး ရိုက်ကူး ထားတဲ့ မှတ်တမ်းရုပ်ရှင်ကားဖြစ်ပါသည်။ Burma Soldier ရုပ်ရှင်ကားကို အင်္ဂလိပ်ဘာသာနဲ့ရော မြန်မာဘာသာနဲ့ပါ နှစ်မျိုး ရိုက်ကူးထားပြီး HBO ရုပ်သံလိုင်း အမှတ် (၂) ကနေ ၂၀၁၁၊ မေလ ၁၈ ရက်နေ့မှာ အမေရိကန် ပြည်ထောင်စုတဝန်း တပြိုင်နက်တည်း ပြသမယ်လို့ သိခဲ့ရပါတယ်။ Source: RFA Burmese

  2. နေသူရိန် Says:

    အစ်ကိုရေအစမ်းကားဘယ်လိုကြည့် ရမလဲ လင့် လေးနဲ့ပို့ ပေးပါကြည့် လို့ မရဖြစ်နေတယ်အစ်ကို၇ဲ့

  3. khinsoesoehan Says:

    Forward လုပ်ပေးလိုက်တယ်

  4. myint myint kyi Says:

    ဒီလို အဖြစ်မှန် တွေကို ကမ္ဘာကသိအောင်ဖေါ်ထုတ်နိုင်တာ..အရမ်းကျေနပ်တယ်..း
    ဦးမျိုးမြင့် ကိုလဲလေးစားပါတယ်…စစ်အာဏာရှင်တွေရဲ့ လက်ကိုင်တုတ်ဖြစ်နေရတဲ့ အစစ်အမှန် တပ်မတော်သားတွေကိုလဲ
    အရမ်းဂုဏ်ယူ..လေးစားရပါတယ်..တပ်မတော်သားတွေနဲ့ မြန်မာပြည်သူ ပြည်သားအားလုံး…
    ရက်စက်တဲ့ စစ်အာဏာရှင်လက်အောက်က..အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေ။

  5. myint myint kyi Says:

    မျက်ရည်များနဲ့ အတူ….ရင်ထဲမှာနာကျင်တဲ့ ဝေဒနာတခုကျန်ခဲ့ တယ်….


Leave a comment